
နေပြည်တော် ဖေဖော်ဝါရီ ၂၇
မန္တလေးတိုင်းဒေသကြီး ချမ်းမြ သာစည်မြို့နယ် အောင်ပင်လယ် ရပ်ကွက်တွင် ဖေဖော်ဝါရီ ၂၅ ရက် က လူငယ် ၁၅ ဦးထက်မနည်းကို လုံခြုံရေး ပူးပေါင်းအဖွဲ့များက ဧည့်စာရင်းအကြောင်းပြ ဖမ်းဆီး သွားသည်ဟု အကြမ်းဖက်အားပေး ပြည်ဖျက်မီဒီယာ တစ်ခုဖြစ်သည့် RFA မှ မဟုတ်မမှန် ကောလာ ဟလသတင်းများကို လှုံ့ဆော်ဝါဒ ဖြန့်ချိလျက်ရှိသည်ကို တွေ့ရှိ ရသည်။
အဆိုပါသတင်းနှင့်ပတ်သက် ၍ သက်ဆိုင်ရာတာဝန်ရှိသူ တစ်ဦးထံ ဆက်သွယ်မေးမြန်းရာ ဖေဖော်ဝါရီ ၂၅ ရက်တွင် လုံခြုံရေး အဖွဲ့များသည် အဆိုပါရပ်ကွက် အတွင်း၌ ဧည့်စာရင်းစစ်ဆေးခြင်း၊ လူငယ်များကို ဝင်ရောက်ဖမ်းဆီး ခြင်းများမရှိကြောင်းနှင့် ဖမ်းမိသူ များကို ငွေနှင့် ပြန်ရွေးခိုင်းသည် ဆိုသည်မှာလည်း သတင်းအမှား သာဖြစ်ကြောင်း သိရှိရသည်။
အလားတူ တက္ကသိုလ် ကျောင်းသားများ စစ်မှုထမ်း ဆောင်ကြရန် တပ်မတော်က လိုက်လံစည်းရုံး သိမ်းသွင်းကာ အစိုးရထောက်ပံ့ကြေး ယူထား သည့် ကျောင်းသားများအား ဖိအားပေးနေသည်ဟု ကောလာ ဟလသတင်းများကို ခေတ်သစ် မီဒီယာက လူမှုကွန်ရက်ပေါ်တွင် ရေးသားလှုံ့ဆော်လျက်ရှိသည်ကို တွေ့ရှိရပြီး အဆိုပါသတင်းများ နှင့်ပတ်သက်၍ နိုင်ငံပိုင်မီဒီယာ များမှလည်း သတင်းမှန်များ၊ ထုတ်ပြန်ချက်များကို အခါ အားလျော်စွာ ထုတ်ပြန်ပြော ကြားပေးလျက်ရှိသည်။
ပြည်သူ့စစ်မှုထမ်း ဥပဒေနှင့် ပတ်သက်၍ အများပြည်သူသိရှိ နားလည်စေရေး ဥပဒေနှင့် အညီ ဆောင်ရွက်လျက်ရှိသည်ကို ပြည်ဖျက်မီဒီယာများက လူငယ် လူရွယ်များနှင့် မိဘပြည်သူများ စိုးရိမ်ထိတ်လန့်လာစေရန် ရည်ရွယ် ချက်ဖြင့် အခြေအမြစ်မရှိသော ကောလာဟလ သတင်းများကို နည်းလမ်းမျိုးစုံသုံးကာ လှုံ့ဆော် ဝါဒ ဖြန့်ချိနေခြင်းသာဖြစ်ကြောင်း သတင်းရရှိသည်။ သတင်းစဉ်