မန္တလေးမြို့မှစ၍ ယဉ်ကျေးမှုကိုစံနမူနာပြအနေဖြင့် ထိန်းသိမ်းဆောင်ရွက်ကြစေလို

ဒီမြေမှာမွေး၊ ဒီမြေမှာကြီးပြင်းပြီး ဒီအရိပ်ကို ခိုနေသူများဖြစ်သဖြင့် နိုင်ငံသာယာဝပြောရေးနှင့် စားရေရိက္ခာပေါများစေရေး အားလုံးကဝိုင်းဝန်းဆောင်ရွက်

 

နေပြည်တော်     ဇန်နဝါရီ    ၂၃
နိုင်ငံတော်စီမံ    အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် မန္တလေးမြို့ရှိ ဘာသာပေါင်းစုံအဖွဲ့များ၊ မြို့မိ၊ မြို့ဖများ၊ မန္တလေးစက်မှုဇုန်စီမံခန့်ခွဲရေးကော်မတီ၊ မန္တလေးတိုင်းကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်း ရှင်များအသင်းတို့မှ   တာဝန်ရှိသူများနှင့်    ယနေ့ မွန်းလွဲပိုင်းတွင်  မန္တလေးတိုင်းဒေသကြီး  မြို့တော် ခန်းမ၌ တွေ့ဆုံသည်။
တက်ရောက်
အဆိုပါ တွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊    နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ ခရီးစဉ်တွင်လိုက်ပါလာသည့်အဖွဲ့ဝင်များ၊ မန္တလေး တိုင်းဒေသကြီး    ဝန်ကြီးချုပ်၊    အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်  တိုင်းမှူးနှင့်တာဝန်ရှိသူများ၊ မန္တလေး  မြို့  YMBA  အသင်းမှ ဥက္ကဋ္ဌ   ဦးကြည်စိန်၊  အထက် မြန်မာပြည် ဟိန္ဒူဘာသာရေးအဖွဲ့မှ  ဒုတိယဥက္ကဋ္ဌ  ဦးမောင်မောင်လွင်၊   မန္တလေးမြို့   ကက်သလစ် ဘာသာရေးအဖွဲ့မှ        ခရစ်ယာန်ဘုန်းတော်ကြီး ဦးခင်မောင်ထွေး၊ မန္တလေးမြို့ နှစ်ခြင်းဘာသာရေး အဖွဲ့မှ      ခရစ်ယာန်    သင်းအုပ်ဘုန်းတော်ကြီး ဦးနောင်နောင်လွင်၊ မန္တလေးမြို့  အစ္စလာမ်ဘာသာ ရေးအဖွဲ့မှ ဒုတိယဥက္ကဋ္ဌ  မောင်လာနာ  ဟာဖစ်ဇ် နူရ်ရွတ်ဒီးန် (ခ) ဦးမျိုးမြင့်တို့နှင့်အဖွဲ့ဝင်များ၊  မြို့မိ၊  မြို့ဖများ၊ မန္တလေးစက်မှုဇုန်စီမံခန့်ခွဲရေးကော်မတီ (MMIC)  ဥက္ကဋ္ဌ     ဦးခင်မောင်လှနှင့်အဖွဲ့ဝင်များ၊  မန္တလေးတိုင်း    ကုန်သည်များနှင့်   စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း(MRCCI) ဥက္ကဋ္ဌ ဦးဝင်းဌေးနှင့်  အဖွဲ့ဝင်များ၊ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဆွေးနွေးပြောကြား
ဦးစွာ    နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်က ဆွေးနွေးပြောကြား ရာတွင်    မန္တလေးမြို့သည်   နောက်ဆုံးမင်းဆက် ဖြစ်သည့် ကုန်းဘောင်မင်းဆက် သီပေါမင်း  နန်းစိုက် ခဲ့သည့်မြို့တော်ဖြစ်ပြီး ယဉ်ကျေးမှု မြို့တော်တစ်ခု ဖြစ်ကာ သမိုင်းအစဉ်အလာကြီးသည့်  မြို့တစ်မြို့ ဖြစ်ကြောင်း၊ ဗုဒ္ဓဘာသာနှင့်ပတ်သက်၍ ဘာသာရေး ခေါင်းဆောင်များ ပေါ်ထွန်းရာနေရာတစ်ခုဖြစ်သကဲ့သို့ အခြားဘာသာများဖြစ်သည့်   အစ္စလာမ်ဘာသာ၊  ခရစ်ယာန်ဘာသာဝင်များနှင့်     ပတ်သက်၍လည်း အရေးပါသည့်မြို့တစ်မြို့ဖြစ်ကြောင်း၊ အလားတူ  အခြားသော နိုင်ငံ့ခေါင်းဆောင်များနှင့်  အနုပညာ သည်များ     ပေါ်ထွန်းရာ   မြို့တစ်မြို့ဖြစ်သကဲ့သို့  စီးပွားရေးအရ လမ်းပန်းဆက်သွယ်ရေးကောင်းမွန် ပြီး စီးပွားရေးအခြေခံကောင်းများ များစွာရှိသည့်  နေရာဒေသတစ်ခုဖြစ်ကြောင်း၊        ရေခံမြေခံများ ကောင်းမွန်ပြီး ရာသီဥတုလည်း သင့်တင့်ကောင်းမွန် သည့်ဒေသတစ်ခုဖြစ်ကြောင်း။
ကုန်ထုတ်လုပ်ငန်းများ    များစွာဆောင်ရွက် နိုင်သည့်ဒေသဖြစ်ပြီး မန္တလေးမြို့ ပတ်ဝန်းကျင်တွင်  လယ်လုပ်ငန်းများ၊ ဥယျာဉ်ခြံမြေများ အောင်မြင် ဖြစ်ထွန်းသကဲ့သို့     မွေးမြူရေးလုပ်ငန်းများလည်း  အောင်မြင်ဖြစ်ထွန်းကြောင်း၊ အလားတူ ပညာတတ် များ  ပေါများသည့်   မြို့တစ်မြို့ဖြစ်ပြီး   ပြီးခဲ့သည့် ပညာသင်နှစ်တွင်    တက္ကသိုလ်ဝင်တန်းစာမေးပွဲ၌ တစ်နိုင်ငံလုံး   ပထမရရှိခဲ့ကြောင်း၊   မိမိအနေဖြင့် မန္တလေးမြို့အား    တိုးတက်စေလိုသည့်   စိတ်ဆန္ဒ ရှိကြောင်း၊ ပါတီစုံဒီမိုကရေစီအစိုးရသက်တမ်းများ  အတွင်း မန္တလေးမြို့သည်  သိသိသာသာ  တိုးတက် လာသည်ကို   တွေ့ရှိရကြောင်း၊   အဆိုပါတိုးတက်မှု များကို ယခုထက်ပိုမိုအသုံးချနိုင်မည်ဆိုပါက နိုင်ငံ၏ စီးပွားရေးတွင် အချက်အချာကျသည့်  ဒေသတစ်ခု၊ မြို့တစ်ခုဖြစ်လာမည်ဖြစ်ကြောင်း။
တိုက်ရိုက်တင်ပို့ရောင်းချနိုင်
ကောင်းမွန်သော    လမ်းပန်းဆက်သွယ်ရေး အခြေအနေကြောင့် အရှေ့ဘက်တွင်  တရုတ်နိုင်ငံ၊  အနောက်ဘက်တွင်    အိန္ဒိယနိုင်ငံ  တမူးဘက်သို့ နယ်စပ်ကုန်သွယ်ရေး အခွင့်အလမ်းများရှိပြီး ဒေသမှ ထွက်ရှိသည့် ထုတ်ကုန်များအား ပြည်ပနိုင်ငံများသို့ တိုက်ရိုက်တင်ပို့ရောင်းချနိုင်သည့် အခွင့်အရေးများ ရှိကြောင်း၊  မိမိ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်  တာဝန်ယူချိန်တွင်လည်း ရှေးဟောင်းသုတေသနနှင့်  အမျိုးသားပြတိုက်ဦးစီးဌာနတို့နှင့်      ပူးပေါင်း၍ နန်းမြို့ရိုးအား ထိန်းသိမ်းခြင်းနှင့် နန်းမြို့တွင်းရှိ  နန်းတော်ရာ၊ အမြောက်ပြတိုက်၊ ဘုတ်တလုပ်ကန်နှင့် အခြားသမိုင်းဝင် ရှေးဟောင်းအမွေအနှစ်နေရာများ  အား ပြုပြင်ထိန်းသိမ်းခြင်းများ ဆောင်ရွက်ခဲ့ကြောင်း၊  မိမိတို့နိုင်ငံ၏    နန်းစိုက်ရာနေရာတစ်ခုဖြစ်သဖြင့်    ထိန်းသိမ်းဆောင်ရွက်ရမည်ဖြစ်ကြောင်း။
နေပြည်တော်၌လည်း    မြန်မာတွင်သာမက  ကမ္ဘာ့နိုင်ငံများတွင်ပါ စကျင်ကျောက်တော်ကြီးဖြင့် ထုဆစ်သည့် ဆင်းတုတော်ကြီးများအနက် အကြီးဆုံး နှင့်    ဉာဏ်တော်အမြင့်မားဆုံး   ဆင်းတုတော်ကြီး ဖြစ်လာမည့်          မာရဝိဇယစေတီတော်ကြီးကို တည်ဆောက်လျက်ရှိပြီး အဆိုပါစကျင်ကျောက်များ သည်    မန္တလေးတိုင်းဒေသကြီး    မတ္တရာမြို့နယ်မှ   ထွက်ရှိသည့်ကျောက်များဖြစ်ကြောင်း၊  စေတီတော် ကြီးကို         တည်ထားကိုးကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင်လည်း       ရတနာပုံခေတ်ဟန် လက်ရာများဖြင့် ခေတ်မီနည်းပညာ  အထောက်အကူ ရယူ၍  ရှေးမူမပျက်တည်ဆောက်လျက်ရှိကြောင်း၊  မန္တလေးသည်   မြန်မာနိုင်ငံ၏ယဉ်ကျေးမှုမြို့တော် ဖြစ်သဖြင့် မြန်မာမင်းဆက်၏ ယဉ်ကျေးမှုများနှင့် ဂုဏ်ကို ပြန်လည်ထိန်းသိမ်းခြင်းများကို လုပ်ဆောင်  ရမည်ပင်ဖြစ်ကြောင်း။
ထိန်းသိမ်းဆောင်ရွက်
ထိုသို့     ထိန်းသိမ်းဆောင်ရွက်ရာတွင်လည်း ရှေးရိုးစွဲမဖြစ်စေရန်နှင့်    ခေတ်နှင့်လျော်ညီအောင် ဆောင်ရွက်ကြရန်လိုကြောင်း၊    ဘာသာများအလိုက် ရှိနေသည့် ယဉ်ကျေးမှုများကိုလည်း  ထိန်းသိမ်းကြရန် လိုကြောင်း၊ ခေတ်အမြင်နှင့်ပတ်သက်၍ လူငယ်အချို့ တွင်     ယဉ်ကျေးမှုနှင့်ပတ်သက်ပြီး   ထိန်းသိမ်းမှု အားနည်းသည်ကို တွေ့ရှိရကြောင်း၊ မန္တလေးမြို့မှစ၍ ယဉ်ကျေးမှုကိုစံနမူနာပြအနေဖြင့်       ထိန်းသိမ်း ဆောင်ရွက်ကြစေလိုကြောင်း။
စီးပွားရေးနှင့်ပတ်သက်၍  မန္တလေးမြို့သည်  ဗဟိုချက်မဖြစ်ပြီး နိုင်ငံအဝန်းသို့ ဆက်သွယ်ရေးနှင့် သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ လွယ်ကူချောမွေ့စွာ ဆောင်ရွက်နိုင်ကြောင်း၊ လျှပ်စစ်ဓာတ်အား လုံလောက် စွာရရှိရေးအတွက်လည်း         ခေတ်အဆက်ဆက် ကြိုးပမ်းဆောင်ရွက်ခဲ့ကြကြောင်း၊  အဖျက်အမှောင့် လုပ်ငန်းများကြောင့်လည်း    လျှပ်စစ်ဓာတ်အားများ လုံလောက်စွာဖြန့်ဖြူးပေးနိုင်မှုမရှိခြင်းနှင့် စီမံကိန်း လုပ်ငန်းများ အကောင်အထည်ဖော်  ဆောင်ရွက်ချိန် တွင်လည်း အကြောင်းအမျိုးမျိုးပြ၍ အနှောင့်အယှက်  ပေးမှုများရှိခြင်းတို့ကြောင့်      လျှပ်စစ်စီမံကိန်းများ ဆောင်ရွက်ရန်    နှောင့်နှေးမှုများ     ဖြစ်ပေါ်လျက်ရှိ ကြောင်း။
လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုကြောင့် သဘာဝ ပတ်ဝန်းကျင်ထိခိုက်မှုနှင့်ပတ်သက်၍     သဘာဝ ပတ်ဝန်းကျင်ကိုထိခိုက်မှုအနည်းဆုံးဖြင့်  ထုတ်လုပ် နိုင်သည့် ခေတ်မီနည်းလမ်းများရှိကြောင်း၊ သို့သော်  အချို့သောအဖွဲ့အစည်းများမှ  သဘာဝပတ်ဝန်းကျင် ထိခိုက်မှုကိုအကြောင်းပြ၍ မိမိတို့နိုင်ငံ၏  လျှပ်စစ် ဓာတ်အား ထုတ်လုပ်ရေးလုပ်ငန်းများကို  ဆောင်ရွက် မှု မပြုနိုင်ရန် နိုင်ငံရေးအရ အသုံးချဆောင်ရွက်လျက်   ရှိသဖြင့် မိမိတို့နိုင်ငံတွင် လျှပ်စစ်ဓာတ်အား လုံလောက် စွာ ထုတ်လုပ်နိုင်မှုမရှိသေးကြောင်း၊ မန္တလေးတိုင်း ဒေသကြီးတွင် မိုးရွာရက်နည်းပါးခြင်းနှင့်  မိုးရေချိန် နည်းပါးခြင်းကြောင့်      နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်းများကို  ဆောင်ရွက် ၍ ရနိုင်ကြောင်း၊              

 


ထိုသို့ဆောင်ရွက်နိုင်ရန်အတွက် နိုင်ငံတော်အစိုးရ အနေဖြင့် ခွင့်ပြုပေးသွားမည်ဖြစ်ကြောင်း၊ အလားတူ LED မီးများကိုအသုံးပြုခြင်းဖြင့် လျှပ်စစ်ဓာတ်အား သုံးစွဲမှုကို  လျှော့ချနိုင်မည်ဖြစ်သဖြင့်  မီတာခများ သက်သာမည်ဖြစ်သကဲ့သို့  လိုအပ်သည့်နေရာတွင် မီးသုံးစွဲမှုကို       ပိုမိုအသုံးပြုနိုင်မည်ဖြစ်ကြောင်း၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများမှ     ထွက်ရှိသည့် ဘိုင်အိုဂက်စ်များမှလည်း        လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးလုပ်ငန်းများကို ဆောင်ရွက်နိုင်ကြောင်း၊ “လိုလျှင်ကြံဆ  နည်းလမ်းရ”      ဟူသည့်အတိုင်း တွေးခေါ်ကြံဆ ဆောင်ရွက်ကြရန်လိုကြောင်း။


လမ်းပန်းဆက်သွယ်ရေး


လမ်းပန်းဆက်သွယ်ရေးနှင့်      ပတ်သက်၍ မန္တလေးတိုင်းဒေသကြီးအတွင်း  ရထားလမ်းများ၊ ကားလမ်းများ ကောင်းမွန်စေရေး  ဆောင်ရွက်ပေး လျက်ရှိကြောင်း၊  လေကြောင်းဖြင့်သယ်ယူပို့ဆောင် မှုသည်  ကုန်ကျစရိတ်များပြားပြီး   ခရီးသည်နှင့် ကုန်အနည်းငယ်ကိုသာ   သယ်ယူပို့ဆောင်ပေးနိုင် ကြောင်း၊ အလားတူ ကားဖြင့် ပို့ဆောင်မှုသည်လည်း  ငွေကြေးကုန်ကျစရိတ်များပြားကြောင်း၊ ရထားဖြင့် သယ်ယူပို့ဆောင်မည်ဆိုပါက         လူများစွာဖြင့်  ကုန်တန်ချိန်ပေါင်းများစွာကို     သယ်ယူပို့ဆောင်  ပေးနိုင်သဖြင့်   ရထားလမ်းများကောင်းမွန်စေရေး  အဆင့်မြှင့်တင်      ဆောင်ရွက်ပေးလျက်ရှိသကဲ့သို့ ရထားများအချိန်မှန်ပြေးဆွဲပေးနိုင်ရေး         စီမံ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ခရီးသွားလာမှုများ အဆင်ပြေချောမွေ့ရန်အတွက်  လမ်းနှင့်တံတား များ     ကောင်းမွန်ရန်လိုအပ်သဖြင့်   လမ်းများ ကောင်းမွန်စေရေး နိုင်ငံတော်အနေဖြင့်  ကြိုးပမ်း ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ မန္တလေးတိုင်းဒေသ ကြီးအတွင်း လမ်းပန်းဆက်သွယ်ရေးများ ကောင်းမွန် သဖြင့် ရှိရင်းစွဲကောင်းမွန်သည့် လမ်းပန်းဆက်သွယ် ရေးများကို အသုံးပြုပြီး စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ရရှိအောင်ဆောင်ရွက်ရန်လိုကြောင်း။ 
နိုင်ငံတစ်ခုဖွံ့ဖြိုးတိုးတက်ရေးအတွက်  GDP  ကို စိုက်ပျိုးမွေးမြူရေးလုပ်ငန်း၊ စက်မှုလုပ်ငန်းနှင့်  ဝန်ဆောင်မှုသုံးခုဖြင့် တွက်ချက်ရကြောင်း၊ မန္တလေး ဒေသတွင် အဆိုပါအချက်သုံးခုစလုံး အားကောင်း ကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းကိုအခြေခံသည့် SME  လုပ်ငန်းများ ဆောင်ရွက်၍ရသည့်  အခြေခံကောင်း များရှိသကဲ့သို့ ယဉ်ကျေးမှုမြို့တော်၊  ရှေးဟောင်း မြို့တော်ဖြစ်သဖြင့် ဘုရား၊ ကျောင်းကန်များ များစွာ ရှိသကဲ့သို့    ယဉ်ကျေးမှုအမွေအနှစ်များ   များစွာ ရှိကြောင်း၊   ဘာသာရေးဆိုင်ရာ    ယဉ်ကျေးမှုများ ရှိသကဲ့သို့    ရှေးဟောင်းအဆောက်အအုံများနှင့် ပတ်သက်၍လည်း    ယဉ်ကျေးမှုအမွေအနှစ်များ များစွာရှိကြောင်း၊  အဆိုပါယဉ်ကျေးမှုအမွေအနှစ် များကို ထိန်းသိမ်းဆောင်ရွက်၍ ခရီးသွားများကို ဆွဲဆောင်ပြီး  ခရီးသွားလုပ်ငန်းဝန်ဆောင်မှုများ   ပိုမိုတိုးတက်အောင် ဆောင်ရွက်၍ရကြောင်း။


နိုင်ငံတိုင်းသည်        ကိုယ့်နိုင်ငံကိုကြီးပွား တိုးတက်အောင် ဆောင်ရွက်နေကြကြောင်း၊ ဖွံ့ဖြိုးဆဲ နိုင်ငံများရှိသကဲ့သို့ ဖွံ့ဖြိုးမှုအနိမ့်ကျဆုံးနိုင်ငံ Least  Developed Countries များ၊ စက်မှုထိပ်သီးနိုင်ငံများ G- 7 ၊  ဖွံ့ဖြိုးပြီး စက်မှုနိုင်ငံများ OECD များရှိကြောင်း၊  ထိုသို့ ဆောင်ရွက်နေသောနိုင်ငံများအားလုံးရှိ အစိုးရ အဖွဲ့အစည်းများသည် မိမိတို့နိုင်ငံတိုးတက်စေရေးဦးဆောင်၍ ဆောင်ရွက်နေကြကြောင်း၊ မိမိတို့နိုင်ငံ  တိုးတက်အောင်  မဆောင်ရွက်နိုင်သည့် အစိုးရများ ဆိုပါက နိုင်ငံအတွင်း ပြဿနာမျိုးစုံ ဖြစ်ပေါ်နေမည် ဖြစ်ကြောင်း၊  နိုင်ငံတိုးတက်အောင်ဆောင်ရွက်နိုင် သည့် အစိုးရများသည် ပြည်သူလူထု၏ထောက်ခံမှု  ကို ရရှိကြကြောင်း၊ ထို့ကြောင့် နိုင်ငံဖွံ့ဖြိုးတိုးတက်  စေရေးအတွက် အမြဲမပြတ်ကြိုးစားအားထုတ်နေရန် လိုကြောင်း၊ အလားတူ လူတစ်ဦးချင်းအနေဖြင့်လည်း  ကြိုးစားအားထုတ်မှုရှိမှသာ  ဘဝအတွက်တိုးတက်မှု ရှိမည်ဖြစ်ပြီး ကြိုးစားအားထုတ်မှုမရှိပါက နောက်ကျ ကျန်ရစ်ခဲ့မည်သာဖြစ်ကြောင်း၊   ထို့ကြောင့်   ဘဝ တိုးတက်စေရေးအတွက်      အမြဲမပြတ်ကြိုးစား အားထုတ်နေရန်လိုကြောင်း။


ဖွင့်လှစ်သင်ကြားပေးလျက်ရှိ


လူတစ်ဦးတိုးတက်စေရန်အတွက်   ပညာရေး ကောင်းမွန်ရန်လိုကြောင်း၊ မန္တလေးမြို့သည် အခြေခံ အားဖြင့်   ပညာရေးအားပေးသည့်  မြို့တစ်မြို့ဖြစ် သဖြင့် နဂိုရှိရင်းစွဲ ကောင်းမွန်သည့်အချက်များကို  ဆက်လက်ထိန်းသိမ်း    ဆောင်ရွက်သွားကြရန်လို ကြောင်း၊ အစိုးရအနေဖြင့် နိုင်ငံသားများအားလုံး  ပညာတတ်မြောက်ရေးအတွက်    အခြေခံပညာ ကျောင်းများနှင့် တက္ကသိုလ်များကို ဖွင့်လှစ်သင်ကြား ပေးလျက်ရှိသကဲ့သို့       ပညာသင်ကြားရေးဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍လည်း အားပေးဆောင်ရွက် လျက်ရှိကြောင်း၊  ကျောင်းသား   ကျောင်းသူများ ပညာသင်ကြားရေးကိုသာမက  စာပေများကိုလည်း ဖတ်ရှုလေ့လာနိုင်ရေးအတွက်  စာကြည့်တိုက်များ ပြည့်စုံစွာထားရှိပေးထားရန်လိုကြောင်း၊ တက္ကသိုလ် ပညာသင်ကြားနေသည့် ကျောင်းသား ကျောင်းသူ များအတွက်လည်း ပတ်ဝန်းကျင်ကောင်းများ ဖြစ်စေ ရေး ဖန်တီးပေးရန်လိုကြောင်း၊ အခြေခံကောင်းများကို  အသုံးချ၍ ပညာတတ်များ  များစွာပေါ်ထွန်းလာ စေရေး   ကြိုးပမ်းဆောင်ရွက်ကြရန်   တိုက်တွန်း ပြောကြားလိုကြောင်း၊ လူတစ်ဦးနှင့်တစ်ဦး အသိတရား နှင့် ကြိုးစားအားထုတ်မှုအပေါ်မူတည်၍ ဘဝတွင်  ကွာခြားမှုများ ဖြစ်ပေါ်သွားမည်ဖြစ်ကြောင်း၊  ပညာ သင်ကြားရမည့်အရွယ်အားလုံး     ပညာသင်ကြား နိုင်ရေးအတွက်       အားပေးဆောင်ရွက်ကြရန် လိုကြောင်း။
မန္တလေးမြို့သည်    ရာသီဥတုကောင်းမွန်ပြီး ရေခံမြေခံကောင်းမွန်သည့်  ဒေသတစ်ခုဖြစ်သဖြင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင်      ဆောင်ရွက်ရန် လိုကြောင်း၊    စိုက်ပျိုး    မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်ရာ၌ မိရိုးဖလာအတိုင်း  ဆောင်ရွက်ခြင်း မဟုတ်ဘဲ ခေတ်နှင့်လျော်ညီစွာ ဆောင်ရွက်မှသာ  စီးပွားရေးလုပ်ငန်းများ   ယခုထက်   ပိုမိုတိုးတက်  အောင်မြင်မည်ဖြစ်ကြောင်း၊     စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများမှထွက်ရှိသည့်     ထွက်ကုန်များကို အသုံးပြု၍       စက်မှုကုန်ထုတ်လုပ်ငန်းများကို ဆောင်ရွက်နိုင်ကြောင်း၊  မန္တလေးမြို့သည်  မိမိတို့ နိုင်ငံ၏  စီးပွားရေးနှင့်ပတ်သက်၍  မြန်မာနိုင်ငံ၏ ဗဟိုချက်နေရာတွင်တည်ရှိပြီး     ကုန်ထုတ်လုပ်မှု လုပ်ငန်းများကိုဆောင်ရွက်နိုင်ကြောင်း။


မိမိတို့၏  ရည်ရွယ်ချက်မှာ  တိုင်းပြည်သာယာ ဝပြောရေးနှင့် စားရေရိက္ခာပေါများရေးပင် ဖြစ်ကြောင်း၊ တိုင်းပြည်သာယာဝပြောရေးဆိုသည်မှာ  နိုင်ငံသား အားလုံး    မိမိတို့ဒေသတွင်   ပျော်ပျော်ရွှင်ရွှင်ဖြင့် နေထိုင်လုပ်ကိုင်နိုင်ပြီး   တရားဥပဒေများ   စိုးမိုးမှု  ရှိရမည်၊     ငြိမ်းချမ်းရမည်၊   လွတ်လွတ်လပ်လပ် လုပ်ကိုင်နိုင်ရမည်၊          ကျောင်းနေအရွယ်အားလုံး ပညာသင်ကြားနိုင်ရမည်ဖြစ်ကြောင်း၊ “အူမတောင့်မှ  သီလစောင့်နိုင်မည်”  ဆိုသည့်အတိုင်း  စားရေရိက္ခာ ပေါများအောင် ဆောင်ရွက်ကြရန်လိုကြောင်း၊ မိမိတို့ နိုင်ငံသည် ရေခံမြေခံကောင်းမွန်သည့် နေရာများစွာ ရှိပြီး အပြည့်အဝအသုံးချနိုင်မည်ဆိုပါက စားရေရိက္ခာ  များ ပေါများမည်ဖြစ်ကြောင်း၊  နိုင်ငံသာယာဝပြောရေး နှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် မန္တလေးမြို့ရှိ ဘာသာ ရေးဆိုင်ရာ ခေါင်းဆောင်များအားလုံးအနေဖြင့် မိမိတို့ ဘာသာဝင်အသီးသီးအား      ဝိုင်းဝန်းတိုက်တွန်း ဆောင်ရွက်ပေးကြရန်     တိုက်တွန်းပြောကြားလို ကြောင်း၊ ဒီမြေမှာမွေး၊ ဒီမြေမှာကြီးပြင်းပြီး ဒီအရိပ်ကို ခိုနေသူများဖြစ်သဖြင့်    နိုင်ငံသာယာဝပြောရေးနှင့် စားရေရိက္ခာပေါများစေရေး    အားလုံးကဝိုင်းဝန်း ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။


ယင်းနောက်        နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်က မန္တလေး မြို့ရှိ ဘာသာရေးအသင်းအဖွဲ့များအတွက် မေတ္တာ လက်ဆောင်ပစ္စည်းများနှင့်  အသင်းရန်ပုံငွေအဖြစ် တစ်သင်းလျှင် ငွေကျပ်သိန်း ၁၅၀ ထောက်ပံ့ပေးအပ် ရာ ဘာသာရေးခေါင်းဆောင်များက လက်ခံရယူကြ သည်။
ထို့နောက်     ဘာသာရေးအသင်းအဖွဲ့များ ကိုယ်စား အထက်မြန်မာပြည် ဟိန္ဒူဘာသာရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်လွင်က ကျေးဇူးတင် စကား   ပြန်လည်ပြောကြားရာတွင်   ဘာသာရေး အသင်းအဖွဲ့များအတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊  နိုင်ငံတော်ဝန်ကြီးချုပ်  ကိုယ်တိုင်   အမှတ်တရလက်ဆောင်ပစ္စည်းများ၊ အသင်းရန်ပုံငွေ များ  ပေးအပ်ချီးမြှင့်သည့်အတွက်  များစွာကျေးဇူး တင်ရှိပါကြောင်းနှင့် ဂုဏ်ယူဝမ်းမြောက်မိပါကြောင်း၊ ဘာသာပေါင်းစုံအဖွဲ့များ၏     ခေါင်းဆောင်များ အနေဖြင့်      သက်ဆိုင်ရာဘာသာရေးကိစ္စရပ်များ၊  နိုင်ငံ့အကျိုးပြုလုပ်ငန်းများကို   ဆောင်ရွက်ရာ၌   အချင်းချင်းတိုင်ပင်ညှိနှိုင်း၍    အောင်မြင်အောင် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။


ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည်  တွေ့ဆုံပွဲသို့   တက်ရောက်လာကြသူများ၊  ဘာသာ ပေါင်းစုံအဖွဲ့များ၊  မြို့မိ  မြို့ဖများ၊   မန္တလေးစက်မှုဇုန် စီမံခန့်ခွဲရေးကော်မတီ၊ မန္တလေးတိုင်း ကုန်သည်များ နှင့်      စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းတို့မှ တာဝန်ရှိသူများနှင့်အတူ တည်ခင်းဧည့်ခံထားသည့် လက်ဖက်ရည်ဝိုင်းကို အတူတကွသုံးဆောင်ကြသည်။


တွေ့ဆုံပွဲအပြီးတွင်         နိုင်ငံတော်စီမံအုပ်ချုပ်ရေး  ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်  အဖွဲ့ဝင်  များသည်  တက်ရောက်လာကြသူများကို   ရင်းရင်း နှီးနှီးနှုတ်ဆက်ခဲ့ကြကြောင်း သိရသည်။


သတင်းစဉ်