
နေပြည်တော် ဩဂုတ် ၂၁
အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်များ ဖြစ်ပွားမှုမရှိစေရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များဖြင့် စစ်ဆေးရှာဖွေမှု များ ဆောင်ရွက်လျက်ရှိရာ ဇူလိုင် ၃၁ ရက်က ပြင်ဦးလွင်မြို့နယ် ပြင်စာကျေးရွာအနီး၌ PDF အဖွဲ့ဝင်များ အား တိုင်းရင်းသားလက်နက်ကိုင်နယ်မြေများအတွင်းသို့ အကြမ်းဖက်သင်တန်းများ တက်ရောက်ရန်အတွက် စေလွှတ်လျက်ရှိသူ ဇော်နိုးနှင့် စိုးသူဝင်းတို့ ၂ ဦးကို ဖမ်းဆီးရမိခဲ့သည်။
ဆက်လက်ပြီး ပြင်ဦးလွင် မြို့နယ် အောင်ချမ်းသာကျေးရွာ၌ ဆက်စပ်တရားခံများ ဖြစ်သော ထက်ပိုင်ကျော်၊ ရဲရင့်သူ၊ ကျော်ဇင် သောင်း(ခ)ပီလီ၊ အောင်ဇင်ဟိန်း နှင့် ဝါဝါထက်တို့ ၅ ဦးကို ဩဂုတ် ၁ ရက်တွင် ထပ်မံဖမ်းဆီးရမိခဲ့ သည်။
လက်လုပ်မိုင်းနှင့် ဖမ်းမိ
ဖမ်းဆီးရမိ ကျော်ဇင်သောင်း (ခ)ပီလီ ၏ ထွက်ဆိုချက်အရ မဟာအောင်မြေမြို့နယ် သံလျက် မှော် အနောက်ရပ်ကွက်၌ မဟာ အောင်မြေမြို့နယ် PDF အဖွဲ့ ခေါင်းဆောင်ဖြစ်သူ ထက်နောင် ဝင်းအား ဖမ်းဆီးရမိခဲ့ပြီး ၎င်း၏ ထွက်ဆိုချက်အရ အေးချမ်းသာ ကျောင်းတိုက်သို့ ဝင်ရောက်ရှာဖွေ ခဲ့ရာ ချေမှုန်းရေးရိုင်ဖယ် ၁ လက်၊ ကျည်အိမ် ၄ ခု၊ ၎င်းကျည် ၂၀၉ တောင့်၊ MG 1 လက်ပစ်ဗုံး ၁ လုံး၊ ပြောက်ကျား စစ်ချပ်ဝတ် ၁ စုံကို သိမ်းဆည်းရမိခဲ့သည်။ အလားတူ ချမ်းမြသာစည်မြို့နယ် ထွန်တုံး ရပ်ကွက်၌ စိုးပြည့်အောင်၊ ဗိုလ်ဗိုလ်မြင့်သူ (ခ) ဗိုလ်ဗိုလ်၊ အောင်မင်းထက်၊ ဇူးဇူး(ခ) ဆုစန္ဒီ ဇော်တို့ ၄ ဦးကို လက်လုပ်မိုင်း ၁ လုံး၊ လက်လုပ်မိုင်းပြုလုပ် သည့် ဆက်စပ်ပစ္စည်းများနှင့် အတူ ထပ်မံဖမ်းဆီးရမိခဲ့သည်။
ဖမ်းဆီးရမိသူ ဝါဝါထက် ၏ ထွက်ဆိုချက်အရ ၎င်းထံမှ လက်လုပ်ဗုံးများ ယူဆောင် ၍ ပြင်ဦးလွင်မြို့နယ်အတွင်း ဖောက်ခွဲရေးလုပ်ငန်းများ လုပ် ဆောင်နေသူ အောင်ကျော်သိန်း (ခ)နောင်နောင်ကို ဩဂုတ် ၂ ရက် တွင် ပြင်ဦးလွင်မြို့၌ ထပ်မံ ဖမ်းဆီးရမိခဲ့သည်။
ဆက်စပ်သူများဖမ်းမိ
ဖမ်းဆီးရမိသူများ၏ ထွက်ဆို ချက်အရ ဖြစ်စဉ်နှင့် ဆက်စပ် သူများဖြစ်သည့် သီဟဝင်း(ခ)ကိုသီအား ပြင်ဦးလွင်မြို့ ရပ်ကွက် ကြီး (၁၇) ၌ လည်းကောင်း၊ သက်ဇော်ထွန်း(ခ)သက်ဇော်အား ချမ်းမြသာစည်မြို့နယ် မြို့သစ် (၃) ရပ်ကွက်၌ လည်းကောင်း၊ မြတ်မင်းစိုး (ခ)အာလူး၊ မင်းချစ် ဇော်နှင့် မမေမြတ်နိုးတို့ ၃ ဦး ကို လက်လုပ်ဂက်စ်သေနတ် ၁ လက်၊ ကြိုးဆွဲလက်ပစ်ဗုံး ၆ လုံး၊ 91 လက်ပစ်ဗုံး ၃ လုံး၊ ချိန်ကိုက်မိုင်း ပြုလုပ်ရန် Keypad ဖုန်း ၁ လုံး၊ လက်လုပ်ဗုံးပြုလုပ်ရန် သံပိုက် ၄၀ တို့နှင့်အတူ ပြင်ဦးလွင် မြို့နယ် ကျွဲနွားထောက်ကျေးရွာ အနီး၌ လည်းကောင်း ဩဂုတ် ၅ ရက်တွင် ထပ်မံဖမ်းဆီးရမိ ခဲ့သည်။
ထပ်မံဖမ်းဆီးရမိ
ဖမ်းဆီးရမိသူ သက်ဇော်ထွန်း (ခ)သက်ဇော် ၏ ထွက်ဆိုချက်အရ ဆက်စပ်သူများဖြစ်သည့် ဘိုဘို အောင်(ခ)ဘိုဘိုနှင့် အောင်သူ ဟိန်းတို့ကို ပြင်ဦးလွင်မြို့ အနီး စခန်း၌ လည်းကောင်း၊ ပိုင်ဝဏ္ဏ အား ရေငယ်ရွာ၌ လည်းကောင်း ဩဂုတ်လ ၁၁ ရက်တွင် ဖမ်းဆီး ရမိခဲ့ပြီး ဝိုင်းဝိုင်းလင်းထက်(ခ)ဝိုင်းဝိုင်းနှင့် ထွဋ်စစ်မှူးလွင်(ခ)ထွဋ်စစ်တို့အား ပြင်ဦးလွင်မြို့ ရပ်ကွက်ကြီး (၁) ၌ ဩဂုတ် ၁၄ ရက်တွင် ထပ်မံဖမ်းဆီးရမိခဲ့ သည်။
အကြမ်းဖက်သူများ စုဆောင်း
ဇော်နိုး၏ ထွက်ဆိုချက်အရ ၎င်းအနေဖြင့် မဟာအောင်မြေ မြို့နယ် NLD ပါတီဝင် ရဲမင်းဇော် နှင့် NUG ကာကွယ်ရေးဝန်ကြီး ရည်မွန်တို့နှင့် ချိတ်ဆက်၍ မန္တလေးတိုင်းအတွင်းမှ လူငယ် များအား KIA နယ်မြေအတွင်း ဖောက်ခွဲရေးသင်တန်းတက်ရောက် ရန်နှင့် အကြမ်းဖက်လုပ်ငန်း ဆောင်ရွက်သူများအား စုဆောင်း စေလွှတ်သူဖြစ်ကြောင်း၊ လိုင်ဇာ အနီး၌ ဖွင့်လှစ်ခဲ့သောဖောက်ခွဲရေး သင်တန်းတွင် ဇော်နိုး၊ စိုးသူဝင်း၊ ထက်နောင်ဝင်းနှင့် ထွဋ်စစ်မှူး လွင်တို့ တက်ရောက်ခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။
ထက်နောင်ဝင်းသည် KIA အဖွဲ့မှ ဖွင့်လှစ်သော ဖောက်ခွဲ ရေး သင်တန်းတက်ရောက်ခဲ့ပြီး သင်တန်းဆင်းချိန်တွင် အကြမ်း ဖက်လုပ်ငန်းများ ပြုလုပ်ရန် ရည်ရွယ်၍ လက်နက်/ခဲယမ်းများ သယ်ဆောင်လာခဲ့ပြီး သိမ်းဆည်း ထားရှိကာ အဖျက်လုပ်ငန်းများ ဆောင်ရွက်ရန် စီစဉ်ခဲ့ကြောင်းဖော်ထုတ်သိရှိရသည်။
အဓိကလုပ်ဆောင်ရန် မှာကြား
အကြမ်းဖက်နှင့် ဖောက်ခွဲရေး သင်တန်း တက်ရောက်ပြီးသူများ ဖြစ်သော ၂၀၁၅ ခုနှစ် ပြည်ကြီး တံခွန်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်း NLD ပါတီဝင် ကျော်စိုးလင်းနှင့် ၂၀၁၅ ခုနှစ် ကောလင်းမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဟောင်း NLD ပါတီဝင် မျိုးဇော် အောင်တို့က သင်တန်းဆင်း သူများအား မြို့နယ်အသီးသီးသို့ ပြန်လည်ရောက်ရှိပါက အစိုးရ ယန္တရား လည်ပတ်မှုမရှိစေရေး၊ စာသင်ကျောင်းများ ဖွင့်လှစ်နိုင်မှု မရှိစေရေးနှင့် ဒလန်များအား ရှင်းလင်းရေးတို့အတွက် အဓိက လုပ်ဆောင်သွားရန် စီစဉ်မှာကြား မှုများ ပြုလုပ်ခဲ့ကြောင်းဖော်ထုတ် သိရှိရသည်။
ပူးပေါင်းပါဝင်ဆောင်ရွက်
ဖမ်းဆီးရမိသူများ၏ ထွက်ဆို ချက်အရ မေ ၁၉ ရက်တွင် မင်းချစ် ဇော်၊ သက်ဇော်ထွန်း(ခ)ငသက်၊ မြတ်မင်းစိုး(ခ)အာလူး၊ ဝိုင်းဝိုင်း လင်းထက်နှင့် ပိုင်ဝဏ္ဏတို့သည် နောင်ချိုမြို့နယ် ပန်ဝိုးလေး ကျေးရွာအနီးရှိ TNLA သင်တန်း တွင် ဖောက်ခွဲရေးသင်တန်းကို အခြားသင်တန်းသားများနှင့်အတူ တက်ရောက်ခဲ့ကြောင်း၊ ဖမ်းဆီး ရမိသူ ဇော်နိုး ဦးဆောင်၍ စဉ့်ကူးမြို့နယ်အတွင်း ဖွင့်လှစ် သော ဖောက်ခွဲရေးသင်တန်းကို အောင်ဇင်ဟိန်း၊ စိုးပြည့်အောင်နှင့် ဗိုလ်ဗိုလ်မြင့်သူတို့ တက်ရောက် ခဲ့ကြောင်း၊ စိုးပြည့်အောင်သည် ဖောက်ခွဲမှုများ ဆောင်ရွက်ရန် လက်ပစ်ဗုံးများအား သယ်ဆောင် ရောင်းချမှုများ ပြုလုပ်ခဲ့ပြီး လက်နက်ရောင်းဝယ်မှုများတွင် လည်း ပါဝင်ပတ်သက်ခဲ့ကြောင်း၊ ဇော်နိုးသည် ကျော်ဇင်သောင်း၊ ထွန်းတောက်နိုင်၊ မိုးတိမ်၊ တင်မောင်ထွေး (ဖမ်းဆီးရန်ကျန်) တို့နှင့်အတူ မန္တလေးမြို့အတွင်း အဖျက်လုပ်ငန်းများ လုပ်ဆောင် နိုင်ရေး ဦးဆောင်စီစဉ်ခဲ့မှုများတွင် ပါဝင်ခဲ့ကြောင်း၊ ဇော်နိုးသည် တိမ်းရှောင်လျက်ရှိသည့် တင်မောင် ထွေး၊ မျိုးမင်းတို့နှင့်အတူ TNLA သောင်းကျန်းသူများထံမှလက်ပစ် ဗုံးအလုံး ၂၅၀ အား သွားရောက် ယူဆောင်ရာတွင် ပူးပေါင်းပါဝင်ခဲ့ ကြောင်း၊ ၎င်းသည် KIA အဖွဲ့ စေခိုင်းမှုဖြင့် အစိုးရအဆောက် အအုံများနှင့် လူစည်ကားရာနေရာ များအား ဖောက်ခွဲဖျက်ဆီးရန် စီစဉ်နေသူဖြစ်ကြောင်း၊ ဒလန် ရှင်းလင်းရေးအတွက် လက်နက် ငှားရမ်းမှုများ ပြုလုပ်ရာတွင် ပူးပေါင်းပါဝင်ခဲ့ကြောင်း၊ ဇွန်လ တွင် ပုသိမ်ကြီးမြို့နယ်အတွင်း လုံခြုံရေး ဆောင်ရွက်နေသော ရဲတပ်ဖွဲ့ဝင် ၂ ဦးအား သေနတ် ဖြင့် ပစ်ခတ်ခဲ့သည့်ဖြစ်စဉ်တွင် လည်း တိမ်းရှောင်လျက်ရှိသည့် ဝေစိုးနှင့်အတူ ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့ကြောင်း ဖော်ထုတ် သိရှိရသည်။
လက်လုပ်မိုင်းဖောက်ခွဲ
ထို့ပြင် အောင်ကျော်သိန်း(ခ)နောင်နောင်နှင့် သက်ဇော်ထွန်း(ခ) ငသက်တို့သည် ဧပြီ ၂၀ ရက်တွင် အနီးစခန်းရဲကင်းနှင့် ဇွန် ၁၂ ရက် တွင် ရပ်ကွက်ကြီး (၅) ပြည်တော် သာလမ်းထိပ် ရပ်ကွက်ရုံးတို့ကို လက်လုပ်မိုင်းဖြင့် ပစ်ခတ်ရာ တွင် ပူးပေါင်းပါဝင် ကျူးလွန်ထား သူများဖြစ်ကြောင်း၊ မြတ်မင်းစိုး သည် ဇူလိုင် ၁၈ ရက်တွင် တပ်မတော်နည်းပညာတက္ကသိုလ် အနီး၌ လက်လုပ်မိုင်းဖောက်ခွဲမှု တွင် ပူးပေါင်းပါဝင် ကျူးလွန်သူ များဖြစ်ကြောင်း ဖော်ထုတ်သိရှိ ရသည်။
ဖမ်းဆီးရမိသူ ကျော်ဇင် သောင်း၏ ထွက်ဆိုချက်အရ ၂၀၂၁ခုနှစ် ဧပြီလတွင် မန္တလေးမြို့ ၆၂ လမ်းတွင်ရှိသော အထွေထွေ ရောဂါကု ဆေးရုံကြီးရှေ့တွင် ဖောက်ခွဲမှုပြုလုပ်ခဲ့ပြီး ဗဟို အမျိုး သမီးဆေးရုံတွင်လည်း ထပ်မံ ဖောက်ခွဲရန် စီစဉ်ထားကြောင်း၊ ဝါဝါထက်နှင့် ထက်ပိုင်ကျော်တို့ သည် ချမ်းအေးသာစံမြို့နယ်ရှိ ၈၆ လမ်းနေအိမ်တွင် မီးပုလင်း အလုံး ၁၀၀ နှင့် လက်လုပ်မိုင်း အလုံး ၅၀ တို့ကို ပြုလုပ်ခြင်း၊ CRPH အဖွဲ့နှင့် ချိတ်ဆက်၍ လက်လုပ်မိုင်း အလုံး ၈၀ ကို မှာယူ ပြီး ဖောက်ခွဲရေး ဆောင်ရွက်ရန် အတွက် ပြန်လည်ဖြန့်ခွဲပေးခြင်း တို့ကို ပြုလုပ်ရာတွင် ပါဝင် ခဲ့ကြောင်း၊ ဝါဝါထက်သည် တိမ်းရှောင်လျက်ရှိသည့် နွယ်နီ လှိုင်နှင့်အတူ ဧပြီလ (တတိယ ပတ်)အတွင်း အောင်မြေသာစံ မြို့နယ် ကညနရုံးရှေ့ ဗုံးပေါက်ကွဲ မှုဖြစ်စဉ်၌ ၎င်းတို့ ကိုယ်တိုင် ဗုံးဖောက်ခွဲရန်ပြုလုပ်စဉ် ပေါက်ကွဲ ခဲ့ပြီး ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ကြောင်း ဖော်ထုတ်သိရှိရသည်။
ထွက်ပြေးတိမ်းရှောင်နေ
ဖမ်းဆီးရမိသူ အောင်မင်း ထက်၏ ထွက်ဆိုချက်အရ မေ ၂၉ ရက်တွင် ပြည်ကြီးတံခွန် မြို့နယ် အထက(၂၇) စာသင် ကျောင်း ပညာရေးမှူးရုံးနှင့် (ဈ)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးများကို ဖောက်ခွဲရန်အတွက် ထွက်ပြေး တိမ်းရှောင်နေသူ မျိုးသီဟနှင့် အတူ ပူးပေါင်းဆောင်ရွက်ခဲ့ ကြောင်း ဖော်ထုတ်သိရှိရသည်။
အမြန်ဆုံးဖမ်းဆီးရမိရေး
သို့ဖြစ်ပါ၍ နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးနှင့် တရား ဥပဒေစိုးမိုးရေးကို ထိခိုက်ပျက်ပြား အောင် အဖျက်အမှောင့်လုပ်ငန်း များ လုပ်ဆောင်ရန်နှင့် လုံခြုံရေး တပ်ဖွဲ့ဝင်များကို တိုက်ခိုက်ရန် လုပ်ဆောင်မည့် ဇော်နိုး အပါ အဝင် မန္တလေးမြို့အတွင်းမှ PDF အဖွဲ့ဝင် စုစုပေါင်း ၂၃ ဦးကို ဖမ်းဆီးနိုင်ခဲ့ပြီး ချေမှုန်းရေး ရိုင်ဖယ် ၁ လက်၊ လက်လုပ်ဂက်စ် သေနတ် ၁ လက်၊ ကျည်အိမ် ၄ ခု၊ ကျည် ၂၀၉ တောင့်၊ MG-1 လက်ပစ်ဗုံး ၁ လုံး၊ ကြိုးဆွဲ လက်ပစ်ဗုံး ၆ လုံး၊ 91 လက်ပစ် ဗုံး ၃ လုံး၊ လက်လုပ်မိုင်း ၁ လုံး၊ လက်လုပ်မိုင်း ပြုလုပ်ရန် သံပိုက် ၄၀၊ ဆက်စပ်ပစ္စည်းများနှင့်ဆန္ဒပြ ခုခံပစ္စည်းများကို သိမ်းဆည်း နိုင်ခဲ့ကာ ဖမ်းဆီးရမိသူများအား ဥပဒေအရ ထိရောက်စွာ အရေးယူ နိုင်ရေး ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်းနှင့် ဆက်စပ် သူများကို အမြန်ဆုံး ဖမ်းဆီးရမိ ရေးအတွက် ၎င်းတို့ ပုန်းခိုရာနေရာ များ၊ လှုပ်ရှားသွားလာ နေထိုင်မှု သတင်းများရရှိပါက သက်ဆိုင်ရာ သို့ လျှို့ဝှက်စွာ သတင်းပေး တိုင်ကြားနိုင်ပါကြောင်းနှင့် မြို့/ရွာများ အမြန်ဆုံး တည်ငြိမ် အေးချမ်းရေးအတွက် ပြည်သူ တစ်ရပ်လုံး ပူးပေါင်းပါဝင်ကြိုးပမ်း ဆောင်ရွက်နိုင်ပါရန် မေတ္တာရပ်ခံ ထားသည်။
သတင်းစဉ်