
နေပြည်တော် ဖေဖော်ဝါရီ ၄
မန္တလေးတိုင်းဒေသကြီး မန္တလေးမြို့ရှိ မြနန်းစံကျော်ရွှေနန်းတော်၌ ကိုဗစ်ကာလ စည်းကမ်းချက်များနှင့်အညီ ရပ်နီး ရပ်ဝေးမှ လာရောက် လည်ပတ်လေ့လာသူများဖြင့် စည်ကားလျက်ရှိသည်။
ထိုသို့လာရောက်လည်ပတ်လေ့လာသော ပြည်သူများ စိတ်အေးချမ်း သာမှုရှိစေရေးအတွက် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန(မန္တလေးဌာနခွဲ)မှ တာဝန်ရှိသူများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင် များက စနစ်တကျကြပ်မတ်စစ်ဆေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိပြီး နေ့စဉ်နံနက် ၇ နာရီခွဲမှ ညနေ ၅ နာရီအထိ ဖွင့်လှစ်ပေးသွားမည် ဖြစ်ကြောင်းနှင့် လေ့လာသူများအနေဖြင့် မြနန်းစံကျော်ရွှေနန်းတော်အပါ အဝင် ကျောက်စာရုံ၊ ရှေးဟောင်းသမိုင်းဝင်အမြောက်များ ခင်းကျင်း ပြသထားသည့် အမြောက်ပြတိုက်၊ မင်းတုန်းမင်းဂူဗိမာန် ပုံစံငယ် ပြတိုက်၊ ဒင်္ဂါးသွန်းစက်ရုံတို့ကိုပါ လေ့လာနိုင်မည်ဖြစ်ကြောင်း သတင်း ရရှိသည်။
သတင်းစဉ်