မန္တလေးမြို့ လေးပြင်လေးရပ်ရှိ သံဃာတော် ၁၀၂၆၄ ပါးအား ဆွမ်းနှင့် လှူဖွယ်ပစ္စည်းများ၊ နဝကမ္မဝတ္ထုငွေများ လောင်းလှူပူဇော်ခြင်း မဟာမင်္ဂလာအခမ်းအနားကို MRTV မှ တိုက်ရိုက်ထုတ်လွှင့်မည်

 

နေပြည်တော်   မေ   ၁၂


မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့က       ကြီးမှူးကျင်းပသည့် သာသနာတော်နှစ် ၂၅၆၆ နှစ်   အထိမ်းအမှတ်အဖြစ်  မန္တလေးမြို့  လေးပြင်လေးရပ်ရှိ    သံဃာတော်  ၁၀၂၆၄  ပါးအား   ဆွမ်းနှင့် လှူဖွယ်ပစ္စည်းများ၊   နဝကမ္မဝတ္ထုငွေများ  လောင်းလှူပူဇော်ပွဲ မဟာမင်္ဂလာအခမ်းအနားကို  မေ  ၁၄  ရက်  (ကဆုန်လပြည့် -ဗုဒ္ဓနေ့) နံနက် ၆ နာရီတွင်  မန္တလေးမြို့  နန်းမြို့ရိုး လေးပြင်လေးရပ်၌ တစ်ဖက်လျှင်  သံဃာတော်  ၂၅၆၆  ပါးစီဖြင့်  တစ်ပြိုင်နက်တည်း  ကျင်းပသွားမည်ဖြစ်သည်။

 


အဆိုပါ   အခမ်းအနားကျင်းပပုံများကို  ယင်းနေ့နံနက်  ၅ နာရီ ၄၅ မိနစ်အချိန်မှစတင်ကာ  မြန်မာ့အသံနှင့်ရုပ်မြင်သံကြား MRTV – HD ၊ MWD ၊ MWD Variety ၊ Forever  မဟာဗောဓိရုပ်သံလိုင်း၊ Sky Net Up to Date ၊ Buddha Channel နှင့် Channel 9 ၊ MOI Website ၊ MOI Youtube ၊ MRTV Website တို့မှ   တိုက်ရိုက် (Live)  ထုတ်လွှင့် ပြသသွားမည်ဖြစ်သည်။


သတင်းစဉ်