မန္တလေးမြို့ အိုးဘိုထောင်၌ နိုင်ငံရေးအကျဉ်းသူတစ်ဦး အကျဉ်းထောင်အတွင်း ဆေးကုသမှု လုံလောက်စွာမရရှိဘဲ သေဆုံးသွားကြောင်း ကောလာဟလသတင်းအမှားများကို ရေးသားဖြန့်ဝေလျက်ရှိ

နေပြည်တော်  ဖေဖော်ဝါရီ   ၁၄ 
မန္တလေးမြို့ အိုးဘိုထောင်၌ နိုင်ငံ ရေးအကျဉ်းသူ   မယဉ်မိုးသည် အကျဉ်းထောင်အတွင်း ဆေးကုသ မှု   လုံလောက်စွာ     မရရှိခဲ့ဘဲ ကျောက်ကပ်ရောဂါဖြင့် မန္တလေး ဆေးရုံကြီး၌ သေဆုံးသွားကြောင်း၊ ထောင်တွင်းဆေးရုံမှာ ဘာရောဂါ မှန်းမသိဘဲ   ကုသမှုခံယူနေရင်း နေမကောင်းလိုက်၊  ပြင်ပဆေးရုံ ပို့လိုက်၊   လုံခြုံရေးမပေးနိုင်ဘူး ဆိုပြီး အကျဉ်းထောင်သို့ ပြန်ပို့ လိုက်နဲ့ ဖေဖော်ဝါရီ ၄   ရက်က သေဆုံးသွားကြောင်း၊   အကျဉ်း ထောင်တွင်    ဆေးဝါးကုသမှု လုံလောက်စွာ   မရရှိကြောင်း ကောလာဟလ သတင်းအမှားများ ကို တရားမဝင်ပြည်ဖျက်မီဒီယာ Mizzima  ကမဟုတ်မမှန် ရေးသား ဖြန့်ဝေနေသည်ကိုတွေ့ရှိရသည်။ 
အဆိုပါ  ကောလာဟလသတင်း နှင့်ပတ်သက်၍ အကျဉ်းဦးစီးဌာန မှ တာဝန်ရှိသူတစ်ဦး၏ ပြောကြား ချက်အရ ဖြစ်စဉ်မှာ မယဉ်မိုးသည် အများသူငါသွားသည့် လမ်းပေါ်၌ တာယာကွင်းများအား  ဓာတ်ဆီ လောင်း၍မီးရှို့ခြင်း၊ ဆူပူအော်ဟစ် ခြင်း၊ အားပေးကူညီခြင်း၊ ပြစ်မှုများ ဖြင့် ထောင်ဒဏ်ကျခံနေရသူဖြစ် ကြောင်း၊ အကျဉ်းထောင်လုပ်ငန်း သဘောသဘာဝအရ    မန္တလေး ထောင်မှ       မြင်းခြံထောင်သို့ ရွှေ့ပြောင်းခဲ့ကြောင်း၊    မြင်းခြံ ထောင်တွင် နှလုံးသွေးတိုးရောဂါ၊ သွေးအားနည်းရောဂါ၊   အမော ဖောက်ရောဂါတို့ဖြင့် ထောင်ဆေးရုံ တွင် ၁-၇-၂၀၂၃ မှ ၁၀-၇-၂၀၂၃ အထိ ကုသပေးခဲ့ကြောင်း၊  ၁၀-၇-၂၀၂၃ တွင် မြင်းခြံခရိုင် ပြည်သူ့ ဆေးရုံသို့ လွှဲပြောင်းကုသပေးစေခဲ့ ကြောင်း၊ သမားတော်ကြီးများက မန္တလေးအထွေထွေ   ရောဂါကု ဆေးရုံ ကြီး သို့  ပြောင်းရွှေ့ကုသရန် မှတ်ချက်ပြုပြီး ၂၁-၇-၂၀၂၃ ရက် တွင် ဆေးရုံဆင်းခွင့်ပြုခဲ့ကြောင်း၊ ဆေးဝါး    ကုသနိုင်ရန်အတွက်  မြင်းခြံထောင်မှ မန္တလေးထောင်သို့ ၇-၈-၂၀၂၃ ရက်တွင် ပြောင်းရွှေ့ ပေးခဲ့ကြောင်း၊ မန္တလေးဆေးရုံကြီး သို့    ၁၄-၉-၂၀၂၃  ရက်တွင် ပြသ ခဲ့ကြောင်း၊ မန္တလေးဆေးရုံကြီးသို့ ငါးကြိမ်ဆေးရုံတက်ကုသပြီး သမား တော်ကြီးများ၏ ညွှန်ကြားချက် အတိုင်း ကုသဆောင်ရွက်ပေးခဲ့ ကြောင်း၊ ဆေးရုံတင်ပို့ကုသနေစဉ် ၄-၂-၂၀၂၄ ရက်၌   ကျောက်ကပ် ပျက်စီးခြင်း၊  ဆီးမသွားနိုင်ခြင်း ရောဂါဖြင့်    သေဆုံးခဲ့ခြင်းဖြစ် ကြောင်း၊ အကျဉ်းထောင်ဥပဒေ အရ နေမကောင်းသူကို ဆေးကုသ ခွင့်မပေး၍မရကြောင်း၊ အကျဉ်း ထောင်ဆေးရုံ၌   အကျဉ်းထောင် ဆရာဝန်နှင့် ကုသနိုင်သလောက် ကုသပေးပြီး လိုအပ်ပါက   ပြင်ပ ပြည်သူ့ဆေးရုံကြီးများသို့  လွှဲ ပြောင်းကုသပေးရကြောင်း၊ လုံခြုံ ရေးမပေးနိုင်၍ ဆေးရုံမှ   ဆင်းခွင့် တောင်းခြင်းပြုလုပ်၍       မရ ကြောင်း သတင်းဖော်ပြချက်များ မှာ ပြည်သူလူထု   ထင်ယောင် ထင်မှားဖြစ်စေရန်    အဖျက် အမှောင့်      ရည်ရွယ်ချက်ဖြင့် ရေးသားဖော်ပြထားသည့် သတင်း ဖြစ်ကြောင်း သိရှိရသည်။
သတင်းစဉ်