
နေပြည်တော် မတ် ၆
မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ ၈၄ လမ်းနှင့် လမ်း ၃၀ လမ်းမပေါ်၌ မတ် ၃ ရက်က လူစုလူဝေးဖြင့်ပိတ်ဆို့ဆန္ဒပြနေ သည့် လူအုပ်စုအား တာဝန်ရှိသည့် အုပ်ချုပ် ရေးအဖွဲ့များနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ က လူစုခွဲပေးရန် အကြိမ်ကြိမ် မေတ္တာ ရပ်ခံခဲ့သော်လည်း လူစုခွဲခြင်းမပြုသည့် အပြင် အကြမ်းဖက် ရုန်းရင်းဆန်ခတ်မှု များကိုပါ ပြုလုပ်လာသောကြောင့် လုံခြုံ ရေးတပ်ဖွဲ့ဝင်များက အနည်းဆုံးအင်အား အနိမ့်ဆုံးအဆင့်ဖြင့် လူစုခွဲမှုကို ဆောင်ရွက် ခဲ့သည်။
အဆိုပါ လူစုလူဝေးဖြင့် အကြမ်းဖက် ရုန်းရင်းဆန်ခတ်မှုပြုလုပ်စဉ်အတွင်း အမျိုး သမီးငယ်တစ်ဦး ထိခိုက်ဒဏ်ရာရရှိ၍ သေဆုံးခဲ့ကြောင်း သိရှိရသဖြင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ သေမှုသေခင်းရေးဖွင့်ပြီး စုံစမ်း စစ်ဆေးနိုင်ရေး ဆောင်ရွက်ခဲ့သော်လည်း သေဆုံးသူနှင့်သက်ဆိုင်သူများက အလောင်း ကို စစ်ဆေးခွင့်မပြုခဲ့ဘဲ ၎င်းတို့၏သဘော အလျောက် ဂူသွင်းသင်္ဂြိုဟ်ခဲ့သည်။
မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သေဆုံးမှုနှင့် ပတ်သက်၍ ဥပဒေနှင့်အညီ စုံစမ်းစစ်ဆေး နိုင်ရေးအတွက် သေဆုံးသူ၏ အလောင်းအား ဆရာဝန်ဖြင့် ခွဲစိတ်စစ်ဆေးရန် လိုအပ် သဖြင့် သေဆုံးသူ၏ဖခင်ထံ ခွင့်ပြုချက် တောင်းခံပြီး မတ် ၅ ရက်တွင် မန္တလေး ခရိုင်ရဲတပ်ဖွဲ့မှူးနှင့် တာဝန်ရှိသူများ၊ သက်ဆိုင်ရာ တရားသူကြီးနှင့် ဆေးဘက် ဆိုင်ရာ ဆရာဝန်များသည် သက်သေများနှင့် အတူ တရားသူကြီး၏ ခွင့်ပြုမိန့်ဖြင့် သေဆုံး သူ၏အလောင်းအား အုတ်ဂူမှ ပြန်လည် တူးဖော်၍ အသေးစိတ် ခွဲစိတ်စစ်ဆေး ခဲ့ရာ ရရှိခဲ့သောဒဏ်ရာမှာ ဦးခေါင်းဝဲဘက် နားရွက်နောက် ဖောက်ဝင်ခြင်းဖြစ်ပြီး ဦးနှောက်အတွင်း ကပ်နေသည့် အလျား ၁ ဒသမ ၂ စင်တီမီတာ၊ အနံ ၀ ဒသမ ၇ စင်တီမီတာခန့် အရွယ်အစားရှိ ခဲသတ္တု အစိတ်အပိုင်းတစ်ခုကို တွေ့ရှိရပြီး ယင်း တွေ့ရှိရသည့် ခဲသတ္တုအစိတ်အပိုင်းသည်
မြန်မာနိုင်ငံရဲတပ်ဖွဲ့တွင် ကိုင်ဆောင်အသုံးပြုနေသည့် အဓိကရုဏ်း နှိမ်နင်းရေးခဲယမ်းများ၊ ချေမှုန်းရေးခဲယမ်းများ၏ ကျည်ထိပ်ဖူးနှင့် ကွာခြားမှုရှိနေကြောင်း တွေ့ရှိရသည်။
အခင်းဖြစ်ပွားချိန်က တာဝန်ကျလုံခြုံရေး ရဲတပ်ဖွဲ့ဝင်များသည် လူစုလူဝေးနှင့် မျက်နှာချင်းဆိုင်အနေအထား၌ နေရာယူထား ခြင်းဖြစ်သော်လည်း သေဆုံးသူ အမျိုးသမီးဦးခေါင်း၌ ရရှိထား သည့် ဒဏ်ရာမှာ ဦးခေါင်းနောက်စေ့တွင်ဖြစ်ခြင်း၊ တွေ့ရှိရသည့် သတ္တုအစိတ်အပိုင်းမှာ ဒသမ ၃၈ ကျည်ဖြင့် ထည့်သွင်းပစ်ခတ်နိုင် သော ပွိုင့်တာသေနတ်ဖြင့် ပစ်ခတ်နိုင်သည့် ခဲယမ်းအမျိုးအစား ဖြစ်သည်ကို တွေ့ရှိရခြင်းကြောင့် တည်ငြိမ်အေးချမ်းမှုကို မလိုလား သူများက ပဋိပက္ခပိုမိုကြီးထွားလာစေရန် လုပ်ကြံဖန်တီးမှုဖြစ်နိုင် ကြောင်း သုံးသပ်ရရှိ၍ နောက်ကွယ်မှ ကြိုးကိုင်ဆောင်ရွက်နေသူ များအား ဖော်ထုတ်အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်