
နေပြည်တော် ဇန်နဝါရီ ၉
မန္တလေးစက်မှုဇုန်မှ လုပ်ငန်းရှင် များ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီတွင် မန္တလေးမြို့ Pullman Mandalay Mingalar Hotel သဇင်ခန်းမ၌ ဗီဒီယို ကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။
အစည်းအဝေးတွင် စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဦးညွန့်အောင် က ကုန်သွယ်မှုနှင့် ကုန်စည် စီးဆင်းမှု မှန်ကန်မြန်ဆန်စေရေး ဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက် ၍ အဖွင့်အမှာစကားပြောကြားခဲ့ ပြီး ကုန်သွယ်မှုနှင့် ကုန်စည် စီးဆင်းမှုများ မှန်ကန်မြန်ဆန် စေရေး ဗဟိုကော်မတီတွဲဖက် အတွင်းရေးမှူးနှင့် လုပ်ငန်း ကော်မတီ အတွင်းရေးမှူးတို့က ဗဟိုကော်မတီနှင့် လုပ်ငန်း ကော်မတီတို့မှ ဆောင်ရွက်ပေးမှု ကို ရှင်းလင်း ပြောကြားခဲ့သည်။
ဆက်လက်၍ ဆွေးနွေးပွဲသို့ တက်ရောက်လာကြသော စက်မှု ဇုန်နှင့် စီးပွားရေးလုပ်ငန်းရှင်များ က ကုန်သွယ်မှုဆိုင်ရာကိစ္စများ၊ လုပ်ခလစာငွေ ထုတ်ယူရရှိရေး ကိစ္စရပ်များ၊ စက်ရုံများအတွက် လိုအပ်သောကုန်ကြမ်းပစ္စည်းများ ဝယ်ယူနိုင်ရန် ငွေသားထုတ်ယူနိုင် ရေးကိစ္စရပ်များ၊ ဘဏ်ပိုင်းဆိုင်ရာ ကိစ္စရပ်များ၊ ကုန်သွယ်မှုအခက် အခဲများ၊ သယ်ယူပို့ဆောင်ရေး ဆိုင်ရာအခက်အခဲများ၊ လတ် တလော ရင်ဆိုင်ကြုံတွေ့နေရ သော ကိစ္စနှင့်ပတ်သက်၍ သိလို သည်များကို လွတ်လပ်ပွင့်လင်းစွာမေးမြန်းခဲ့မှုအပေါ် တာဝန်ရှိသူ များက ပြန်လည်ဖြေကြားရှင်းလင်း ဆွေးနွေးခဲ့ကြပြီး ဒုတိယဝန်ကြီး က စက်မှုဇုန်နှင့် စီးပွားရေးလုပ်ငန်း ရှင်များအနေဖြင့် ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများနှင့် ပတ် သက်၍ အခက်အခဲများဖြစ်ပေါ် ပါက ဗဟိုကော်မတီ တယ်လီဖုန်း အမှတ် ၀၆၇ - ၄၀၉၆၇၁ ၊ ၀၆၇- ၄၀၉၆၇၂ နှင့် လုပ်ငန်းကော်မတီ တယ်လီဖုန်းအမှတ် ၀၉ - ၆၆၄၀ ၇၅၆၈၃ ၊ ၀၉ -၆၆၄၅၉၆၃၂၇ များသို့ ဆက်သွယ်နိုင်ကြောင်း ပြောကြားသည်။
ထို့နောက် ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုမှန်ကန်မြန်ဆန် စေရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီး ဦးညွန့်အောင်က နိဂုံးချုပ်စကား ပြောကြားသည်။
အဆိုပါ အခမ်းအနားသို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယ ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေ၊ မန္တလေး တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်ကျော်မင်း၊ မန္တလေးတိုင်း ဒေသကြီး စီးပွားရေးရာဝန်ကြီး ဦးသိန်းဌေး၊ ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန် မြန်ဆန်စေရေး လုပ်ငန်းကော်မတီ အတွင်းရေးမှူးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မန္တလေးတိုင်း ဒေသကြီး ကုန်သည်နှင့် စက်မှု လက်မှု လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ မန္တလေးတိုင်းဒေသကြီးရှိ လုပ်ငန်း ရှင်များ၊ စက်ရုံအလုပ်ရုံများနှင့် ကုမ္ပဏီ အသင်းအဖွဲ့များမှ တာဝန် ရှိသူများ တက်ရောက်ခဲ့ကြ ကြောင်း သိရသည်။
သတင်းစဉ်