
မန္တလေး ဩဂုတ် ၃
မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံ မြို့နယ် အိုးဘိုရပ်ကွက်ရှိ မန္တလေးဗဟို အကျဉ်းထောင်၌ အကျဉ်းသားများအား ယနေ့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေးများထိုးနှံပေးသည်။
ဆေးထိုးနှံပေး
ထိုသို့ ထိုးနှံပေးရာတွင် နံနက်ပိုင်းမှ စတင်၍ အကျဉ်းထောင်အတွင်း သတ်မှတ်ထားသည့် စုရပ်နေရာများ၌ အကျဉ်းသား ၃၅၀၊ အကျဉ်းသူ ၂၅၀ စုစုပေါင်း ၆၀၀ အား ကျန်းမာရေးဝန်ထမ်း များက ကိုဗစ်-၁၉ ကာကွယ်ရေးနည်းလမ်း များနှင့်အညီ ဆေးထိုးနှံပေးကြသည်။
အဆိုပါ ဆေးထိုးနှံမှုနှင့်စပ်လျဉ်း၍ မန္တလေးဗဟိုအကျဉ်းထောင် တာဝန်ခံ အရာရှိ ဒုတိယညွှန်ကြားရေးမှူး ဦးရဲရင့်နိုင် က “အကျဉ်းထောင်အတွင်းမှာရှိတဲ့ အကျဉ်းသားအားလုံး လွှမ်းခြုံအောင် ထိုးနှံပေးမှာပါ။ တချို့ကျတော့ ကိုဗစ်-၁၉ ဆေးနှစ်ကြိမ်ထိုးပြီးတဲ့ သူတွေရှိပါတယ်။ အဲဒီလိုလူတွေကိုတော့ မထိုးပေးပါဘူး။ ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာတွေ ကိုလည်း မထိုးပေးပါဘူး။ သူတို့က ခြောက်လအတွင်း ထိုးပေးလို့မရပါဘူး။
ယခုကာလအတွင်း လူသတ်မှု၊ လုယက်မှု၊ မီးရှို့မှု၊ မိုင်းဖောက်ခွဲမှု၊ လုံခြုံရေးတပ်ဖွဲ့ဝင်များအား ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်မှု၊ ပြည်သူ့ ဝန်ထမ်းများနှင့် ပြည်သူအချို့အား အုပ်စုဖွဲ့ ကိုယ်ထိလက်ရောက် တိုက်ခိုက်မှု၊ အစိုးရပိုင်အဆောက်အဦများနှင့် ပုဂ္ဂလိကပိုင်အဆောက် အဦများအား ဖျက်ဆီးမှု၊ (CDM) လှုပ်ရှားမှုတွင် ငွေကြေးအရဖြစ်စေ၊ အခြားနည်းလမ်းဖြင့်ဖြစ်စေ၊ နက်ရှိုင်းစွာ ကာယကံမြောက်ပါဝင်သူ များမှအပ စိုးရိမ်စိတ်ကြောင့် ထွက်ပြေးတိမ်းရှောင်နေကြသည့် ဝန်ထမ်းများ၊ အသိပညာရှင်၊ အတတ်ပညာရှင်များ၊ အခြားနယ်ပယ် အသီးသီးမှ ပုဂ္ဂိုလ်များ၊ နိုင်ငံသားများအနေဖြင့် ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်မည်ဆိုပါက ၎င်းတို့အပေါ် ရေးဖွင့်ထားသည့် အမှု များကို ဥပဒေနှင့်အညီ ပိတ်သိမ်းခြင်း၊ ရုပ်သိမ်းခြင်းများ ဆောင်ရွက် ပေးမည်ဖြစ်သဖြင့် အောက်တွင် ဖော်ပြထားသည့် ဖုန်းနံပါတ်များသို့ ယုံကြည်စိတ်ချစွာဖြင့် ဆက်သွယ်နိုင်ပါသည်။
ထိုကဲ့သို့ဆက်သွယ်ပါက မည်ကဲ့သို့ ဆောင်ရွက်ရမည်ကို ညွှန်ကြားပေးမည်ဖြစ်ပြီး သက်ဆိုင်ရာမှ အမှုပိတ်သိမ်းခြင်း၊ ရုပ်သိမ်းခြင်းကို ဥပဒေနှင့်အညီ ဆက်လက်ဆောင်ရွက်ပေးမည် ဖြစ်သည်။
သို့ဖြစ်ပါ၍ အပိုဒ် ၃ တွင် ဖော်ပြထားသည့် ပြစ်မှုမျိုးများမှအပ မိမိသဘောဆန္ဒအလျောက် ပြန်လာလိုသူများသည် ဖော်ပြပါ ဖုန်းနံပါတ်များသို့ ဖြစ်စေ၊ နီးစပ်ရာ ရဲစခန်း၊ မြို့နယ်၊ ခရိုင်စီမံအုပ်ချုပ် ရေးကောင်စီများသို့ဖြစ်စေ ယုံကြည်စိတ်ချစွာဖြင့် ဆက်သွယ်ဆောင် ရွက်နိုင်ကြောင်း သိရသည်။
သတင်းစဉ်