မန္တလာတက္ကသိုလ် နေ့သင်တန်းနှင့် အဝေးသင်သင်တန်းများ၏ ပထမအကြိမ် ဘွဲ့နှင်းသဘင်အခမ်းအနားကျင်းပ

 

မန္တလေး  ဖေဖော်ဝါရီ  ၂၁
မန္တလာတက္ကသိုလ်       နေ့သင်တန်း၊ အဝေးသင် သင်တန်းတို့၏ ပထမအကြိမ်   ဘွဲ့နှင်းသဘင် အခမ်းအနားကို  အမရပူရ မြို့နယ်ရှိ အဆိုပါတက္ကသိုလ်၏ ဘွဲ့နှင်း သဘင်ခန်းမ၌ ဖေဖော်ဝါရီ ၁၈ ရက်နှင့် ၁၉ ရက်က ကျင်းပသည်။
အဆိုပါ အခမ်းအနားတွင် နေ့သင် တန်းမှ ၂၀၁၉-၂၀၂၀ ပညာသင်နှစ် ဝိဇ္ဇာ/ သိပ္ပံ(ဘွဲ့)နှင့် ဝိဇ္ဇာ/ သိပ္ပံ(ဂုဏ်ထူးဘွဲ့)၌ တက်ရောက်ဘွဲ့ ၁၁၂ ဦးနှင့် အဝေးရောက် ဘွဲ့ခုနစ်ဦး၊ အဝေးသင်သင်တန်းမှ ၂၀၁၉ ပညာသင်နှစ်နှင့် ၂၀၂၂ ပညာသင်နှစ်မှ ဝိဇ္ဇာ/သိပ္ပံ(ဘွဲ့)၌ တက်ရောက်ဘွဲ့ ၇၂၆ ဦးနှင့်    အဝေးရောက်ဘွဲ့   ၁၂၁ ဦးတို့ကို သက်ဆိုင်ရာဘွဲ့များ   အပ်နှင်းခဲ့ကြောင်း  မန္တလာတက္ကသိုလ်      ပါမောက္ခချုပ်  ဒေါက်တာ  ခင်စန်းစန်းဝင်းထံမှ  သိရ သည်။ 
မန္တလာတက္ကသိုလ်တွင်  ဘာသာရပ် ပေါင်း ၁၃ ခုကို သင်ကြားပို့ချပေးလျက်ရှိရာ  နှစ်စဉ်ပုံမှန်ဝင်ခွင့်ရ        ကျောင်းသား ကျောင်းသူ ၅၀၀၀ မှ ၆၀၀၀ ဝန်းကျင် လက်ခံသင်ကြား     ပေးလျက်ရှိသည်။ ၂၀၂၂-၂၀၂၃  ပညာသင်နှစ် မှစတင်၍ Environmental   Studies   နှင့် Environmental Science ဘာသာရပ် နှစ်ခုကို        တိုးမြှင့်ထည့်သွင်း သင်ကြားပေးလျက်ရှိကြောင်း     သိရ သည်။
ဝိဇ္ဇာ၊ သိပ္ပံ အထူးပြုသင်တန်းကာလ  လေးနှစ် သတ်မှတ်ထားပြီး ဘာသာရပ် တစ်ခုကို  သင်တန်းသား  ၅၀  လက်ခံ သင်ကြားလျက်ရှိကာ      သင်တန်းပြီး မြောက်ပါက  B.ES  (Environmental Studies), B.Sc (Enviro-nmental Science)   ဘွဲ့များ    ပေးအပ်မည်ဖြစ် ကြောင်း၊  ထို့တူ  ခရီးသွားလုပ်ငန်းနှင့် ဧည့်ဝန်ဆောင်မှု    စီမံခန့်ခွဲမှုပညာ ဘာသာရပ်  (Bachelor of Tourism and Hospitality Management- BTHM)ဘွဲ့ လေးနှစ်သင်တန်းကိုလည်း သင်ကြားပေး လျက်ရှိကြောင်း သိရသည်။ 
အဆိုပါတက္ကသိုလ်မှာ     ၂၀၁၂  ခုနှစ် ဒီဇင်ဘာ  ၁ ရက်တွင်    ကောလိပ်အနေဖြင့် စတင်ခဲ့ပြီး  ၂၀၁၆ ခုနှစ်တွင်   ကောလိပ်မှ ဒီဂရီကောလိပ် အဖြစ်သို့လည်းကောင်း၊ ၂၀၂၀ ပြည့်နှစ် စက်တင်ဘာ ၁  ရက်တွင် မန္တလာတက္ကသိုလ်အဖြစ် လည်းကောင်း အဆင့်ဆင့်တိုးမြှင့် ဖွင့်လှစ်နိုင်ခဲ့ကြောင်း၊ ဝိဇ္ဇာဘွဲ့(B.A) နှင့် သိပ္ပံဘွဲ့ (B.Sc)အတန်း များအပြင် မဟာဝိဇ္ဇာနှင့် မဟာသိပ္ပံဘွဲ့   သင်တန်းများကိုပါ ဖွင့်လှစ်သင်ကြားပေး လျက်ရှိပြီး ၂၀၁၈-၂၀၁၉ အထိ ဘွဲ့ရ  ကျောင်းသား ကျောင်းသူ ၃၀၀၀ ကျော်ကို   မွေးထုတ်ပေးနိုင်ခဲ့ပြီဖြစ်ကြောင်း သိရ သည်။
မန်း(ကိုယ်ပွား)