“မန်းသိင်္ဂါ”  ရုပ်စုံသဘင် သုဝဏ္ဏသာမဇာတ်တော်ကြီး  ဖျော်ဖြေတင်ဆက်မှုကို မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၌ ပြသမည်

 

နေပြည်တော်  မေ  ၄


ပြည်သူများ    အပန်းပြေစေရန်၊ ပျော်ရွှင်စေရန်နှင့်   စိတ်ခွန်အား သစ်များ ရရှိနိုင်ရန်အတွက် မြန်မာ့ အသံနှင့်ရုပ်မြင်သံကြားမှ ဖျော်ဖြေ ရေးအစီအစဉ်များကို     တိုးမြှင့် တင်ဆက်လျက်ရှိရာ “မန်းသိင်္ဂါ”  ရုပ်စုံသဘင်         သုဝဏ္ဏသာမ ဇာတ်တော်ကြီးကို  မေ   ၇  ရက် စနေနေ့    ည   ၈  နာရီ  သတင်း အပြီးတွင်      မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၏  MRTV – HD Channel   မှ   ထုတ်လွှင့်ပြသ မည်ဖြစ်သည်။

 


ယင်းတင်ဆက်မှုကို  ပြန်ကြား ရေးဝန်ကြီးဌာန    မြန်မာ့အသံ နှင့်  ရုပ်မြင်သံကြားနှင့်  သာသနာ ရေးနှင့်     ယဉ်ကျေးမှုဝန်ကြီး ဌာန      အမျိုးသားယဉ်ကျေးမှု နှင့်      အနုပညာတက္ကသိုလ်  (မန္တလေး)တို့      ပူးပေါင်းတင်ဆက် ခြင်းဖြစ်ပြီး   ဇာတ်ညွှန်း   နန်းမြင့် ဆွေ   (မန္တလေး - ရွှေတံဆိပ်ဆု များရှင်)   ရေးသားကာ  အမျိုးသား ယဉ်ကျေးမှုနှင့်        အနုပညာ တက္ကသိုလ် (မန္တလေး)  တို့မှ  ဆိုင်း ပညာရှင်များ၏       တီးခတ်မှုနှင့် အတူ     အမျိုးသားယဉ်ကျေးမှု နှင့်     အနုပညာတက္ကသိုလ်    (မန္တလေး) ၊       သဘင်ပညာဌာနမှ အနုပညာရှင်များက      တင်ဆက် ကြမည်ဖြစ်ကြောင်း       သိရ သည်။ 


သတင်းစဉ်