မွန်ရိုးရာရက်ကန်းအထည်များကို ယခုအခါ ဝယ်ယူသူများလာသဖြင့် ဒေသတစ်ခု ထုတ်ကုန်တစ်ခုတွင် တိုးမြှင့်ထည့်သွင်းဆောင်ရွက်လာ

 

မုဒုံ   မတ်    ၂


မွန်ပြည်နယ်သည် လမ်းပန်းဆက်သွယ်ရေးကောင်းမွန်ပြီး စီးပွားရေးဖွံ့ဖြိုးတိုးတက် သောပြည်နယ်တစ်ခုဖြစ်ရာ     မွန်လူမျိုးတို့၏  အထွတ်အမြတ်ထား ဝတ်ဆင်ကြသည့် ရိုးရာ ဝတ်စုံကို  ရာသီမရွေး  လူမျိုးမရွေး   ဝတ်ဆင် နိုင်သဖြင့် ယခုအခါ   နိုင်ငံအတွင်း   ပြည်သူ များ  ဝယ်ယူဝတ်ဆင်လူကြိုက်များလာကာ ပြည်တွင်းမှာသာမက  ပြည်ပနိုင်ငံများအထိ  တင်ပို့ရောင်းချလျက်ရှိသည်။


မွန်ရိုးရာ     ရက်ကန်းအထည်များကို ရက်လုပ်သည့်အခါတွင်  ရက်ကန်းစင်ကြီးဖြင့် ရက်လုပ်ရပြီး    အကွက်များဖော်၍   ခတ်ရ ကြောင်း၊ ချည်သုံးထုပ် စင်ပေါ်တင်၍ ခတ်မည် ဆိုပါက အထည်  ၄၀ ခန့်ရရှိကြောင်း၊ မွန်ရိုးရာ လက်ရက်ကန်းကို ဘေးဆွဲပုံ၊ နှပ်ထိုးပုံများက အများအားဖြင့်      ရက်ကန်းရက်လုပ်ရာတွင် တူညီပါကြောင်းနှင့်  ရက်လုပ်ရာတွင် တစ်နေ့ လျှင်   လုံချည်သုံးကွင်း၊   ထဘီရက်လုပ်ပါက နှစ်ကွင်းရရှိကြောင်း မုဒုံမြို့နယ် နိုင်လှုံကျေးရွာ မှ မွန်ရိုးရာရက်ကန်းလုပ်ကိုင်သူ ဒေါ်ချိုချိုမြင့် က ပြောသည်။ 


မွန်ရိုးရာအထည်များ ရက်လုပ်ပြီး ထွက်ရှိ လာသည့်   အထည်များကို    မြို့နယ်အတွင်း ရှိ   မွန်ရိုးရာ   အထည်အရောင်းဆိုင်များသို့  ဆိုင်တင်ရောင်းချရကာ    ဆိုင်များမှတစ်ဆင့် ပြည်တွင်းဝယ်ယူသူများအပြင်   ထိုင်း၊  စင်ကာပူ၊ မလေး၊ ကိုရီးယား၊ ဂျပန်နိုင်ငံ များ၌  နေထိုင်သည့်  မွန်တိုင်းရင်းသား များမှ  အများဆုံးမှာယူကြ၍   ပြည်ပ နိုင်ငံများအထိ    တင်ပို့ရောင်းချပေး လျက်ရှိသောကြောင့်  မွန်ရိုးရာအထည် များ  ရောင်းအားကောင်းလာကြောင်း လုပ်ငန်းရှင်တစ်ဦးထံမှ သိရသည်။ 


မွန်ရိုးရာ လက်ရက်ကန်းအထည် များ   လုပ်ကိုင်ကြသည့်    စီးပွားရေး လုပ်ငန်းရှင်များ   စျေးကွက်ပိုမိုရရှိလာ စေရန်၊   ရက်ကန်းရက်လုပ်ရောင်းချသူ များ  အဆင်ပြေစေရန်နှင့်   အသေးစား၊ အငယ်စား၊ အလတ်စား (MSME) စီးပွား ရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေ ရန်အတွက်    ဒေသတစ်ခု    ထုတ်ကုန် တစ်ခု (One Reagion One Product)တွင် တိုးမြှင့်ထည့်သွင်းဆောင်ရွက်ထားကြောင်း သိရသည်။


အောင်မျိုးသူ (ပြန်/ဆက်)