
မင်းဘူး ဧပြီ ၂၁
မကွေးတိုင်းဒေသကြီး မင်းဘူး ခရိုင် မင်းဘူး(စကု)မြို့နယ် မန်းရွှေစက်တော် ဘုရားကြီးမှ တည်းခိုဆောင်များ ယခုလအပြီး ဖျက်သိမ်းပေးရန် ညွှန်ကြားထား ကြောင်း ရွှေစက်တော်ဂေါပက အဖွဲ့ထံမှ သိရသည်။
မန်းရွှေစက်တော် ဘုရားပွဲ တော်ကို နှစ်စဉ်တပို့တွဲလဆန်း ၅ ရက်နေ့မှ မြန်မာနှစ်ဆန်း ၁ ရက်နေ့အထိ စည်ကားသိုက်မြိုက် စွာ ကျင်းပလာခဲ့ပြီး နှစ်ဆန်း ၁ ရက်နေ့မှစတင်ကာ အောက်ခြေ တော်ရာ ဖန်အုပ်ဆောင်းနှင့် အထက်ခြေတော်ရာ သံတံခါးများ ပိတ်သိမ်းထားကြောင်း သိရ သည်။
“ကျွန်တော်တို့ မန်းရွှေစက်တော် ပါဒစေတီတော်များအနေနဲ့ နှစ်စဉ် တပို့တွဲလဆန်း ၅ ရက်နေ့မှ နှစ်ဆန်း ၁ ရက်နေ့အထိ သုံးလ တိုင်တိုင် စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိပြီး နှစ်ဆန်း ၁ ရက်နေ့ နောက်ပိုင်းမှာတော့ ပါဒ စေတီတော်များမှ ဖန်အုပ်ဆောင်း နှင့် သံတံခါးများပိတ်ထားပြီး တည်းခိုဆောင်များနှင့် ဈေးဆိုင် များမှာ မိုးဦးကာလ တောင်ကျ ချောင်းရေများ၏ ရေကြီးရေလျှံမှု အန္တရာယ်များ ဖြစ်ပေါ်လာနိုင် တာကြောင့် အနီးအနား ကျေးရွာ များမှ လာရောက်ရောင်းချကြ သော ဈေးဆိုင်များကို ရေလွတ် ရာသို့ ရွှေ့ဆောက်စေပြီး တည်းခို ဆောင်များကို ဖျက်သိမ်း ထားရကြောင်း၊ သို့သော် ဘုရားဖူး လာ ပြည်သူများအနေနဲ့ ကုန်း တော်ပေါ်မှ အထက်စက်တော်ရာ ကို တစ်နှစ်ပတ်လုံး ဖူးမြော်၍ ရပါကြောင်း” ရွှေစက်တော် ဂေါပကဒုတိယဥက္ကဋ္ဌ ဦးထွန်းဝေ က ပြောသည်။
ဇေယျာထက်(မင်းဘူး)