မွန်ပြည်နယ်ဝန်ကြီးများ ဒီ​ဇင်ဘာ လူထုအားကစား​​​လ နောက်ဆုံးပတ် စု​ပေါင်းလမ်း​လျှောက်ပွဲ ပါဝင်ဆင်နွှဲ

 

​မော်လမြိုင်   ဒီဇင်ဘာ   ၃၁
တစ်မျိုးသားလုံး   ကျန်းမာကြံ့ခိုင် ရေးကိုရှေးရှုလျက်  မွန်ပြည်နယ် တွင်    အများပြည်သူတစ်ရပ်လုံး ပါဝင်သည့်   ကိုယ်လက်လှုပ်ရှား အားကစားကို    နေ့စဉ်    ပုံမှန် လှုပ်ရှား ​ဆောင်ရွက်နိုင်ကြစေရန် ရည်ရွယ်၍   ဒီ​ဇင်ဘာ   လူထု အားကစား​​​လ    နောက်ဆုံးပတ် စုပေါင်းလမ်းလျှောက်ပွဲကို  ဒီဇင် ဘာ   ၃၁  ရက်​   နံနက်ပိုင်းက ​မော်လမြိုင်မြို့၌ ကျင်းပသည်။
အဆိုပါ   လမ်း​လျှောက်ပွဲသို့ ပြည်နယ်ဝန်ကြီးများ၊    တာဝန် ရှိသူများ၊  ပညာ​ရေးဒီဂရီကောလိပ်၊ သူနာပြု     သားဖွားသင်တန်း​ကျောင်း၊  အားကစားနှင့် ကာယ သိပ္ပံ​         လေ့ကျင့်​ရေးကျောင်း  (​မော်လမြိုင်) နှင့်  အ​ခြေခံပညာ​ကျောင်းတို့မှ       ​ကျောင်းသူ ကျောင်းသားများနှင့် အားကစား လိုက်စားသူ  အများပြည်သူများ အင်အား       ၁၃၀၀ ​   ကျော်တို့  စု​ပေါင်း ပါဝင်ဆင်နွှဲကြသည်။
လမ်းလျှောက်ပွဲ     စုရပ်ကို မော်လမြိုင်မြို့ မောရဝတီပန်းခြံ​ရှေ့၌ပြုလုပ်ပြီး    ဗဟိုလမ်းမကြီး တစ်​လျှောက်သို့ စတင်ထွက်ခွာ၍  အထက်လမ်းမကြီး တစ်လျှောက် နှင့်         သာသနာ့ဗိမာန်လမ်း တစ်​လျှောက်မှ         ကျောင်းသား အားကစားကွင်းအထိ  စု​ပေါင်း​ လမ်း​လျှောက်ပွဲကို တပျော်တပါး ဆင်နွှဲခဲ့ကြသည်။
ထို့နောက် ​​  ပြည်နယ်ဝန်ကြီး များ၊        တာဝန်ရှိသူများနှင့် အားကစားဝါသနာရှင် ပြည်သူများ သည် ​မော်လမြိုင်မြို့ ​ကျောင်းသား အားကစားကွင်း၌    ကိုယ်လက် လှုပ်ရှားလေ့ကျင့်ခန်းများ  ပါဝင်​ဆောင်ရွက်ခဲ့ကြကာ ​ပျော်ပွဲရွှင်ပွဲ အစီအစဉ်အ​နေဖြင့်  အမှတ်တရ ဆုမဲ‌များ       ​ဖောက်​ပေးခဲ့ပြီး ဆုရရှိသူများကို    တာ၀န်ရှိသူ များက   ဂုဏ်ပြုဆုလက်​ဆောင် များ ​    ပေးအပ်ခဲ့ကြောင်း   သိရ သည်။
ခင်စန်းမြင့်(ပြန်/ဆက်)