မွန်ပြည်နယ်ဝန်ကြီးချုပ်ဖလား ၁၀ မြို့နယ် အသက် (၂၅)နှစ်အောက် ကြက်တောင်ပြိုင်ပွဲ ဆုပေးပွဲကျင်းပ

 

မော်လမြိုင်      ဇွန်   ၂၂


မွန်ပြည်နယ်တွင် လူငယ်၊ လူရွယ် များ ၊ ကျန်းမာရေးနှင့် အားကစား လိုက်စားသူများ၊ ကျန်းမာကြံ့ခိုင် စေရေးနှင့်    စိတ်ဓာတ်ရေးရာ မြင့်မားစေရေးအတွက်   ဘက်စုံ ထောင့်စုံမှ  အရည်အသွေးမြှင့်တင် ပေးရန်   ပြည်နယ်အစိုးရအနေ  ဖြင့် အားကစားနည်းများအလိုက် လိုအပ်သည်များကို    ကူညီပံ့ပိုး ဖြည့်ဆည်း ဆောင်ရွက်ပေးလျက် ရှိရာ  ဇွန် ၂၂ ရက်က မော်လမြိုင်မြို့ ပြည်နယ်   အားကစားခန်းမ၌ မွန်ပြည်နယ်    ဝန်ကြီးချုပ်ဖလား  ၁၀    မြို့နယ်   အမျိုးသား၊ အမျိုးသမီး    အသက်(၂၅)နှစ် အောက်     ကြက်တောင်ပြိုင်ပွဲ ဆုပေးပွဲပြုလုပ်ရာ     ပြည်နယ် ဝန်ကြီးချုပ်   ဦးဇော်လင်းထွန်း၊  ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မွန်ပြည်နယ် ၁၀ မြို့နယ်      ပြိုင်ပွဲဝင်အားကစား သမားများနှင့်   အားကစားဝါသနာ ရှင်များ တက်ရောက်ကြသည်။ 

 


ထို့နောက်     ပြည်နယ်ဝန်ကြီး ချုပ်က   ဝန်ကြီးချုပ်ဖလား   ၁၀ မြို့နယ်        ကြက်တောင်ပြိုင်ပွဲ ဗိုလ်လုပွဲပြိုင်ပွဲကို            ကြည့်ရှု အားပေးကာ          အားကစား ထူးချွန်ဆု   ရရှိသူများကိုလည်း ကောင်း၊    ပြိုင်ပွဲတွင်   ပထမ၊ ဒုတိယ၊ တတိယဆုရ အောင်ပွဲဝင်      ပြည်နယ်ကြက်တောင်    အမျိုး သား၊   အမျိုးသမီးအသင်းများကို ပြည်နယ်ဝန်ကြီးချုပ် ၊  ပြည်နယ်ဝန်ကြီးများနှင့်   သက် ဆိုင်ရာ တာဝန်ရှိသူများက ဆုများ ချီးမြှင့်ကြကြောင်း   သိရသည်။


ခင်စန်းမြင့်(ခရိုင်ပြန်/ဆက်)