
မော်လမြိုင် ဇူလိုင် ၃
မော်လမြိုင်မြို့ ဦးခန္တီဘုရား စောင်းတန်းလမ်းတစ်လျှောက် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခြင်းကို ဇူလိုင် ၂ ရက်က ဆောင်ရွက်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
အဆိုပါ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခြင်းကို ပြည်နယ်/ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာ အဖွဲ့ အစည်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့ဝင်၊ လူမှုရေးအသင်းအဖွဲ့များ၊ NGO များ၊ ဒေသခံပြည်သူ များသည် ဦးခန္တီဘုရားကြီး တောင်ရိုးတန်းလမ်း တစ်လျှောက် သစ်ပင်ချုံနွယ်ပိတ်ပေါင်းများ၊ ခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်များ ကောက်ယူ ရှင်းလင်းခြင်း၊ သစ်ပင်သစ်ကိုင်းများရှင်းလင်းခြင်း၊ လျှပ်စစ်ဓာတ်အားလိုင်းနှင့် မလွတ်ကင်းသည့် သစ်ပင်ကြီးများကို လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေး လုပ်ငန်းဝန်ထမ်းများက ခုတ်ထွင်ရှင်းလင်းဆောင်ရွက် နေမှုကို ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် များက လိုက်လံကြည့်ရှုအားပေးခဲ့ပြီး ပြည်နယ် ဝန်ကြီးချုပ်က မော်လမြိုင်မြို့နယ် တောင်ရိုးတန်းလမ်း သည် အများပြည်သူများ စိတ်အပန်းဖြေ လာရောက် သည့် နေရာဒေသဖြစ်ကြောင်း၊ ဘုရားဖူးပြည်သူများ လာရောက်လည်ပတ်သည့်စေတီ၊ ပုထိုးများ စုံရာ နေရာဖြစ်ခြင်း၊ ကျန်းမာရေးလိုက်စားသူများ အနေဖြင့် ကိုယ်လက်လှုပ်ရှားအားကစားများ ဆောင်ရွက်ခြင်း၊ တောင်ရိုးတန်းလမ်းတစ်လျှောက် လမ်းလျှောက်ခြင်း များ၊ အသက်ရှူလေ့ကျင့်ခန်းများ လာရောက် ဆောင်ရွက်ကြသည့်အတွက် ပတ်ဝန်းကျင်သန့်ရှင်း သာယာလှပပြီး လေကောင်းလေသန့်များ ရှူရှိုက်ရာ တွင် ကောင်းမွန်စေရေး အလေးထားဆောင်ရွက် ကြရန်နှင့် မြို့နယ်အတွင်း သန့်ရှင်းသာယာလှပရေး၊ ရေစီးရေလာကောင်းမွန်ရေး၊ ရေနုတ်မြောင်း၊ အများ ပြည်သူနှင့် သက်ဆိုင်သည့်နေရာများတွင် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ကြရန် တာဝန် ရှိသူများကို မှာကြားခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)