မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းသုံးပစ္စည်းပေးအပ်ပွဲအခမ်းအနား တက်ရောက်

 

မော်လမြိုင်  နိုဝင်ဘာ   ၉


သမဝါယမနှင့်    ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန မွန်ပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေး နိုင်ရေးနှင့် မိသားစုဝင်ငွေတိုးရေး  စီမံကိန်းလုပ်ငန်း အတွက်    ဒေသဖွံ့ဖြိုးရေးလုပ်ငန်းသုံးပစ္စည်းများ ပေးအပ်ပွဲအခမ်းအနားကို    နိုဝင်ဘာ  ၉  ရက် နံနက်ပိုင်းက မော်လမြိုင်မြို့ မွန်ပြည်နယ်ကုန်သည် များနှင့်   စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း  (ကုန်စည်ဒိုင်ခန်းမ)၌ ကျင်းပရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း တက်ရောက်သည်။


 အခမ်းအနားတွင်     ပြည်နယ်ဝန်ကြီးချုပ်က   အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများ၊    နိုင်ငံစီးပွားရေးအတွက်    အဓိက မောင်းနှင်အားဖြစ်သည့်    MSME  လုပ်ငန်းများကို အားပေးကူညီခြင်းက   နိုင်ငံ၏စီးပွားရေးလုပ်ငန်း များကို  အားပေးမြှင့်တင်ရာရောက်ကြောင်း၊   ဒေသခံ ပြည်သူများအနေဖြင့်လည်း   မိသားစုဝင်ငွေတိုးပွား လာခြင်းကြောင့်    သားသမီးများ၏   ပညာရေး၊ ကျန်းမာရေးကို    အကောင်းဆုံး   အထောက်အပံ့ ပေးနိုင်ခြင်း၊  ပြုစုပျိုးထောင်ခြင်းများ  ဆောင်ရွက် လာနိုင်ပြီး နိုင်ငံတော်အနေဖြင့်  ဖွံ့ဖြိုးတိုးတက်လာ မည်ဖြစ်၍   အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာန အနေဖြင့် ကျေးလက်နေပြည်သူများ၏  လူမှုစီးပွား ဘဝ တိုးတက်မြင့်မားရေးကို အစဉ်ကြိုးပမ်းဆောင် ရွက်လျက်ရှိကြောင်း ပြောကြားသည်။


ထို့နောက် မွန်ပြည်နယ် အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာန ပြည်နယ်ဦးစီးမှူး  ဒေါ်အိကလျာ နိုင်က   စီမံကိန်းလုပ်ငန်းအတွက်   ဒေသဖွံ့ဖြိုးရေး လုပ်ငန်းသုံးပစ္စည်းများ ပေးအပ်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။


ယင်းနောက်    အသေးစား   ကုန်ထုတ်လုပ်ငန်း များ     ဖန်တီးပေးနိုင်ရေးနှင့်   မိသားစုဝင်ငွေတိုးရေး စီမံကိန်းလုပ်ငန်းအတွက် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းသုံး ပစ္စည်းများအား      ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ် ဝန်ကြီးများက  သင်တန်းသား၊   သင်တန်းသူများ ထံပေးအပ်ပြီး  ခန်းမအတွင်း ခင်းကျင်းပြသထားသော  လုပ်ငန်းသုံးပစ္စည်းများအား   လှည့်လည်ကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။


စည်သူ(ပြန်/ဆက်)