မွန်ပြည်နယ်ဝန်ကြီးချုပ် ကျိုက်သလ္လံစေတီတော်မြတ်ကြီးတွင် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုအား ကြည့်ရှုအားပေး

 

မော်လမြိုင်   ဇန်နဝါရီ    ၂၅


မွန်ပြည်နယ်အတွင်း မြို့နယ်အသီးသီးတွင်ရှိသည့်  ဘုရား၊ စေတီပုထိုး များကို  ဘုရားဖူးပြည်သူများ   ကြည်ညိုသပ္ပာယ်စွာ  ဖူးမြော်နိုင်ရေး အတွက် ရောင်တော်ဖွင့်ခြင်း၊  ထုံးသင်္ကန်းကပ်လှူ   ပူဇော်ခြင်း၊ ပန်း ဆီမီးကပ်လှူခြင်း၊   ရင်ပြင်တော်နှင့်   စောင်းတန်းတို့တွင်   စုပေါင်း သန့်ရှင်းရေး   ပြုလုပ်ခြင်းတို့ကို   ဆောင်ရွက်လျက်ရှိရာ   ပြည်နယ် ဝန်ကြီးချုပ်   ဦးဇော်လင်းထွန်းနှင့်   ပြည်နယ်ဝန်ကြီးများသည်    ယနေ့    နံနက်ပိုင်းက သွား‌ရောက်ကြည့်ရှုအားပေးကြသည်။

 


ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မော်လမြိုင်မြို့ ကျက်သရေ ဆောင် ကျိုက်သလ္လံစေတီတော်မြတ်ကြီးကို ဖူးမြော်ကြည်ညို၍ ပန်း၊ ဆီမီး၊   ရေချမ်းများ   ဆက်ကပ်ပူဇော်ကြပြီး   စေတီတော်မြတ်ကြီး တန်ဆောင်းတော်များရှိ   ဗုဒ္ဓရုပ်ပွားတော်မြတ်များကို   ရောင်တော် ဖွင့်ခြင်း၊  စေတီမြတ်ကြီးရင်ပြင်တော်ပေါ်တွင်  စုပေါင်းသန့်ရှင်းရေး ပြုလုပ်ခြင်းတို့ကို ဌာနဆိုင်ရာဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊ အများပြည်သူများက ကုသိုလ်ယူဆောင်ရွက်နေကြမှုအပေါ် ကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။                        

ခင်စန်းမြင့်(ပြန်/ဆက်)