မွန်ပြည်နယ်တရားလွှတ်တော် အဆောက်အဦသစ် ဖွင့်ပွဲအခမ်းအနားကျင်းပ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ချီးမြှင့်

 

မိမိတို့အားလုံး မျှော်မှန်းတည်ဆောက်နေသည့် ဒီမိုကရေစီခိုင်မာရေးဆောင်ရွက်ရာတွင် လွတ်လပ်ခြင်း၊ ငြိမ်းချမ်းခြင်း၊  
တရားမျှတခြင်း စသည့်အခြေခံလိုအပ်ချက်များကို ဖြစ်ပေါ်စေရေးအတွက် တရားရေးကဏ္ဍသည် အလွန်အရေးကြီး

 

နေပြည်တော်    ဒီဇင်ဘာ     ၂၀


မွန်ပြည်နယ်တရားလွှတ်တော် အဆောက်အဦသစ် ဖွင့်ပွဲအခမ်း အနားကို ယနေ့နံနက်ပိုင်းတွင် မွန်ပြည်နယ် မော်လမြိုင်မြို့ရှိ   အဆိုပါ ရုံးနေရာ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ    နိုင်ငံတော်ဝန်ကြီးချုပ်  ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက် ချီးမြှင့်သည်။

 


အခမ်းအနားသို့   တွဲဖက်အတွင်းရေးမှူး    ဒုတိယဗိုလ်ချုပ်ကြီး  ရဲဝင်းဦး၊  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များ၊ ပြည်ထောင်စု တရားသူကြီးချုပ် ဦးထွန်းထွန်းဦး၊ ပြည်ထောင်စုဝန်ကြီးများ၊ မွန်ပြည် နယ်   ဝန်ကြီးချုပ်   ဦးဇော်လင်းထွန်း၊   ကာကွယ်ရေးဦးစီးချုပ်ရုံးမှ    တပ်မတော်အရာရှိကြီးများ၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး   ဗိုလ်ချုပ် မြတ်သက်ဦး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်း၊ ခရိုင်၊ မြို့နယ် အဆင့်   ဌာနဆိုင်ရာများမှ   တာဝန်ရှိသူများ၊  ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

 


ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ  နိုင်ငံတော်ဝန်ကြီး ချုပ်နှင့် အဖွဲ့ဝင်များသည် မွန်ပြည်နယ်တရားလွှတ်တော် အဆောက် အဦသစ်ဖွင့်ပွဲအခမ်းအနားသို့ ရောက်ရှိကြရာ ဒေသခံတိုင်းရင်းသားများနှင့် 
ဥပဒေရေးရာဝန်ထမ်းများက   ကြိုဆိုနှုတ်ဆက်ကြ သည်။ ယင်းနောက် ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦး၊      ဆောက်လုပ်ရေးဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး  ဦးမျိုးသန့်၊  ပြည်နယ်ဝန်ကြီး ချုပ်     ဦးဇော်လင်းထွန်း၊   တိုင်းမှူး    ဗိုလ်ချုပ် မြတ်သက်ဦးနှင့် ပြည်နယ်တရားသူကြီးချုပ် ဦးညီညီ စိုးတို့က  အခမ်းအနားကို  ဖဲကြိုးဖြတ်ဖွင့်လှစ်ပေး သည်။      ထို့နောက်     နိုင်ငံတော်စီမံအုပ်ချုပ်ရေး  ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က မွန်ပြည်နယ် တရားလွှတ်တော် ဆိုင်းဘုတ်အား စက်ခလုတ်နှိပ်  ဖွင့်လှစ်ပေးသည်။

 


ဆက်လက်၍       နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင် များသည်   စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြပြီး  မွန်ပြည်နယ်  တရားလွှတ်တော်  ကမ္ပည်းမော်ကွန်း အား အမွှေးနံ့သာရည်များဖြင့် ပက်ဖျန်းပေးကြသည်။ 

 


ယင်းနောက်          နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ  နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင် များသည် မွန်ပြည်နယ်တရားလွှတ်တော် အဆောက် အဦသစ်အတွင်း လှည့်လည်ကြည့်ရှုကြရာ တာဝန် ရှိသူများက ရှင်းလင်းတင်ပြကြသည်။
ထို့နောက် တရားလွှတ်တော် အစည်းအဝေးခန်းမ ၌ အခမ်းအနား ဒုတိယပိုင်းအစီအစဉ်ကို ဆက်လက် ပြုလုပ်ရာ ဆောက်လုပ်ရေးဝန်ကြီးဌာန  ပြည်ထောင်စု ဝန်ကြီးက တရားလွှတ်တော်ရုံး အဆောက်အဦနှင့်  ပတ်သက်သည့်   အချက်အလက်များကို   ရှင်းလင်း တင်ပြပြီး   အဆောက်အဦ  ဆောက်လုပ်ရခြင်းနှင့် ပတ်သက်သည့် Video Clip ကိုပြသသည်။ 

 


လွှဲပြောင်းပေးအပ်


ဆက်လက်၍ တရားလွှတ်တော်အဆောက်အဦ သစ်နှင့်   သက်ဆိုင်သည့်    စာရွက်စာတမ်းများကို  ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး က  ပြည်ထောင်စုတရားသူကြီးချုပ်ထံသို့ လွှဲပြောင်း ပေးအပ်သည်။
ယင်းနောက်        နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ  နိုင်ငံတော်ဝန်ကြီးချုပ်ထံသို့  ပြည် ထောင်စု  တရားသူကြီးချုပ်က  မွန်ပြည်နယ်တရား လွှတ်တော် ဖွင့်လှစ်ခြင်း အထိမ်းအမှတ် အဆောက် အဦပုံစံငယ် ကျောက်စီပန်းချီကားကို ပေးအပ်သည်။ 

 


ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က မွန်ပြည်နယ် တရား လွှတ်တော်     အဆောက်အဦသစ်   ဖွင့်လှစ်ခြင်းနှင့် ပတ်သက်၍   အမှာစကားပြောကြားရာတွင်   နိုင်ငံ တော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ရှေ့လုပ်ငန်း စဉ် (၅) ရပ်နှင့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ဦးတည် ချက်(၉) ရပ်တို့ကို ချမှတ်ပြီး နိုင်ငံတည်ငြိမ်အေးချမ်း ရေး၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး၊ တိုင်းရင်းသား ပြည်သူများ၏  လူမှုစီးပွားဘဝ  ဖွံ့ဖြိုးတိုးတက်ရေး တို့ကို   ဆောင်ရွက်ပေးနေသကဲ့သို့   တစ်ဖက်တွင် လည်း   ခေတ်ကာလနှင့်  မလျော်ညီသည့်  ဥပဒေ၊ နည်းဥပဒေများကို   ပြင်ဆင်ခြင်း၊    ဖျက်သိမ်းခြင်း၊ အစားထိုးဖြည့်စွက်ခြင်း၊ အသစ်ရေးဆွဲပြဋ္ဌာန်းခြင်း တို့ကို ဆောင်ရွက်လျက်ရှိကြောင်း။

 


ဥပဒေပြုရေး၊    အုပ်ချုပ်ရေး၊    တရားစီရင်ရေး ဟူသည့်   နိုင်ငံတော်၏  အာဏာကြီး  (၃) ရပ်တွင် တရားစီရင်ရေးအာဏာကို      ပြည်ထောင်စုတရား လွှတ်တော်ချုပ်က ကျင့်သုံးဆောင်ရွက်နေခြင်းဖြစ် ကြောင်း၊ တရားဥပဒေစိုးမိုးရေး အခန်းကဏ္ဍဟူသည် အရေးကြီးသည့်    မဏ္ဍိုင်တစ်ရပ်ဖြစ်ပြီး     ပြည်သူ တစ်ရပ်လုံး၏   နေ့စဉ်လူမှုဘဝ    လုံခြုံရေးအတွက် လည်း မရှိမဖြစ်သည့် ကဏ္ဍတစ်ခုဖြစ်ကြောင်း။ 

 


နိုင်ငံတော်အစိုးရအနေဖြင့် ပြည်သူလူထု၏ ဆန္ဒ နှင့်အညီ စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမို ကရေစီစနစ်ခိုင်မာရေးနှင့် ဒီမိုကရေစီနှင့် ဖက်ဒရယ် စနစ်ကို အခြေခံသော ပြည်ထောင်စုတည်ဆောက်ရေး ဟူသည့် နိုင်ငံရေးလုပ်ငန်းစဉ် (၂) ရပ် ချမှတ်ဆောင် ရွက်လျက်ရှိကြောင်း၊    မိမိတို့အားလုံး    မျှော်မှန်း တည်ဆောက်နေသည့် ဒီမိုကရေစီ ခိုင်မာရေးဆောင် ရွက်ရာတွင်  လွတ်လပ်ခြင်း၊  ငြိမ်းချမ်းခြင်း၊  တရား မျှတခြင်း စသည့်အခြေခံလိုအပ်ချက်များကို ဖြစ်ပေါ် စေရေးအတွက်    တရားရေးကဏ္ဍသည်    အလွန် အရေးကြီးကြောင်း၊    ဖွဲ့စည်းပုံအခြေခံဥပဒေတွင်  ပြဋ္ဌာန်းထားသည့်  “နိုင်ငံတော်သည် မည်သူ့ကိုမဆို  ဥပဒေအရာတွင် တန်းတူညီမျှ အခွင့်အရေးရှိစေရမည်၊  ထို့အပြင် ဥပဒေ၏ အကာအကွယ်ကိုလည်း တန်းတူ ညီမျှစွာ ရယူပိုင်ခွင့်ပေးရမည်” ဟူသည့် ပြဋ္ဌာန်းချက် များအတိုင်း လိုက်နာဆောင်ရွက်ပေးကြရမည်ဖြစ် ကြောင်း၊  တစ်နည်းအားဖြင့်  “ဥပဒေအထက်တွင်  မည်သူမျှ မရှိစေရ” ဟူသည့်အတိုင်း အဘက်ဘက်က မှန်ကန်တိကျပြီး တရားမျှတမှုရှိသည့် စီရင်ဆုံးဖြတ် ချက်များနှင့် နိုင်ငံနှင့် ပြည်သူလူထုအကျိုးကို ဆောင် ရွက်နိုင်ကြရန်လည်း တိုက်တွန်းမှာကြားလိုကြောင်း။

 


စဉ်ဆက်မပြတ်ကြိုးပမ်းဆောင်ရွက်နေ


နိုင်ငံတော်ဖွဲ့စည်းပုံ       အခြေခံဥပဒေနှင့်အညီ ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏အောက်တွင်  တိုင်းဒေသကြီး/ ပြည်နယ်   တရားလွှတ်တော်များ၊ ခရိုင်တရားရုံးများ၊       ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း  တရားရုံး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တရားရုံးများ၊ မြို့နယ်တရားရုံးများ၊ ဥပဒေအရ တည်ထောင်သည့် အခြားတရားရုံးများဟူ၍   တရားရုံး   အဆင့်ဆင့် ဖွဲ့စည်းပြီး     မှုခင်းများကို        မှန်မှန်ကန်ကန်နှင့် ကြန့်ကြာမှုမရှိစေရန်   ကြိုးပမ်းဆောင်ရွက်နေကြ သကဲ့သို့ တစ်ဖက်တွင်လည်း တရားရုံးများ၏ ဥပဓိရုပ် ကောင်းမွန်    တိုးတက်စေရေး၊   အများပြည်သူတို့ စိတ်ချမ်းသာစွာ လာရောက်နိုင်ရေးအတွက်လည်း စဉ်ဆက်မပြတ်      ကြိုးပမ်းဆောင်ရွက်နေသည်ကို တွေ့ရမည်ဖြစ်ကြောင်း။ 
နိုင်ငံတော်အနေဖြင့် တရားရုံးများကို အဆင့်နှင့် လျော်ညီပြီး   ဂုဏ်အင်္ဂါရပ်နှင့်ညီအောင်    ရင်းနှီး တည်ဆောက်ပေးထားသည့်အတွက် တရားဥပဒေ စိုးမိုးရေးနှင့်  တရားစီရင်ရေးကဏ္ဍတွင်  ထိရောက် အကျိုးရှိသည့်  တရားရုံးများ   ဖြစ်လာကြလိမ့်မည် ဟုလည်း မျှော်လင့်မိကြောင်း။ 

 


တရားစီရင်ရေးဆိုရာတွင်       ပြည်သူလူထုက ယုံကြည်အားကိုးရသည့်     တရားစီရင်ရေးဖြစ်ရန်  အရေးကြီးသည်ကို   အထူးပြောရန်    မလိုကြောင်း၊ ထိုကဲ့သို့ ယုံကြည်ကိုးစားမှုရှိနိုင်ရေး တရားရုံးများက  ဥပဒေနှင့်အညီ လွတ်လပ်မှန်ကန်စွာ ဆုံးဖြတ်နိုင်ခြင်း၊ အဂတိတရား   ကင်းစင်ခြင်း၊    မှန်မှန်ကန်ကန်နှင့် မြန်ဆန်စွာ အဆုံးအဖြတ်ပြုနိုင်ခြင်းများသည် အရေး ပါသည်ဖြစ်သကဲ့သို့  တရားရုံးများ၏  အသွင်အပြင် တင့်တယ်မှု၊ ခံ့ညားထည်ဝါမှု၊ တရားရုံးဝန်ဆောင်မှု များကို ပြည်သူများ အဆင်ပြေချောမွေ့စွာ အသုံးပြု နိုင်မှုရှိရန်လည်း လိုအပ်ကြောင်း။

 


တရားစီရင်ရေးသည်    အမှားအယွင်းမခံသည့် ကိစ္စဖြစ်ပြီး အပြစ်ရှိသူတစ်ယောက်ကို ထိုက်သင့် သည့်     ပြစ်ဒဏ်ချမှတ်ရန်လိုပြီး       အပြစ်မရှိသူ တစ်ယောက်ကို အပြစ်ပေးမိခြင်းမျိုး မဖြစ်ရန်လိုအပ် ကြောင်း၊ ကျူးလွန်သည့်ပြစ်မှုနှင့် သင့်တော်သည့် ပြစ်ဒဏ်မျိုးကို မှန်မှန်ကန်ကန် ချမှတ်နိုင်ခြင်းသည်   တရားစီရင်ရေး၏ အဓိကလိုအပ်ချက်ဖြစ်ရာ တရား သူကြီးများအနေဖြင့်    ဥပဒေရေးရာတွင်      နှံ့စပ် ကျွမ်းကျင်ပြီး စီရင်ထုံးများကို သိရှိနားလည်အောင် အစဉ်ကြိုးစားလေ့လာနေရန်  လိုအပ်ကြောင်း၊   ပြစ်မှုကျူးလွန်သူကို   နောင်တွင် နောက်ထပ်ပြစ်မှု မကျူးလွန်စေရေး ဟန့်တားနိုင် သည့် ပြစ်ဒဏ်စီရင်ချမှတ်နိုင်ရေးအတွက် တရား သူကြီးများ၏ အတွေ့အကြုံနှင့် ဆင်ခြင်တုံတရား များသည် တရားရေးမဏ္ဍိုင်တွင် အလွန်အရေးကြီး သည်ကို အသိပေးမှာကြားလိုကြောင်း။

 


ICT နည်းပညာများ စတင်အသုံးပြုလာ


ယခုအချိန်အခါ၌ ကမ္ဘာ့နိုင်ငံအများအပြားတွင် ရှိသည့် တရားရုံးများတွင် နည်းပညာကို အသုံးပြုပြီး တရားစီရင်ရေး   ဆောင်ရွက်နေကြသည်ကို  တွေ့ရ မည်ဖြစ်ပါကြောင်း၊  ကွန်ပျူတာ၊  အင်တာနက်နှင့် ဆက်စပ်ပစ္စည်းများကိုလည်း  တရားစီရင်ရာတွင် အသုံးပြုလာကြသကဲ့သို့     ဉာဏ်ရည်တု     (AI) နည်းပညာကိုပါ  အသုံးပြုလာသည်ကို  တွေ့ရမည် ဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံတွင်လည်း တရားရုံးများ၌ ICT နည်းပညာများ တဖြည်းဖြည်းနှင့် စတင်အသုံးပြု လာပြီဖြစ်ပါကြောင်း၊     သက်သေစစ်ဆေးရာတွင် လည်း Video Conferencing စနစ်ကိုသုံးပြီး အဝေး ရောက်နေသည့်   သက်သေများကို    စစ်ဆေးခြင်း များကိုလည်း     ဆောင်ရွက်လာကြပြီဖြစ်ကြောင်း၊  တရားစီရင်ရေးတွင်     ခေတ်နောက်မကျစေရေး  ကြိုးပမ်းဆောင်ရွက်လာသည်ကို        တွေ့ရသဖြင့် ဝမ်းသာအားရဖြစ်သည်ကို ပြောကြားလိုပါကြောင်း။

 


နိုင်ငံတော်အနေဖြင့် တရားစီရင်ရေးကဏ္ဍတွင်  တိုးတက်ပြောင်းလဲမှုများဖြစ်စေရန် စဉ်ဆက်မပြတ်  အလေးထား ဆောင်ရွက်နေခြင်းဖြစ်ပြီး လိုအပ်သည့် တရားရုံး အဆောက်အဦအသစ်များ ဆောက်နိုင်ရန် နှင့်  နည်းပညာပိုင်းဆိုင်ရာပစ္စည်းများ  ဝယ်ယူနိုင် ရန်အတွက်လည်း          စီမံဆောင်ရွက်ပေးလျက် ရှိပါကြောင်း။

 


နိုင်ငံတော်အနေဖြင့် တိုင်းဒေသကြီး/ ပြည်နယ် အဆင့်ဖြစ်သည့်   မန္တလေးတိုင်းဒေသကြီး   တရား လွှတ်တော်၊  ချင်းပြည်နယ်တရားလွှတ်တော်၊  မွန် ပြည်နယ်တရားလွှတ်တော်တို့ကို ဆောက်လုပ်ခဲ့ရာ တွင်   မန္တလေးတိုင်းဒေသကြီး   တရားလွှတ်တော် ကို  ၂၀၂၂  ခုနှစ်  ဇန်နဝါရီ  ၂၂  ရက်က  ဖွင့်လှစ်နိုင် ခဲ့ပြီး ယနေ့တွင် မွန်ပြည်နယ် တရားလွှတ်တော်ကို  ဖွင့်လှစ်နိုင်ခဲ့ခြင်းဖြစ်ပါကြောင်း။

 


ဒီမိုကရေစီစနစ်၏    အခြေခံဖြစ်သည့်   တရား ဥပဒေစိုးမိုးရေးကို အကောင်အထည်ဖော် ဆောင်ရွက် ကြရမည်ဖြစ်သကဲ့သို့ တစ်ဖက်တွင်လည်း တာဝန်ရှိ  သူများအနေဖြင့်        တရားရုံးအဆောက်အဦများ  စဉ်ဆက်မပြတ် သန့်ရှင်းကောင်းမွန်စေရေး၊ တရားရုံး အဆောက်အဦ  ပရိဘောဂ၊ မှတ်တမ်းများ ပျက်စီး ပျောက်ဆုံးမှုမရှိစေရေး၊ အဂတိတရားကင်းကင်းဖြင့် ဥပဒေနှင့်အညီ     နိုင်ငံတော်နှင့်     အများပြည်သူ တို့၏ အကျိုးစီးပွားကို ဖော်ဆောင်ပေးနိုင်ရေးတို့ကို ကြိုးပမ်းဆောင်ရွက်ကြပါဟု မှာကြားလိုပါကြောင်း ပြောကြားသည်။

 


ဆက်လက်၍ ပြည်ထောင်စုတရားသူကြီးချုပ်က  မွန်ပြည်နယ်တရားလွှတ်တော် အဆောက်အဦသစ် ကြီးကို တရားလွှတ်တော် အင်္ဂါရပ်နှင့်အညီ ခံ့ညား ထည်ဝါစွာ ဆောက်လုပ်ဖွင့်လှစ်နိုင်ခဲ့သဖြင့် ကျေးဇူး တင်ရှိကြောင်းနှင့်          ရေရှည်တည်တံ့ခိုင်မြဲရေး၊ သန့်ရှင်းသာယာလှပရေး၊      လုံခြုံရေးတို့အတွက် တာဝန်ရှိသူများက  ဆက်လက်ထိန်းသိမ်း  ဆောင် ရွက်သွားကြရန်   လိုအပ်သည့်    အခြေအနေတို့ကို ပြောကြားသည်။

 


အခမ်းအနားအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်  ရေးကောင်စီဥက္ကဋ္ဌ    နိုင်ငံတော်     ဝန်ကြီးချုပ်နှင့်  အဖွဲ့ဝင်များသည် တက်ရောက်လာကြသူများအား  ရင်းရင်းနှီးနှီး နှုတ်ဆက်ကြသည်။

 


ယင်းနောက်        နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်  များသည်  မော်လမြိုင်လေဆိပ်သို့  ရောက်ရှိကြပြီး  လေဆိပ်ဧည့်ခန်းမ၌  ပို့ဆောင်ရေးနှင့်  ဆက်သွယ်  ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး  တင်အောင်စန်းက     မော်လမြိုင်လေဆိပ်     အဆင့် မြှင့်တင်ဆောင်ရွက်နေမှု          အခြေအနေများနှင့် မော်လမြိုင်မြို့အနီး နိုင်ငံတကာအဆင့်မီ လေယာဉ် ကွင်း တည်ဆောက်မည့် အခြေအနေများ၊ မော်လမြိုင်- ရေး   ရထားလမ်းပိုင်း   အဆင့်မြှင့်တင်ဆောင်ရွက် လျက်ရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။

 


အဆင့်မီလေယာဉ်ကွင်းတစ်ခုတည်ဆောက်


ရှင်းလင်းတင်ပြမှုများအပေါ်       နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်က မော်လမြိုင်လေဆိပ်        သန့်ရှင်းသာယာလှပရေး အတွက် တာဝန်ရှိသူများအနေဖြင့် ထိန်းသိမ်းဆောင် ရွက်ကြရန်လိုကြောင်း၊ မော်လမြိုင်လေယာဉ်ကွင်း သည် မြို့နှင့်နီးကပ်ခြင်း၊ တက္ကသိုလ်နှင့် နီးကပ်ခြင်း တို့ကြောင့် ခေါက်ရေတိုးချဲ့ပြေးဆွဲရန် ကန့်သတ်ချက် ရှိခြင်း၊ လေယာဉ်ပြေးလမ်းအား တိုးချဲ့ရန် ကန့်သတ် ချက်ရှိခြင်းတို့ကြောင့်       မော်လမြိုင်လေဆိပ်ကို နေရာအသစ်သို့ ပြောင်းရွှေ့ရန်အတွက် စီမံဆောင် ရွက်လျက်ရှိကြောင်း၊  ထို့ကြောင့်  မွန်ပြည်နယ်နှင့် ကရင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက် အကူပြုနိုင်သည့် ပြည်တွင်းလေကြောင်းလိုင်းများမှ လေယာဉ်အမျိုးအစားအားလုံး ဆင်းသက်နိုင်သည့်  အဆင့်မီလေယာဉ်ကွင်းတစ်ခု တည်ဆောက်ရန် စီမံ ဆောင်ရွက်လျက်ရှိကြောင်း၊ ရန်ကုန်-မော်လမြိုင်-ရေး   ရထားလမ်းပိုင်းကို     ခရီးသွားပြည်သူများ သွားလာနိုင်ရေးအတွက်      လူစီးရထားတွဲများ ပြန်လည်ပြေးဆွဲပေးရန်နှင့် ကုန်စည်များ ပို့ဆောင် ရန်    လိုအပ်ပါကလည်း     ကုန်တင်ရထားတွဲများ ပြေးဆွဲနိုင်ရေး ဆောင်ရွက်ပေးသွားရန်လိုကြောင်း၊ အဆိုပါ ရထားလမ်းပိုင်းအား အမြဲတမ်း စဉ်ဆက် မပြတ်သွားလာနိုင်ရေး စနစ်တကျဖြင့် ထိန်းသိမ်း ပြုပြင်   အဆင့်မြှင့်တင်နေရန်လိုကြောင်း၊    ရထား လမ်းပိုင်းတစ်လျှောက်     သာယာလှပရေးအတွက် လည်း တာဝန်ရှိသူများအနေဖြင့်  ကြပ်မတ်ဆောင် ရွက်ကြရန်လိုကြောင်း၊      ထို့ပြင်    အသစ်ထပ်မံ ဖောက်လုပ်မည့် မော်လမြိုင်-ထားဝယ် ရထားလမ်း ပိုင်း    တည်ဆောက်ရာတွင်လည်း    လမ်းကြောင်း ပြေပြစ်မှုရှိစေရေးနှင့် တတ်နိုင်သမျှ တစ်ဖြောင့်တည်း  ဖြစ်စေရေး စနစ်တကျကွင်းဆင်းတွက်ချက်ဆောင် ရွက်သွားရန်လိုကြောင်းနှင့် လုပ်ငန်းများ ဆောင်ရွက် ရာတွင်     ရေရှည်အကျိုးကိုကြည့်၍     မျှော်တွေး ဆောင်ရွက်ကြရန်လိုကြောင်းဖြင့် မှာကြားခဲ့ကြောင်း သတင်းရရှိသည်။                              

သတင်းစဉ်