မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ထိန်းချုပ်၊ ကုသရေးနှင့် သဘာဝဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးပြုလုပ်

 

နေပြည်တော် စက်တင်ဘာ  ၁၇


မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့် သဘာဝ ဘေးအန္တရာယ်ကြိုတင်       ကာကွယ်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်း  အစည်းအဝေးကို ယနေ့နံနက်ပိုင်း တွင်  အရှေ့တောင်တိုင်းစစ်ဌာနချုပ် အစည်းအဝေး ခန်းမ၌ ပြုလုပ်ရာ တိုင်းမှူး  ဗိုလ်ချုပ်ကိုကိုမောင်နှင့် တာဝန်ရှိသူများ၊     ဌာနဆိုင်ရာ    တာဝန်ရှိသူများ တက်ရောက်ကြသည်။


ဦးစွာ  တိုင်းမှူးက  အဖွင့်အမှာစကားပြောကြား သည်။  ထို့နောက်  တက်ရောက်လာကြသူများက မွန်ပြည်နယ်နှင့်  ကရင်ပြည်နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့် သဘာဝ ဘေးအန္တရာယ်ကြိုတင်  ကာကွယ်ရေးဆိုင်ရာများနှင့်  ပတ်သက်၍     ဆွေးနွေးတင်ပြကြရာ  တိုင်းမှူးက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။


သတင်းစဉ်