
မော်လမြိုင် ဇူလိုင် ၂၈
မွန်ပြည်နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ မွန်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးဇော် လင်းထွန်းနှင့် တာဝန်ရှိသူများသည် ဇူလိုင် ၂၆ ရက် မွန်းလွဲ ၂ နာရီက မွန်ပြည်နယ် စီမံအုပ်ချုပ်ရေး ကောင်စီရုံး အောင်ဆန်းခန်းမ၌ မွန်ပြည်နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်း များ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့် ကျင်းပသည်။
မွန်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးသည် မကြာမီ ရောက်ရှိလာမည်ဖြစ်ကြောင်း၊ ထို့အတွက် ချမှတ်ထားသည့် Standard Operation Procedure (SOP) ၁၂ ချက်နှင့်အညီ သက်ဆိုင်ရာ မြို့နယ်များအလိုက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံနိုင်ရေး လူဦးရေစာရင်းများ ကောက်ယူထားရန်၊ ကာကွယ်ဆေးထိုးမည့် နေရာများကို ကြိုတင် ဆောင်ရွက်ထားရန်လိုအပ်ကြောင်း ပြောကြားပြီး ဌာနဆိုင်ရာတာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များကို မှာကြားသည်။
မွန်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး လုပ်ငန်းများအတွက် အဘက်ဘက်မှ စီစဉ်ဆောင်ရွက်ပေးလျက်ရှိသလို Standard Operation Procedure (SOP) ၁၂ ချက်နှင့်အညီ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံနိုင်ရေး အလေးပေးဆောင်ရွက်လျက်ရှိရာ လက်ရှိတွင် မွန်ပြည်နယ်အတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အလုံးရေ ၉၀၀၀၀ ကျော် ထိုးနှံပေးသွားမည်ဖြစ် ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)