မော်လမြိုင် အောက်တိုဘာ ၁
၂ဝ၂၄ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာသက်ကြီးပုဂ္ဂိုလ်များနေ့ အထိမ်းအမှတ် အခမ်း အနားကို ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့၊ သာသနာ့ဗိမ္မာန်တော်ကြီး၌ ကျင်းပ သည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က ကမ္ဘာတစ်ဝှမ်းတွင် သက်ကြီးပုဂ္ဂိုလ်များ ရင်ဆိုင် နေကြရသည့် စိန်ခေါ်မှုများနှင့် အခွင့်အလမ်းများကို ဖြေရှင်းပေးနိုင်ရန်နှင့် သက်ကြီးပုဂ္ဂိုလ်များက လူ့အဖွဲ့အစည်းအပေါ် အကျိုးပြုခဲ့သည်များကို အသိအမှတ် ပြုသောအားဖြင့် နှစ်စဉ်အပြည်ပြည်ဆိုင်ရာ သက်ကြီးပုဂ္ဂိုလ်များနေ့ အထိမ်းအမှတ် အဖြစ် ကျင်းပြုလုပ်လျက်ရှိကြောင်း၊ အနာဂတ်နိုင်ငံတော်ကို ပုခုံးပြောင်း တာဝန် ယူမည့် မျိုးဆက်သစ်လူငယ်များအနေဖြင့် သက်ကြီးပုဂ္ဂိုလ် များ၏ အခွင့်အရေး များကို အသိအမှတ်ပြုဖော်ဆောင်ပေးခြင်း၊ လေးစားစွာ ဆက်ဆံပေးခြင်း၊ ပြုစု စောင့်ရှောက်မှုပေးခြင်းများကို လုပ်ဆောင်ပေးကြရန် တိုက်တွန်းလိုပါကြောင်းဖြင့် ပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အဘိုး၊ အဘွားများအား ဘိုးဘွား ကန်တော့ချိုးဖြင့် ရှိခိုးကန်တော့ခဲ့ကြပြီး ဂါရဝလက်ဆောင် ပစ္စည်းများ ပေးအပ်ကြရာ အဘိုးတစ်ဦးနှင့် အဘွားတစ်ဦးမှ ဆုတောင်းမေတ္တာ ပြန်လည်ပို့သ ခဲ့ကြသည်။
ယနေ့အခမ်းအနားတွင် မွန်ပြည်နယ်အတွင်းရှိ သက်ကြီး ဘိုး၊ ဘွား (၁၁၇) ဦးအတွက် ထောက်ပံ့ငွေကျပ်သိန်း (၁၃၀၆၈၀၀၀)၊ ဆေးဝါးများ၊ တစ်ကိုယ်ရေသုံးနှင့် ကျန်းမာရေးသုံးပစ္စည်းများ ထောက်ပံ့လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်သည် မော်လမြိုင်မြို့၊ ပြည်နယ်ခန်းမ၌ ကျင်းပသည့် နှစ်(၆၀)ပြည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အခမ်းအနားကိုတက်ရောက်၍ အမှာစကားပြောကြားသည်။
ထို့နောက် မွန်ပြည်နယ်ရဲတပ်ဖွဲ့မှူး၊ ရဲမှူးကြီး မျိုးဆွေက မြန်မာနိုင်ငံရဲတပ်ဖွဲ့ ၊ ရဲချုပ်၏ သဝဏ်လွှာအား ဖတ်ကြားခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်က မွန်ပြည်နယ်အတွင်း နိုင်ငံတော်မှ ပေးအပ်သည့် တာဝန်များကို စွမ်းစွမ်းတမံ ထမ်းဆောင်ခဲ့သည့် ရဲတပ်ဖွဲ့ ဝင်များအား အမှုထမ်းကောင်း လက်မှတ်များ ပေးအပ်ချီးမြှင့်သည်။
ယင်းနောက် အရှေ့တောင်တိုင်း စစ်ဌာနချုပ်ချုပ်တိုင်းမှူး၏ ဇနီးမှ နေအိမ် လိုင်းခန်း သန့်ရှင်းရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေး ဘက်စုံ အကောင်းဆုံးဆုရှိကြသည့် တပ်ဖွဲ့ဝင် မိသားစုများကို ဆုများ ပေးအပ်ချီးမြှင့်ခဲ့ပြီး ပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူများမှ အမှုထမ်းကောင်း လက်မှတ်များ၊ မြို့နယ်အလိုက် အုပ်ချုပ်မှူလျော့ နည်းဖြစ်စဉ်အနည်းဆုံးဆု၊ ပြစ်မှု အများဆုံး ဖမ်းဆီးနိုင်မှုဆုနှင့် မူးယစ်ဆေးဝါး အများဆုံး ဖမ်းဆီးနိုင်မှု ဆုရရှိကြသည့် တပ်ဖွဲ့ဝင်များနှင့် ရပ်မိ၊ ရပ်ဖများအား ဂုဏ်ပြုဆုနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ အသီးသီး ပေးအပ်ခဲ့ကြပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ လှုပ်ရှားဆောင်ရွက်မှုမှတ်တမ်း ဗီဒီယိုကို ကြည့်ရှုကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ရဲတပ်ဖွဲ့ဝင်များအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ပြီး မွန်ပြည်နယ်ရဲတပ်ဖွဲ့မှ ခင်းကျင်းပြသထားသည့် နှစ် (၆၀) ပြည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အထိမ်းအမှတ် လှုပ်ရှားမှု မှတ်တမ်းဓါတ်ပုံ ပြခန်းများအား လှည့်လည်ကြည့်ရှု အားပေးခဲ့သည်။
သက်နိုင်(မော်လမြိုင်)