မွန်ပြည်နယ်အတွင်းရှိ ရုပ်ရှင်ရုံများ ပြန်လည်ဖွင့်လှစ်နိုင်ရေး ဆွေးနွေး

 

မော်လမြိုင် မတ်  ၃၀


မွန်ပြည်နယ်      ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းနှင့် ပြည်နယ် အစိုးရအဖွဲ့ဝင်များသည်  ပြည် နယ်အတွင်းရှိ ရုပ်ရှင်ရုံပိုင်ရှင်များ၊ ကိုယ်စားလှယ်များနှင့် တွေ့ဆုံ၍ ရုပ်ရှင်ရုံပြန်လည်ဖွင့်လှစ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့က  မွန်ပြည်နယ်အစိုးရ အဖွဲရုံး     အောင်ဆန်းခန်းမ၌ ကျင်းပသည်။

 


အစည်းအဝေးတွင် ပြည်နယ် ဝန်ကြီးချုပ်က    အမှာစကား ပြောကြားရာတွင်   မွန်ပြည်နယ် အတွင်းရှိ ရုပ်ရှင်ရုံများဖြစ်သည့်  ဘုရင့်ရုံ၊   ရတနာဦး(သီရိမြိုင်)ရုပ်ရှင်ရုံ၊ Ocean ရုပ်ရှင်ရုံများမှာ သက်တမ်းတိုး    ဆောင်ရွက်ပြီး ကျန်ရုပ်ရှင်ရုံများက လုပ်ငန်းများ ဆက်လက်ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊  ရုပ်ရှင်လုပ်ငန်း ဆောင်ရွက်နိုင်ခြင်း မရှိသေးသော နန်းတော်ရုံ၊ မြိုင်ရုံ၊ ရွှေကြယ်ရုံ နှင့်   မြင့်မြတ်ရုပ်ရှင်ရုံများသည် သတ်မှတ်စည်းမျဉ်းစည်းကမ်း နှင့်အညီ   ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊     လုပ်ငန်းများ ဆောင်ရွက်ရန် အခက်အခဲရှိပါက သက်ဆိုင်ရာသို့ တင်ပြနိုင်ကြောင်း ပြောကြားခဲ့သည်။

 


ဆက်လက်၍   ပြည်နယ်လူမှု ရေးရာဝန်ကြီး  ဦးမြတ်သွင်၊ မွန် ပြည်နယ် ဥပဒေချုပ်  ဦးမြင့်အောင် တို့က   ရုပ်ရှင်ရုံများ   ပြန်လည် ဖွင့်လှစ် နိုင်ရေးအတွက်  လိုအပ် သည့်အချက်များကို   အကြံပြု ဆွေးနွေးတင်ပြခဲ့ကြသည်။

 


ထို့နောက်    မွန်ပြည်နယ် အတွင်း      ရုပ်ရှင်ရုံလုပ်ငန်း ဆောင်ရွက်နိုင်ခြင်း    မရှိသေး သော   ရုပ်ရှင်ရုံလေးရုံ  ပိုင်ရှင်နှင့် ကိုယ်စားလှယ်များက ရုပ်ရှင်ရုံ များ လက်ရှိဆောင်ရွက်နေသည့် အခြေအနေများကို တင်ပြဆွေးနွေး ရာ     ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ပေးခဲ့ကြောင်း သိရသည်။


ခင်စန်းမြင့်(ပြန်/ဆက်)