မွန်ပြည်နယ်အတွင်းရှိ ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့သော ကျောင်းသား ကျောင်းသူများ၊ အောင်ချက်အကောင်းဆုံးကျောင်းများ၊ မြို့နယ်များအား ပညာရည်ချွန်ဆုချီးမြှင့်

 

နေပြည်တော်  ဇူလိုင်  ၂၈


၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေး ပွဲတွင်   ထူးချွန်စွာအောင်မြင်ခဲ့ သော    မွန်ပြည်နယ်အတွင်းရှိ ကျောင်းသား   ကျောင်းသူများ၊ အောင်ချက်     အကောင်းဆုံး ကျောင်းများ၊  မြို့နယ်များအား ပညာရည်ချွန်ဆုပေးပွဲကို ယနေ့ နံနက်ပိုင်းတွင်    မော်လမြိုင်မြို့ ပြည်နယ်ခန်းမ၌     ပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင် ကြည်သိန်း၊   အရှေ့တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် စိုးမင်းနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင် ရာတာဝန်ရှိသူများ၊ မော်လမြိုင် တက္ကသိုလ်၊ မော်လမြိုင် ပညာရေး ဒီဂရီကောလိပ်တို့မှ ပါမောက္ခချုပ်၊ ကျောင်းအုပ်ကြီးနှင့် ဆရာ ဆရာမ များ၊  အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ကြီးများနှင့်  ဆရာ ဆရာမများ၊ ဆုရရှိသည့် ကျောင်း သား ကျောင်းသူများ၊ မိဘအုပ်ထိန်း သူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။


ဦးစွာ မော်လမြိုင်မြို့ အမှတ် (၈)  အခြေခံပညာအထက်တန်း ကျောင်းမှ ကျောင်းသူလေးများက “ဘက်စုံပညာကိုရည်  ဒို့လမ်းချီ” တေးသီချင်းဖြင့် သီဆိုဖျော်ဖြေကြ သည်။ ထို့နောက် ပြည်နယ်ဝန်ကြီး ချုပ်က  ဂုဏ်ပြုအမှာစကားပြော ကြားပြီး  မွန်ပြည်နယ်  ပညာရေး မှူးရုံးမှ    တာဝန်ရှိသူတစ်ဦးက ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေး ပွဲနှင့်     ပတ်သက်၍    ရှင်းလင်း ပြောကြားသည်။


ယင်းနောက်   မွန်ပြည်နယ် အတွင်းရှိ ၂၀၂၃ ခုနှစ် တက္ကသိုလ် ဝင်စာမေးပွဲတွင်       ထူးချွန်စွာ အောင်မြင်ခဲ့ကြသည့်     ကျောင်း သား ကျောင်းသူများ၊ ကျောင်းများ၊ မြို့နယ်များအား ပညာရည်ချွန်ဆု များ   ချီးမြှင့်ပေးအပ်ရာ   မြန်မာ တစ်နိုင်ငံလုံး    ဝိပ္ပံဘာသာတွဲ၌ အမှတ်အများဆုံး   ၁၁  ဦးတွင် ပထမဆုနှင့်   ဝိဇ္ဇာဘာသာတွဲ၌ အမှတ်အများဆုံး  ၁၀  ဦးတွင် ပဉ္စမဆုရရှိသည့်   ကျောင်းသား ကျောင်းသူများ၊ ခြောက်ဘာသာ ဂုဏ်ထူး ၂၁ ဦး၊ ငါးဘာသာဂုဏ်ထူး ၄၁ ဦး၊ လေးဘာသာဂုဏ်ထူး ၈၂ ဦး၊ သုံးဘာသာဂုဏ်ထူး  ၁၇၅ ဦး၊ သိပ္ပံဘာသာတွဲ၌  အမှတ်အများ ဆုံးရရှိသူ သုံးဦး၊ ဝိဇ္ဇာဘာသာတွဲ၌ အမှတ်အများဆုံး   သုံးဦး၊   ဝိပ္ပံ ဘာသာတွဲ၌   အမှတ်အများဆုံး လေးဦး၊ ခြောက်ဘာသာဂုဏ်ထူး ရရှိအောင်  သင်ကြားပေးခဲ့သည့် ကျောင်း      ခြောက်ကျောင်းမှ ဘာသာရပ်သင်   ဆရာ  ဆရာမ များ၊ မွန်ပြည်နယ်၌ အောင်ချက် ၇၂   ဒသမ   ၃၃     ရာခိုင်နှုန်းနှင့် အထက်ရရှိသော   အခြေခံပညာ အထက်တန်းကျောင်း    ခြောက် ကျောင်းမှ ကျောင်းအုပ်ကြီးများ၊ မွန်ပြည်နယ်၌      အောင်ချက် အကောင်းဆုံး မြို့နယ်သုံးမြို့နယ် မှ     မြို့နယ်ပညာရေးမှူးများ၊ မြန်မာတစ်နိုင်ငံလုံး  အောင်ချက် ပဉ္စမဆုရရှိသော   မွန်ပြည်နယ် ပညာရေးဌာနမှ       ပြည်နယ် ညွှန်ကြားရေးမှူး၊   ၂၀၂၃    ခုနှစ် တက္ကသိုလ်ဝင်    စာမေးပွဲတွင် ထူးချွန်စွာ     အောင်မြင်စေရေး ဝိုင်းဝန်းကူညီ   ဆောင်ရွက်ပေး သော  မော်လမြိုင်တက္ကသိုလ်မှ ပါမောက္ခချုပ်တို့အား ပြည်နယ် ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန် ရှိသူများက   ဂုဏ်ပြုဆုတံဆိပ်၊ ဂုဏ်ပြုမှတ်တမ်းလွှာနှင့်  ဂုဏ်ပြု ချီးမြှင့်ငွေများကို  ချီးမြှင့်ပေးအပ် ကြသည်။    


ဆက်လက်၍   မွန်ပြည်နယ် အတွင်းရှိ ၂၀၂၃ ခုနှစ် တက္ကသိုလ် ဝင်စာမေးတွင်       ထူးချွန်စွာ အောင်မြင်ခဲ့ကြသည့်   ကျောင်း သား ကျောင်းသူများ၊ အောင်ချက် အကောင်းဆုံး    ကျောင်းများ၊ မြို့နယ်များ၊      ပညာရည်ချွန်ဆု ချီးမြှင့်ပွဲအတွက်    အလှူငွေများ လှူဒါန်းပေးကြသည့်  အလှူရှင် များအား  ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့်     တာဝန်ရှိသူများ က   ဂုဏ်ပြုမှတ်တမ်းလွှာများ  ပေးအပ်ကြသည်။


သတင်းစဉ်