မွန်ပြည်နယ်အတွင်း မိုးသည်းထန်စွာရွာသွန်း၍ တောင်ကျချောင်းရေ ကျဆင်းမှုများကြောင့် ရေကြီးရေလျှံမှုဖြစ်ပွားသည့် နေရာများ၌ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်

 

နေပြည်တော်   ဇူလိုင်     ၂၅


မွန်ပြည်နယ်အတွင်း ယနေ့တွင် မိုးသည်းထန်စွာ ရွာသွန်း၍ တောင်ကျချောင်းရေများ ကျဆင်းလာမှု ကြောင့်    မွန်ပြည်နယ်အတွင်းရှိ    မြို့နယ်အချို့တွင် ရေကျော်ဝင်ရောက်မှုများ ဖြစ်ပေါ်လျက်ရှိပြီး အများ ပြည်သူအသုံးပြုသော   ကားလမ်းများနှင့်    ကျေးရွာ အဝင်များတွင် ရေကျော်ဝင်ရောက်မှုများ ဖြစ်ပေါ် လျက်ရှိရာ    ယနေ့မွန်းလွဲပိုင်းတွင်    အရှေ့တောင် တိုင်းစစ်ဌာနချုပ်မှ နယ်မြေခံတပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့်     မီးသတ်တပ်ဖွဲ့ဝင် များက လိုအပ်သည့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက် ဆောင်ရွက်ပေးသည်။

 


တောင်ကျချောင်းရေ   ကျဆင်းမှုကြောင့်     မွန် ပြည်နယ် ချောင်းဆုံမြို့နယ် သက္ကောကျေးရွာအဝင်  ကားလမ်း၊ မုဒုံမြို့နယ်အတွင်း နှီးပဒေါချောင်း ရေလျှံ မှုကြောင့် နှီးပဒေါကျေးရွာအနီးရှိ သံဖြူဇရပ်-မုဒုံ သွားကားလမ်းမကြီးနှင့်   ရေးမြို့နယ်    ဟံဂံချောင်း ရေလျှံမှုကြောင့် ကိုးမိုင်ကျေးရွာအနီးရှိ မော်လမြိုင်-ထားဝယ် သွားကားလမ်းမတို့၌  ရေအနက် တစ်ပေခန့်မှ    ခန့်မှန်း နှစ်ပေခွဲခန့်အထိ    ရေကျော် ဝင်ရောက်မှုဖြစ်ပွားခဲ့ပြီး       မော်တော်ယာဉ်များ သွားလာနိုင်မှုမရှိသဖြင့် အများပြည်သူဘေးအန္တရာယ် ကင်းလွတ်စေရေးအတွက်    လမ်းပိတ်ဆို့မှု   ဖြစ်ပွား သော  နေရာများ၌ လိုအပ်သည့်  ကူညီကယ်ဆယ်ရေး     လုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိ သည်။                        

 

သတင်းစဉ်