
နေပြည်တော် အောက်တိုဘာ ၃
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး သည် စက်တင်ဘာ ၃၀ ရက်က မုဒုံမြို့နယ်ရှိ Honda (Myanmar) International Co.,Ltd ရော်ဘာ ပင်အို ကုန်ကြမ်းအသုံးပြု သစ်အကြမ်းထည် စက်ရုံသို့ ရောက်ရှိပြီး သစ်ပါးလွှာ၊ ဘန်းဆောခွဲသား၊ ဘလော့ ဘုတ် သစ်ခွဲသားနှင့် လွှစာမှုန့်ဖြင့် ထင်းအစားထိုး လောင်စာတောင့်များ ထုတ်လုပ်နေမှုများကို ကြည့်ရှု စစ်ဆေးကာ တာဝန်ရှိသူများအား လုပ်ငန်းလိုအပ် ချက်များ ဆွေးနွေးမှာကြားသည်။
ကြည့်ရှုစစ်ဆေး
ဆက်လက်၍ ဒုတိယဝန်ကြီးသည် စိုက်ပျိုးရေး ဦးစီးဌာန နှစ်ရှည်သီးနှံဌာနခွဲနှစ်ရှည်ပင်များ သုတေ သနနှင့် နည်းပညာဖွံ့ဖြိုးရေးခြံ (မုဒုံ) ၏ ရော်ဘာ အခြေခံ ဘက်စုံသီးနှံ စိုက်ပျိုးမွေးမြူရေးစံပြကွက် ဆောင်ရွက်ထားရှိမှု၊ နှစ်ရှည်သီးနှံ ကြက်မောက်၊ ဒူးရင်း၊ ကော်ဖီ၊ ကိုကိုး၊ ပိန္နဲနှင့် နဂါးမောက် စိုက်ပျိုး ထားရှိမှု၊ တိုင်းရင်းကြက်၊ ဆိတ်၊ စားဖား၊ ငါးပြေမ၊ ငါးခူများ မွေးမြူထားရှိမှုနှင့် ဒေသနေတောင်သူ များအား ဘက်စုံစိုက်ပျိုးမွေးမြူရေး သင်တန်းပေး နေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး ရော်ဘာအခြေခံ ဘက်စုံသီးနှံစိုက်ပျိုးနည်းစနစ် အသုံးပြု၍ ရော်ဘာ စိုက် တောင်သူများ၏ လူမှုစီးပွားဘဝ တိုးတက်လာ စေရေး နည်းပညာပေးလုပ်ငန်းများ မြှင့်တင်ဆောင် ရွက်ရန် တာဝန်ရှိသူများအား ဆွေးနွေးမှာကြားသည်။
ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေး
ထို့နောက် ဒုတိယဝန်ကြီးသည် Sri Trang Ayeyar Rubber Industry စက်ရုံ၌ ရော်ဘာကုန်ကြမ်း သန့်စင်ခြင်း၊ အခြောက်ခံခြင်းနှင့် ထုပ်ပိုးခြင်း လုပ်ငန်းအဆင့်ဆင့်ကိုလည်းကောင်း၊ မော်လမြိုင် မြို့ရှိ သံလွင်အေးစက်မှုကုမ္ပဏီအအေးခန်းစက်ရုံ၌ ငါးများ အေးခဲခြင်း၊ ပြည်ပတင်ပို့ရန် ပြုပြင်ထုပ်ပိုးခြင်း လုပ်ငန်းဆောင်ရွက်နေမှုများကို လည်းကောင်း ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းရှင်များ၏ တင်ပြချက် များအပေါ် လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်