မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်ပေးမှု ကြည့်ရှုအားပေး

 

မော်လမြိုင်    ဇန်နဝါရီ     ၅


မွန်ပြည်နယ်အစိုးရအဖွဲ့၏   ဦးဆောင်မှုဖြင့် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်းနှင့်  ထောက်ပံ့မှုပေး ခြင်း   အခမ်းအနားကို   ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့ အထွေထွေရောဂါကု ပြည်သူ့ ဆေးရုံကြီး၌    ကျင်းပရာ   ဦးစွာပြည်နယ် ဝန်ကြီးချုပ်   ဦးအောင်ကြည်သိန်းက  အမှာ စကား‌ပြောကြားသည်။
ထို့နောက်       ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများက   အငြိမ်းစား   နိုင်ငံ့ ဝန်ထမ်းများအား   အခြေခံစားသောက်ကုန် များနှင့် စားသောက်ဖွယ်ရာများကို ထောက်ပံ့ ပေးအပ်သည်။
မွန်ပြည်နယ်၌    အငြိမ်းစားနိုင်ငံ့ဝန်ထမ်း ၂၇၈၀၃ ဦး ရှိပြီး မော်လမြိုင်မြို့နယ်အနေဖြင့် ၉၀၅၇ဦးရှိကြောင်း  မွန်ပြည်နယ် အစိုးရအဖွဲ့ အနေဖြင့်   မော်လမြိုင်မြို့နယ်ရှိ   အငြိမ်းစား နိုင်ငံ့ဝန်ထမ်း  ၃၀၀  ကို   အခြေခံစားသောက် ကုန်၊ အာဟာရဖြည့်စွက်စာနှင့် ကျန်းမာရေး စောင့်ရှောက်မှုကို  ပထမအကြိမ်  ထောက်ပံ့ ပေးအပ်ခြင်းဖြစ်ကာ    ဆက်လက်၍လည်း အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများ၏ လစဉ် ပင်စင် လစာထုတ်ရက်ဖြစ်သည့် ၂၁ ၊ ၂၂ ရက်များတွင် အလှည့်ကျစနစ်ဖြင့် အငြိမ်းစား နိုင်ငံ့ဝန်ထမ်း များအား    ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ 


သက်နိုင် (မော်လမြိုင်)