
နေပြည်တော် ဒီဇင်ဘာ ၂၉
မွန်ပြည်နယ် သထုံမြို့နယ် ဝီယော် ကျေးရွာအုပ်စုရှိ လင်းရောင်ခြည် ဘုန်းကြီးကျောင်းသို့ ဒီဇင်ဘာ ၂၆ ရက်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ က လာရောက်ပြီး ကျောင်းပိုင်ငွေ ကျပ် ၁၇ သိန်းနှင့် ဖုန်းတစ်လုံးအပါ အဝင် စားသောက်စရာအချို့ကို အဓမ္မ ယူဆောင်သွားကြောင်း သတင်းတု၊ သတင်းအမှားများကို လူမှုကွန်ရက်စာမျက်နှာများတွင် မဟုတ်မမှန် ရေးသားဖြန့်ဝေနေ သည်ကို တွေ့ရှိရသည်။
အဆိုပါ သတင်းနှင့်ပတ်သက် ၍ သက်ဆိုင်ရာနယ်မြေမှ လုံခြုံရေး တာဝန်ရှိသူတစ်ဦး၏ ပြောကြား ချက်အရ မွန်ပြည်နယ် သထုံ မြို့နယ် ဝီယော်ကျေးရွာအုပ်စု ရှိ လင်းရောင်ခြည်ဘုန်းကြီး ကျောင်းကို ဒီဇင်ဘာ ၂၆ ရက် က လုံခြုံရေးတပ်ဖွဲ့ဝင်များ သွားရောက်ခဲ့ခြင်း မရှိကြောင်း သိရှိရသည်။
တရားမဝင် ပြည်ဖျက်မီဒီယာ များအနေဖြင့် သတင်းတု၊ သတင်း အမှားများကို ရည်ရွယ်ချက်ရှိရှိ လုပ်ကြံရေးသားပြီး ဒေသခံ ပြည်သူများနှင့် လုံခြုံရေးတပ်ဖွဲ့ ဝင်များအကြား အထင်အမြင် လွဲမှားစေရန်နှင့် လုံခြုံရေးတပ်ဖွဲ့ ဝင်များ၏ ဂုဏ်သိက္ခာကျဆင်း စေရန် လူမှုကွန်ရက်စာမျက်နှာ များတွင် မဟုတ်မမှန် ရေးသား ဖြန့်ဝေနေခြင်းသာ ဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်