
နေပြည်တော် ဖေဖော်ဝါရီ ၉
မွန်ပြည်နယ် ရေးမြို့နယ် တော်ကမာကျေးရွာအနီးရှိ သင်္ဃန်းကျွန်းချောင်းအား ဖြတ်သန်းဆောက်လုပ် ထားသည့် ရေး-မော်လမြိုင်သွားရထားလမ်း တံတား အမှတ် (၁၇၃) ရထားလမ်းသွား သံပေါင်ဘေလီ တံတားအား ဖေဖော်ဝါရီ ၈ ရက် နံနက် ၁၀ နာရီခန့် တွင် အကြမ်းဖက်သမားများက မိုင်းထောင်ဖောက်ခွဲ ဖျက်ဆီးခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ရေး-မော်လမြိုင်သွား ရထားလမ်း တံတားအမှတ် (၁၇၃) မိုင်တိုင်အမှတ် ၂၅၆ မိုင် ၁၈ ဖာလုံနှင့် ၂၁ ဖာလုံကြား အလျား ပေ ၆၀၀ ခန့်ရှိ သံပေါင်ဘေလီတံတား၏ အလယ်အူတိုင်အနီးသို့ အကြမ်းဖက်သမား အမျိုးသားလေးဦးက ဆိုင်ကယ် နှစ်စီးဖြင့် ရောက်ရှိလာပြီး မိုင်းထောင်ဖောက်ခွဲ ဖျက်ဆီးခဲ့သဖြင့် တံတားအောက်ခံ ဘေလီပေါင် နှစ်ချောင်းကွေး၍ တံတားဘေးကာသံတိုင် နှစ်ချောင်း ပြတ်ထွက်ပျက်စီးခဲ့ကြောင်းနှင့် မိုင်းပေါက်ကွဲ၍ တံတားထိခိုက်ပျက်စီးမှုကြောင့် ရေး-မော်လမြိုင် ရထားခရီးစဉ်အား ရပ်နားထားရှိကြောင်း သိရှိရ သည်။
ထိုကဲ့သို့ လမ်းပန်းဆက်သွယ်မှု ပြတ်တောက်စေ ရန် ရည်ရွယ်၍ ရထားဖြတ်သန်းသွားလာသော သံပေါင် ဘေလီတံတားအား မိုင်းထောင်ဖောက်ခွဲဖျက်ဆီး ခဲ့သည့် အကြမ်းဖက်သမားများကို ဖော်ထုတ် ဖမ်းဆီး၍ တရားဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်းနှင့် တံတား အား အမြန်ပြန်လည်ပြုပြင်နိုင်ရေး တာဝန်ရှိသူများ က ချိတ်ဆက်ဆောင်ရွက်လျက်ရှိကြောင်း သတင်း ရရှိသည်။
သတင်းစဉ်