မွန်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ​မော်လမြိုင်မြို့ သက်ကြီးဘိုးဘွား (၁၀၀) ဦးအား ကိုဗစ်-၁၉ ​ရောဂါ ကာကွယ်​ဆေး ထိုးနှံ​ပေးမှု သွားရောက်ကြည့်ရှု

မော်လမြိုင်    ဇူလိုင်   ၂၈


မွန်ပြည်နယ်    ကိုဗစ်-၁၉    ရောဂါ ကာကွယ်            ထိန်းချုပ်ရေးနှင့်  အရေးပေါ်တုံ့ပြန်ရေးကော်မတီ  ဥက္ကဋ္ဌ     မွန်ပြည်နယ်    စီမံအုပ်ချုပ် ရေးကောင်စီ ဥက္ကဋ္ဌ ဦးဇော်လင်း ထွန်းနှင့် ​ ကောင်စီအဖွဲ့ဝင်များ၊   ပြည်နယ်အဆင့်    ဌာနဆိုင်ရာ တာဝန်ရှိသူများသည်       ယနေ့ မွန်းလွဲ ၃ နာရီက မော်လမြိုင်မြို့ မြဆည်းဆာ ဘိုးဘွားရိပ်သာနှင့် ​    တောင်ဝိုင်း ဘိုးဘွားရိပ်သာတို့တွင်   ကျန်းမာ​ရေးဝန်ထမ်းများ၊      ဌာန ဆိုင်ရာ  ဝန်ထမ်းများ၊     ပရဟိတ​ ​စေတနာ့ဝန်ထမ်း          များက သက်ကြီးဘိုးဘွား    ၁၀၀    ဦးတို့ ကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်​ဆေး   ပထမအကြိမ်   ထိုးနှံ​ပေးမှု   အခြေအနေအား       သွားရောက် ကြည့်ရှု၍    အား​ပေးစကား  ​ ပြော​ ကြားပြီး အာဟာရဖြည့် အစားစာ များ​ လှူဒါန်းပေးသည်။

 


မွန်ပြည်နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်​ဆေး အလုံး​ရေ ကိုးသောင်း​ကျော် ထိုးနှံ​ပေးသွား မည်ဖြစ်ကာ ဆက်လက်၍  Stan-dard   Operartion   Procedure (SOP)  (၁၂)  ချက်အညီ  သက်ဆိုင် ရာ မြို့နယ်များအလိုက် ကိုဗစ်-၁၉​ ရောဂါ      ကာကွယ်​ဆေး    ထိုးနှံ နိုင်ရေး      လူဦးရေစာရင်းများ ​ကောက်ယူ၍       ကျန်းမာ​ရေး ဝန်ထမ်းများ၊ ဌာနဆိုင်ရာဝန်ထမ်း များ၊ ပရဟိတ​ ​စေတနာ့ဝန်ထမ်း များက      ကာကွယ်​ဆေးထိုးနှံနိုင်​ရေး    ဝိုင်းဝန်းကူညီကြရေး  စီစဉ်​ဆောင်ရွက်ထားကြောင်း      သိရ သည်။              

 

ခရိုင်(ပြန်/ဆက်)