မွန်ပြည်နယ် ဆီထွက်သီးနှံတိုးချဲ့စိုက်ပျိုးရေးသွင်းအားစုများ ပံ့ပိုးထောက်ပံ့ပေးသွားမည်

 

မော်လမြိုင်  မတ်   ၁၂
မွန်ပြည်နယ်အတွင်း    စိုက်ပျိုး မွေးမြူရေးကဏ္ဍ၊ စားသုံးဆီဖူလုံ ရေးကဏ္ဍများ  ဖွံ့ဖြိုးတိုးတက်စေ ရေးနှင့် ပိုမိုတိုးချဲ့စိုက်ပျိုးနိုင်ရေးအတွက် မတ်   ၁၁ ရက်က  မွန် ပြည်နယ် မုဒုံမြို့    အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံးရှိ အစည်း အဝေးခန်းမ၌ကျင်းပရာ ပြည်နယ် ဝန်ကြီးချုပ်နှင့်    အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊  သက်ဆိုင်ရာ တာဝန် ရှိသူများ တက်ရောက်သည်။ 
ဆီထွက်သီးနှံများအလေးထား
အခမ်းအနားတွင် ပြည်နယ် ဝန်ကြီးချုပ်က     မြန်မာနိုင်ငံ၏ အဓိက  စိုက်ပျိုးသီးနှံဖြစ်သည့် ဆန်စပါးကို မွန်ပြည်နယ်အနေဖြင့် ပြည်နယ်လူဦးရေအရ ဆန်စပါး ဖူလုံမှုရှိပြီး ဆီထွက်သီးနှံများကို လည်း အထူးအလေးထားဆောင် ရွက်ကြရန်၊  တောင်သူများအနေ ဖြင့် စိုက်ပျိုးရေးသွင်းအားစုများအတွက်  ပြည်နယ်အစိုးရအဖွဲ့မှ လိုအပ်သည်များကို ပံ့ပိုးထောက် ပံ့ပေးသွားမည်       ဖြစ်ကြောင်း၊ နိုင်ငံတော်က       စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍကို အခြေခံသည့် ကုန်ထုတ်လုပ်မှုများ၊ သိပ္ပံနည်းကျ ခေတ်မီနည်းစနစ်ဖြင့်       ပိုမို တိုးတက်အောင် ဆောင်ရွက်ကြ စေလိုကြောင်း၊ ပြည်နယ်အနေဖြင့်  စိုက်ပျိုးမွေးမြူရေးကဏ္ဍ  ဖွံ့ဖြိုး တိုးတက်ရေးအတွက် တောင်သူ များ၏      လိုအပ်ချက်များကို အဘက်ဘက်က    ဆောင်ရွက် ပေးလျက်ရှိကြောင်း    ပြောကြား သည်။
ဆောင်းသီးနှံများတိုးချဲ့စိုက်
ထို့နောက် စိုက်ပျိုးမွေးမြူရေး ကဏ္ဍ၊   စားသုံးဆီဖူလုံရေးကဏ္ဍ များနှင့်ပတ်သက်၍    မုဒုံမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင့် ဇော်က မုဒုံမြို့နယ်အတွင်း ၂၀၂၂- ၂၀၂၃  ဘဏ္ဍာနှစ်တွင်  ဆောင်း သီးနှံနှင့်    ဆီထွက်သီးနှံ   တိုးချဲ့ စိုက်ပျိုးနိုင်မှု  အခြေအနေများကို ရှင်းလင်းတင်ပြရာ      ပြည်နယ် ဝန်ကြီးချုပ်က ဒေသနှင့်ကိုက်ညီ သော ဆောင်းသီးနှံများဖြစ်သည့် မြေပဲ၊ နေကြာ၊ နှမ်း၊ ဆီထွက်သီးနှံ များ တိုးချဲ့စိုက်ပျိုးနိုင်ရေး၊ စိုက်ပျိုး ရေးနှင့်   မွေးမြူရေးကဏ္ဍဖွံ့ဖြိုး တိုးတက်စေရေး   အစရှိသဖြင့် လိုအပ်သည်များကို     ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်ပေးသည်။
ဆက်လက်၍  မွန်ပြည်နယ် ဒေသဆိုင်ရာ  ခရီးသွားလုပ်ငန်း ကော်မတီအစည်းအဝေး  အမှတ် စဉ်  (၁/ ၂၀၂၂)  အစည်းအဝေးကို မွန်းလွဲပိုင်းက  မွန်ပြည်နယ်အစိုးရ အဖွဲ့ရုံး အောင်ဆန်းခန်းမ၌ ကျင်းပ ရာ  မွန်ပြည်နယ်   ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ မွန်ပြည်နယ်ဝန်ကြီးချုပ်က ခရီး သွားလုပ်ငန်းများ   ဖွံ့ဖြိုးတိုးတက် ရေးအတွက် မွန်ပြည်နယ် ဒေသ ဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ ဝင်များအနေဖြင့် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ပေးကြရန်   တိုက်တွန်း ပါကြောင်း ပြောကြားသည်။ 
ထို့နောက်      မွန်ပြည်နယ် ဒေသဆိုင်ရာ   ခရီးသွားလုပ်ငန်း ကော်မတီဒုတိယဥက္ကဋ္ဌ   စီးပွား ရေးရာဝန်ကြီး  ဦးနိုင်လယိတမ၊ အတွင်းရေးမှူး ဦးဇေယျာထွန်းနှင့် လုပ်ငန်းကော်မတီဝင်များ တင်ပြ အကြံပြု  ဆွေးနွေးခဲ့ကြမှုအပေါ်  ပြည်နယ်ဝန်ကြီးချုပ်က   လိုအပ် သည်များကို   ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ခရိုင်(ပြန်/ဆက်)