မြန်မာ့ယဉ်ကျေးမှုနှင့်ဆန့်ကျင်သော တေးသီချင်းဗီဒီယိုများကို လူမှုကွန်ရက်ပေါ်တွင်လွှင့်တင်သူများအား ဥပဒေနှင့်အညီ အမှုဖွင့်ဆောင်ရွက်လျက်ရှိ

 

ပြန်ကြားရေးဝန်ကြီးဌာနသည် ၁၉၉၆ ခုနှစ် ရုပ်ရှင် ဥပဒေနှင့် ၁၉၉၆ ခုနှစ် ရုပ်မြင်သံကြားနှင့် ဗီဒီယို ဥပဒေများနှင့်အညီ   ရုပ်ရှင်နှင့်   ဗီဒီယိုဇာတ်ကား များ  ရိုက်ကူးထုတ်လွှင့်ပြသမှုများကို  ကြီးကြပ် ဆောင်ရွက်လျက်ရှိပါသည်။
ယခုအခါ    အချို့သော     တေးသီချင်းဗီဒီယို ရိုက်ကူးထုတ်လွှင့်သူများသည် ထင်ပေါ်ကျော်ကြား မှု    ရရှိစေရေးအတွက်    မြန်မာ့ယဉ်ကျေးမှုနှင့် ဖီလာဆန့်ကျင်ပြီး မောင်နှမသားချင်း၊ မိသားစုဝင် ချင်း အတူတကွ ကြည့်ရှုရန်ပင် မသင့်လျော်သော၊ ဟီရိဩတ္တပ္ပတရားကင်းမဲ့သော တေးသီချင်းဗီဒီယို များကို အရှက်သိက္ခာမဲ့စွာ ရိုက်ကူးထုတ်လွှင့်နေကြ သည့်အတွက်  သက်ဆိုင်ရာ အစည်းအရုံးများက ထိန်းကျောင်းကြပ်မတ်ပေးပါရန်    ပြန်ကြားရေး ဝန်ကြီးဌာနက ၁၃-၁-၂၀၂၄ ရက်နေ့တွင် သတိပေး တားမြစ်ခဲ့ပြီး ဖြစ်ပါသည်။
ထို့ပြင် ဆက်သွယ်ရေးကွန်ရက်ကို အသုံးပြု၍ ဖြန့်ချိ၊   မျှဝေ၊   ပြသ၊   ရောင်းချလျက်ရှိသည့် ဇာတ်လမ်းကား၊  မှတ်တမ်းကား၊  မော်ကွန်းတင် ကား၊ သတင်းကား၊ ဖျော်ဖြေရေးကား သို့မဟုတ် ပညာပေးကားများကိုလည်း ၁၃-၃-၂၀၂၄ ရက်နေ့ တွင် အရေးကြီးဝန်ဆောင်မှုအဖြစ် သတ်မှတ်၍    စနစ်တကျ  ကြီးကြပ်ဆောင်ရွက်လျက်ရှိပါသည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍ လူမှုကွန်ရက်တွင် “ဘီယာဗိုက်”အမည်ဖြင့် အရှက်သိက္ခာကင်းမဲ့စွာ တေးသီချင်းဗီဒီယို ရိုက်ကူးထုတ်လွှင့်ပြသခဲ့သော အဆိုတော် မေသူ၊ ဟာသသရုပ်ဆောင် အိုကေနှင့် အခြားသက်ဆိုင်သူများအား  ရန်ကုန်မြို့ ဗဟန်း မြို့မရဲစခန်းတွင်   အီလက်ထရောနစ်  ဆက်သွယ် ဆောင်ရွက်ရေးဥပဒေ ပုဒ်မ - ၃၃(က)ဖြင့် အမှုဖွင့် ဆောင်ရွက်ထားရှိပြီးဖြစ်ပါသည်။
သို့ပါ၍    တေးသီချင်းဗီဒီယိုများ   ရိုက်ကူး ထုတ်လွှင့်ရာတွင်  မြန်မာ့ယဉ်ကျေးမှုနှင့် ဖီလာ ဆန့်ကျင်ပြီး      ဟီရိဩတ္တပ္ပတရားကင်းမဲ့သည့် ပြောဆိုမှုများ၊ ရိုက်ကူးထုတ်လွှင့်မှုများ မပြုကြပါ ရန်နှင့် လိုက်နာဆောင်ရွက်ခြင်းမရှိပါက တည်ဆဲ ဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း အသိပေးကြေညာအပ်ပါသည်။
ပြန်ကြားရေးဝန်ကြီးဌာန