မြန်မာ့တပ်မတော်ကိုယ်စားလှယ်အဖွဲ့ ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဗဟိုစစ်သမိုင်းပြတိုက်နှင့် ကာကွယ်ရေးဝန်ကြီးဌာန စစ်တက္ကသိုလ်သို့ သွားရောက်လေ့လာ

 

နေပြည်တော်   ဧပြီ   ၁၃


ဒုတိယအကြိမ်      ရုရှား- မြန်မာ ပူးတွဲအကြမ်းဖက်မှု    တိုက်ဖျက် ရေးကော်မတီ  အစည်းအဝေးသို့ တက်ရောက်ရန်အတွက်    ရုရှား ဖက်ဒရေးရှင်းနိုင်ငံသို့ ရောက်ရှိနေ သော    ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ  ဒုတိယဗိုလ်ချုပ်ကြီး ကျော်စွာလင်း     ဦးဆောင်သော မြန်မာ့တပ်မတော်ကိုယ်စားလှယ် အဖွဲ့သည် ယမန်နေ့ နေ့လယ်ပိုင်း တွင်     ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဗဟိုစစ်သမိုင်းပြတိုက် (Central Museum of the Armed Forces of the Russian Federation) သို့ သွားရောက်လေ့လာခဲ့ရာ တာဝန် ရှိသူများက    ကြိုဆို၍    Senior Researcher Kostantin Morozov က     ပြတိုက်အတွင်း    လိုက်လံ ရှင်းလင်းပြသသည်။     ဗဟိုစစ် သမိုင်းပြတိုက်ရှိ ဒုတိယကမ္ဘာစစ် အတွင်း   စစ်ပွဲဆိုင်ရာမှတ်တမ်း များနှင့် အောင်ပွဲရအထိမ်းအမှတ် များ ပြသထားသည့် Victory Hall၊ ၁၉၄၆ ခုနှစ်မှ လက်ရှိကာလအထိ ရုရှားတပ်မတော်၏    လှုပ်ရှား ဆောင်ရွက်မှု သမိုင်းမှတ်တမ်းများ အား  ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။


ထို့နောက် မြန်မာ့တပ်မတော် ကိုယ်စားလှယ်အဖွဲ့သည် ရုရှား နိုင်ငံ   ကာကွယ်ရေးဝန်ကြီးဌာန စစ်တက္ကသိုလ်သို့    ဆက်လက် သွားရောက်ခဲ့ရာ    စစ်တက္ကသိုလ် ဒုတိယကျောင်းအုပ်ကြီး    Major General Viktor Vasilyevich Shulyak   နှင့်   တာဝန်ရှိသူများ က   ကြိုဆိုခဲ့ကြသည်။

 

 ထို့နောက် ဗိုလ်လောင်းများအား   လေ့ကျင့်သင်ကြား‌ပေးသည့် ဌာန များဖြစ်သော မော်တော်ယာဉ်ဌာန၊ နည်းဗျူဟာဌာန၊ UAV   နည်းပညာ ဆိုင်ရာ   သင်ကြားပို့ချမှု၊  ဆင်မြူ လေတာဖြင့်    လက်တွေ့ပစ်ခတ် တိုက်ခိုက်လေ့ကျင့်မှု၊ ရှေးဦးသူနာ ပြုစုခြင်းဆိုင်ရာ   သင်ကြားပို့ချမှု များ၊ ဗိုလ်လောင်းအိပ်ဆောင်နှင့် စာသင်ခန်းများအား    လေ့လာ ကြည့်ရှုခဲ့ပြီး ရုရှားနိုင်ငံကာကွယ် ရေးဝန်ကြီးဌာန စစ်တက္ကသိုလ်မှ တာဝန်ရှိသူများနှင့်အတူ    တရင်း တနှီး     စုပေါင်းဓာတ်ပုံရိုက်ကူးခဲ့ ကြောင်း သိရသည်။  


မြန်မာ့တပ်မတော်ကိုယ်စား လှယ်အဖွဲ့သည် ယနေ့နံနက်ပိုင်း တွင် မြန်မာထေရဝါဒဗုဒ္ဓဝိဟာရ (မော်စကို) သို့     သွားရောက်၍ သဒ္ဓမ္မဇောတိကာ     သိမ်တော်၌ ဓမ္မကထိက     ဗဟုဇနဟိတဓရ မဟာသဒ္ဓမ္မဇောတိကဓဇ  ဘဒ္ဒန္တ ဒေါက်တာအစ္ဆရိယ၊ လက်ထောက် ကျောင်းထိုင် မဟာသဒ္ဓမ္မဇောတိက ဓဇ ဘဒ္ဒန္တနန္ဒမာလာလင်္ကာရနှင့် သံဃာတော်   အရှင်သူမြတ်များ ထံမှ   ငါးပါးသီလခံယူ   ဆောက် တည်ခြင်း၊    တရားတော်နာယူ ကြည်ညိုခြင်း၊ သံဃာတော်အရှင် သူမြတ်တို့အား   လှူဖွယ်ပစ္စည်း များ       ဆက်ကပ်လှူဒါန်းခြင်း၊ သံဃာတော်  အရှင်သူမြတ်များမှ အနုမောဒနာတရား မိန့်ကြားခြင်း နှင့်   ရေစက်သွန်းချ   အမျှပေးဝေ ခြင်းများ ပြုလုပ်ခဲ့ပြီး သံဃာတော် အရှင်သူမြတ်တို့အား       နေ့ဆွမ်း ဆက်ကပ်လှူဒါန်းခဲ့သည်။


ယင်းနောက် ရုရှားဖက်ဒရေး ရှင်းနိုင်ငံ မော်စကိုမြို့တွင် ပညာ သင်ကြားလျက်ရှိသော   မြန်မာ့ တပ်မတော်မှ     သင်တန်းသား အရာရှိ    ခေါင်းဆောင်များအား တွေ့ဆုံ၍ အမှာစကားပြောကြား ခြင်းများ  ပြုလုပ်၍ စုပေါင်းအမှတ် တရဓာတ်ပုံ    ရိုက်ကူးခဲ့ကြောင်း သတင်းရရှိသည်။        

သတင်းစဉ်