မြန်မာ့တိုင်းရင်းဆေးပညာကို ပြည်တွင်းတွင် ဖွံ့ဖြိုးတိုးတက်နေရန်လိုအပ်သလို ကမ္ဘာ့နိုင်ငံများ၏ တိုင်းရင်းဆေးဆိုင်ရာကဏ္ဍများနှင့်လည်း ပူးပေါင်းဆောင်ရွက်ကြရန်လို

 

နေပြည်တော်  ဒီဇင်ဘာ  ၂၁

(၂၂)   ကြိမ်မြောက်   မြန်မာ့ တိုင်းရင်းဆေး   သမားတော်များ ညီလာခံနှင့်     မြန်မာ့တိုင်းရင်း ဆေးပညာ   နှီးနှောဖလှယ်ပွဲ ဖွင့်ပွဲ အခမ်းအနားကို  ယနေ့နံနက်ပိုင်း တွင်  နေပြည်တော်ရှိ   မြန်မာ အပြည်ပြည်ဆိုင်ရာ  ကွန်ဗင်းရှင်း ဗဟိုဌာန(၂)၌ကျင်းပသည်။

အခမ်းအနားသို့    (၂၂) ကြိမ် မြောက်   မြန်မာ့တိုင်းရင်းဆေး သမားတော်များ     ညီလာခံနှင့်    မြန်မာ့တိုင်းရင်းဆေးပညာ နှီးနှော ဖလှယ်ပွဲကျင်းပရေး       ဦးစီး ကော်မတီနာယက        နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ  ဒုတိယ ဥက္ကဋ္ဌ  ဒုတိယဝန်ကြီးချုပ်  ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊  နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဝင်များ၊     ပြည်ထောင်စု      ဝန်ကြီးများ၊ နေပြည်တော်ကောင်စီ    ဥက္ကဋ္ဌ၊     ဒုတိယဝန်ကြီးများ၊  တပ်မတော်မှ အရာရှိကြီးများ၊       ဌာနဆိုင်ရာအကြီးအကဲများ၊  မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံခြားသံရုံးများမှ  သံအမတ် ကြီးများ၊  မြန်မာနိုင်ငံဆေးကောင်စီဥက္ကဋ္ဌ၊ တိုင်းရင်း ဆေးပညာရပ်ဆိုင်ရာ         အကြံပေးအဖွဲ့ဝင်များ၊ ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့အစည်းများမှ  ဌာနေ ကိုယ်စားလှယ်များ၊  အစိုးရမဟုတ်သော  အသင်း/ အဖွဲ့များ၊ တိုင်းရင်းဆေးကောင်စီဝင်များ၊ မြန်မာနိုင်ငံ တိုင်းရင်းဆေးဆရာအသင်းကြီးနှင့်  မြန်မာနိုင်ငံအနှံ့ အပြားမှ  တိုင်းရင်းဆေးသမားတော် ကိုယ်စားလှယ် များ၊ တိုင်းရင်းဆေးပညာရပ်ဆိုင်ရာ  အကြံပေးအဖွဲ့ ဝင်များ၊ မြန်မာနိုင်ငံတိုင်းရင်းဆေးဝါး ထုတ်လုပ်သူ များ၊  ဆေးပစ္စည်းလုပ်ငန်းရှင်များ၊  တိုင်းရင်းဆေးရုံ များမှ ဆရာ ၊ ဆရာမများ၊ တိုင်းရင်းဆေးတက္ကသိုလ်မှ ဆရာ၊ ဆရာမများနှင့်  ကျောင်းသား ကျောင်းသူများ တက်ရောက်ကြသည်။


ဦးစွာ (၂၂) ကြိမ်မြောက်  မြန်မာ့တိုင်းရင်းဆေး သမားတော်များညီလာခံနှင့်  မြန်မာ့တိုင်းရင်းဆေး ပညာနှီးနှောဖလှယ်ပွဲကို  မြန်မာ့တိုင်းရင်းဆေးသမား တော်များညီလာခံနှင့်    မြန်မာ့တိုင်းရင်းဆေးပညာနှီးနှောဖလှယ်ပွဲကျင်းပရေး  ဦးစီးကော်မတီနာယက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ    ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်  ဒုတိယဗိုလ်ချုပ်မှူးကြီး  စိုးဝင်း၊ မြန်မာနိုင်ငံ တိုင်းရင်းဆေးကောင်စီဥက္ကဋ္ဌ ဦးမြင့်ဦး၊ တိုင်းရင်းဆေးပညာရပ်ဆိုင်ရာ  အကြံပေးအဖွဲ့ဝင်  ဦးမြင့်လွင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။

ထို့နောက်  အခမ်းအနားကို ဆက်လက်ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ   နိုင်ငံတော် ဝန်ကြီးချုပ်   ဗိုလ်ချုပ်မှူးကြီး  မင်းအောင်လှိုင်က မြန်မာ့တိုင်းရင်းဆေးသမားတော်များ     ညီလာခံနှင့် မြန်မာ့တိုင်းရင်းဆေးပညာနှီးနှောဖလှယ်ပွဲသို့ ပေးပို့ သည့်   ဂုဏ်ပြုမိန့်ခွန်း  Video Message  ကို ဖွင့်လှစ် ပြသသည်။     (နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ     နိုင်ငံတော်ဝန်ကြီးချုပ်   ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်      ပြောကြားသည့်   အဖွင့်ဗီဒီယို မိန့်ခွန်းအပြည့်အစုံအား     (စာမျက်နှာ -  ရှေ့ဖုံးနှင့် စာမျက်နှာ- ၃) တွင် သီးခြားဖော်ပြထားပါသည်။)


ဆွေးနွေးညှိနှိုင်းခွင့်၊ အသိပညာဖလှယ်ခွင့်ရရှိ


ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က အမှာစကားပြော ကြားရာတွင်  မြန်မာ့တိုင်းရင်းဆေးသမားတော်များညီလာခံကို ၂၀၀၀ ပြည့်နှစ်ကစတင်ပြီး  နှစ်စဉ်ကျင်းပ လာခဲ့သည်မှာ   ယခုဆိုလျှင်  (၂၂) ကြိမ်မြောက်ရှိပြီ ဖြစ်ကြောင်း၊   (၂၂) ကြိမ်ကာလအတွင်း   မြန်မာ တစ်နိုင်ငံလုံးတွင်ရှိနေကြသည့် မြန်မာ့တိုင်းရင်းဆေး ပညာရှင်များ၊ ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူ များ၊   နှီးနွှယ်ပညာရှင်များအနေဖြင့်  ယခုညီလာခံ ကြီးတွင် တစ်နှစ်တစ်ကြိမ် တွေ့ဆုံခွင့်ရရှိပြီး ပြည်သူ များ၏ ကျန်းမာရေးကို တိုင်းရင်းဆေးနှင့် စောင့်ရှောက် ပေးနိုင်ရေးအတွက်         တိုင်းရင်းဆေးပညာရပ် များ   ဆွေးနွေးညှိနှိုင်းခွင့်၊    အသိပညာဖလှယ်ခွင့်  ရရှိကြကြောင်း။


ယခုကျင်းပသည့်  (၂၂) ကြိမ်မြောက်  မြန်မာ့ တိုင်းရင်းဆေးသမားတော်များ ညီလာခံကို တိုင်းရင်း ဆေးပညာ ပိုမိုဖွံ့ဖြိုးတိုးတက်ရေး ပြည်တွင်းပြည်ပရှိ ဆက်စပ်နှီးနွှယ်ပညာရှင်များ၊  အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရန်၊   ဘေးအန္တရာယ်ကင်းရှင်းပြီး အရည်အသွေးမြင့်မားသည့်    အစွမ်းထက်တိုင်းရင်း ဆေးဝါးများ   ပေါ်ထွက်လာစေရန်၊   ပြည်သူလူထု၏ ကျန်းမာရေးကို  ပိုမိုထိရောက်စွာ စောင့်ရှောက်မှုပေး နိုင်ရန်အတွက် အရည်အသွေးပြည့်ဝသည့်  တိုင်းရင်း ဆေးပညာရှင်များဖြစ်လာစေရေး လေ့ကျင့်သင်ကြား ပေးရန်၊   ပြည်သူလူထု၏   ကျန်းမာရေးကို  မြန်မာ့ တိုင်းရင်းဆေးပညာဖြင့် ပိုမိုထိရောက်စွာ စောင့်ရှောက် မှုပေးရန် စသည့် ရည်ရွယ်ချက် (၄)ရပ်နှင့် ကျင်းပခြင်း ဖြစ်ကြောင်း၊ အဆိုပါရည်ရွယ်ချက်များ  အောင်မြင် အောင် အကောင်အထည်ဖော်နိုင်မည့် လုပ်ငန်းစဉ် များကို  ယခုညီလာခံက  ညှိနှိုင်းဆွေးနွေးချမှတ်ပေးနိုင်မည်ဟုယုံကြည်ပါကြောင်း။

လက်ဆင့်ကမ်းအမွေပေးနိုင်မည်


ယခုကဲ့သို့  နိုင်ငံတော်က  ဦးဆောင်ကျင်းပသည့် မြန်မာ့တိုင်းရင်းဆေးသမားတော်များ    ညီလာခံနှင့် မြန်မာ့တိုင်းရင်းဆေးပညာနှီးနှောဖလှယ်ပွဲတွင် မြန်မာ့ တိုင်းရင်းဆေးနယ်ပယ်  ဖွံ့ဖြိုးတိုးတက်ရေးအတွက် အသိအမြင်များ  ဖလှယ်နိုင်ကြရုံသာမက  ခေတ်နှင့် အညီ တိုးတက်ပြောင်းလဲနေသည့်  အခြေအနေများကို သိရှိနိုင်ရန် အခွင့်အလမ်းများ ရရှိကြမည်ဖြစ်ကြောင်း၊ ညီလာခံတွင် တိုင်းရင်းဆေးပညာရပ်ဆိုင်ရာ ဆွေးနွေး ခွင့်များ ရရှိကြမည့်အပြင် အတွေ့အကြုံရင့်ကျက်သည့် တိုင်းရင်းဆေးသမားတော်ကြီးများက မျိုးဆက်သစ် များကို    လက်ဆင့်ကမ်းအမွေပေးနိုင်မည်ဖြစ်သော ကြောင့်  မျိုးဆက်သစ်တိုင်းရင်းဆေးဆရာများအနေ ဖြင့် ပညာအမွေဆက်ခံခွင့်ရရှိနိုင်သည့် အကျိုးကျေးဇူး များကိုပါ ရရှိစေမည်ဖြစ်ကြောင်း။
ညီလာခံအဆက်ဆက်တွင်     ခေတ်ကာလနှင့် လိုက်လျောညီထွေမှုရှိသည့် အဆိုပြုချက်များ၊ တင်ပြ ဆွေးနွေးမှုများ ပြုလုပ်ကြပြီး  ထောက်ခံဆွေးနွေးမှု များက    ထွက်ပေါ်လာသည့်     လုပ်ဆောင်သင့်၊ လုပ်ဆောင်ထိုက်သည့် လုပ်ငန်းစဉ်များကို အပြည့်အဝ အကောင်အထည်ဖော်နိုင်အောင်  စုပေါင်းအားထုတ် ကြရန်ကိုလည်း မိမိအနေဖြင့်  အားပေးတိုက်တွန်း လိုပါကြောင်း။
(၂၂)ကြိမ်မြောက်  မြန်မာ့တိုင်းရင်းဆေးသမားတော်များညီလာခံတွင် အဆိုပြုချက် (၄)ချက် အဆိုပြု တင်သွင်းပြီး  အလေးထားဆွေးနွေးကြမည်ဟု သိရ ကြောင်း၊  နိုင်ငံတော်အစိုးရက   တိုင်းရင်းဆေးအခန်း ကဏ္ဍကို အလေးအနက်ထားကာ အားပေးချီးမြှောက် ပေးလျက်ရှိနေသကဲ့သို့ တိုင်းရင်းဆေးပညာရှင်များ ကလည်း   ယခုလို    ကြိုးစားအားထုတ်နေသည်ကို တွေ့ရသည့်အတွက်    ကျေးဇူးတင်ဝမ်းမြောက်မိပါ ကြောင်း၊    ထိုသို့    ကြိုးစားအားထုတ်ကြရာတွင် စည်းကမ်းတကျဖြစ်စေရန်   တိုင်းရင်းဆေးကောင်စီ ဥပဒေ၊ တိုင်းရင်းဆေးဝါးဥပဒေတို့သည် အဓိကမဏ္ဍိုင် ကြီးများဖြစ်ပါကြောင်း၊   ယခုအချိန်တွင်   မြန်မာ့ တိုင်းရင်းဆေးပညာရှင်များကို ဒီပလိုမာအဆင့်၊ ဘွဲ့ရ အဆင့်မှ  တိုင်းရင်းဆေးပညာ  မဟာဘွဲ့အဆင့်အထိ လေ့ကျင့်မွေးထုတ်ပေးနေပြီဖြစ်ပါကြောင်း၊   မြန်မာ့ တိုင်းရင်းဆေးပညာကို ပြည်တွင်းတွင် ဖွံ့ဖြိုးတိုးတက် နေရန်လိုအပ်သလို ကမ္ဘာ့နိုင်ငံများ၏ တိုင်းရင်းဆေး ဆိုင်ရာ  ကဏ္ဍများနှင့်လည်း ပူးပေါင်းဆောင်ရွက်ကြ ရန်လိုအပ်ပါကြောင်း။


တိုင်းရင်းဆေးပညာရှင်များကကြိုးပမ်း


နိုင်ငံတစ်နိုင်ငံချင်း၊      လူမျိုးတစ်မျိုးချင်း၏ တိုင်းရင်းဆေးပညာရပ်များသည်   အခြေခံအားဖြင့် မတူညီကြသည့်အတွက်  မြန်မာ့တိုင်းရင်းဆေးပညာ အခြေခံသီအိုရီများ၊ ကိုယ်ပိုင်မူ ကိုယ်ပိုင်လက္ခဏာများ ကို ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်အဖြစ်    ထိန်းသိမ်း ကြရမည်ဖြစ်သကဲ့သို့  အဆိုပါအခြေခံသီအိုရီများကို ခိုင်မာမှန်ကန်ကြောင်း       သက်သေပြရန်ကိုလည်း တိုင်းရင်းဆေးပညာရှင်များက  ကြိုးပမ်းဆောင်ရွက် နေကြရမည်ဖြစ်ကြောင်း။


ပညာရပ်အချို့ တိမ်မြုပ်ပျောက်ကွယ်


ရှေးမြန်မာမင်းများလက်ထက်   အစွမ်းထက် မြန်မာ့တိုင်းရင်းဆေးဝါးများ၏   သမိုင်းကြောင်းကို ကြည့်ပါက   ရတနာပုံခေတ်  မင်းတုန်းမင်းလက်ထက် တွင်     မြန်မာ့တိုင်ရင်းဆေးပညာ   စစ်စစ်ဖြစ်သည့် ဒေသနာနယ    ဆေးပညာနည်းစနစ်   တောင်သာ ခြောက်လုံးကောက်ဆေးပညာကို တောင်သာဆရာကြီး ဆရာမှုန့်မှ တီထွင်ခဲ့သည်ကို တွေ့ရပါကြောင်း၊ ထိုသို့ အစွမ်းထက် ဆေးစွမ်းကောင်းများပေါ်ထွန်းခဲ့သော် လည်း  မြန်မာ့တိုင်းရင်းဆေးပညာသည် တတ်ကျွမ်း သည့် သမားတော်ကြီးများထံတွင် စာတွေ့၊ လက်တွေ့ အနီးကပ်  ဆည်းပူးလေ့လာရသဖြင့် လက်ဆင့်ကမ်း သင်ယူသူများ နည်းပါးလာခြင်း၊  ပညာအမွေအနှစ် မှတ်တမ်းများ  လွှဲပြောင်းပေးနိုင်မှု အကန့်အသတ်နှင့် အားနည်းချက်ရှိခြင်းတို့ကြောင့်   မြန်မာ့တိုင်းရင်း ဆေးဝါးများရှိ  ပညာရပ်အချို့ တိမ်မြုပ်ပျောက်ကွယ် ခဲ့ရသည်ကို တွေ့ရှိရပါကြောင်း၊ ထို့ကြောင့် နိုင်ငံတော် အစိုးရက  ၂၀၀၁ ခုနှစ်တွင်  မန္တလေးမြို့၌ တိုင်းရင်း ဆေးတက္ကသိုလ်ကိုဖွင့်လှစ်ကာ  မျိုးဆက်သစ် တိုင်းရင်းဆေးပညာဘွဲ့ရများ မွေးထုတ်နိုင်ခဲ့ပြီး မြန်မာ့ တိုင်းရင်းဆေးသမားတော်များညီလာခံကို   နှစ်စဉ် ကျင်းပပေးခြင်းဖြင့်   “သက်ကြီးစကား၊ သက်ငယ်ကြား” ဆိုသကဲ့သို့
အတွေ့အကြုံရင့်ကျက်သည့်      တိုင်းရင်းဆေး သမားတော်ကြီးများက  မျိုးဆက်သစ်လူငယ်များနှင့် ပညာရပ်ဆိုင်ရာများ၊     အတွေ့အကြုံဗဟုသုတများ နှီးနှောဖလှယ်နိုင်ခြင်း၊     လက်ဆင့်ကမ်းအမွေပေး နိုင်ခြင်းစသည့့်   အကျိုးကျေးဇူးအထောက်အပံ့များ ရမည်ဖြစ်သည့်အတွက်  မျိုးဆက်သစ်များကလည်း အနာဂတ်မြန်မာ့တိုင်းရင်းဆေးပညာရပ်   ပိုမိုဖွံ့ဖြိုး တိုးတက်အောင်     ခေတ်နှင့်အညီ    ဆက်လက်၍ ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း။


မျက်‌ခြည်မပြတ်ဆန်းစစ်လေ့လာ


မြန်မာနိုင်ငံသည် အာဆီယံအဖွဲ့ဝင်နိုင်ငံဖြစ်သည် နှင့်အညီ  အဖွဲ့ဝင်နိုင်ငံများနှင့် ကဏ္ဍစုံပူးပေါင်းဆောင် ရွက်လျက်ရှိပါကြောင်း၊ တိုင်းရင်းဆေးဝါးများ မှတ်ပုံ တင်ခြင်းနှင့်  ကုန်သွယ်ရေးဆိုင်ရာ လုပ်ငန်းများနှင့် ပတ်သက်ပြီး   အဖွဲ့ဝင်နိုင်ငံများနှင့်အတူ  ရင်ပေါင် တန်း လိုက်ပါဆောင်ရွက်နေသည်ကို တွေ့ရပါကြောင်း၊ ထိုသို့ အာဆီယံနိုင်ငံများနှင့် ပညာရပ်ဆိုင်ရာ ပူးပေါင်း ဆွေးနွေးဖလှယ်ခြင်း၊  ဆေးဝါးများကို အပြန်အလှန် ကူးသန်းရောင်းဝယ်ခြင်းပြုလုပ်နိုင်ကြရန် တိုင်းရင်း ဆေးသမားတော်များနှင့် တိုင်းရင်းဆေးဝါး လုပ်ငန်း ရှင်များက    မျက်‌ခြည်မပြတ်    ဆန်းစစ်လေ့လာပြီး ကြိုးပမ်းအားထုတ်ကြရမည်ဖြစ်ကြောင်း။


အလားတူ ဘင်းမ်စတက်၊ မဲခေါင် စသည့် ဒေသ တွင်း  အဖွဲ့အစည်းများနှင့်လည်း  ပူးပေါင်းဆောင်ရွက် နေသည်ကိုတွေ့ရပါကြောင်း၊ ထို့အပြင် ၂၀၂၃ ခုနှစ် အတွင်း အိန္ဒိယနိုင်ငံတွင်  ကျင်းပသည့် တိုင်းရင်းဆေး ပညာရပ်ဆိုင်ရာ  (B2B) ညီလာခံ၊    အိန္ဒိယနိုင်ငံနှင့် အာဆီယံနိုင်ငံများအတွင်း   ကိုဗစ်-၁၉   ရောဂါနှင့် ကူးစက်ရောဂါများကာကွယ်ခြင်း၊    ထိန်းချုပ်ခြင်း၊  ကုသခြင်းဆိုင်ရာညီလာခံများ၊     တရုတ်နိုင်ငံတွင် ကျင်းပသည့် ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် တိုင်းရင်း ဆေးနှင့်  အနောက်တိုင်းဆေးပညာများ ပေါင်းစည်း ထားသည့်  ကူးစက်ရောဂါများအား  ကာကွယ်ခြင်း ဆိုင်ရာညီလာခံ၊  တရုတ်-အာဆီယံ  ဆေးဝါးဖွံ့ဖြိုး တိုးတက်ရေးနှင့်     ပူးပေါင်းဆောင်ရွက်ရေးဖိုရမ်၊ တရုတ်-အာဆီယံ    တိုင်းရင်းဆေးနှင့်   ခရီးသွား ကျန်းမာရေး စောင့်ရှောက်မှုဆိုင်ရာ နိုင်ငံတကာဖိုရမ်၊ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေး    အဖွဲ့အစည်း၏ တိုင်းရင်းဆေးဖိုရမ်  စသည့်   ဒေသတွင်းနိုင်ငံများနှင့် ပူးပေါင်းပါဝင်ဆွေးနွေးနိုင်ခဲ့ပါကြောင်း၊    ထို့အပြင် မြန်မာနိုင်ငံတွင်   ကျင်းပသည့်  (၁၂) ကြိမ်မြောက် တိုင်းရင်းဆေးသုတေသနစာတမ်းဖတ်ပွဲကို   အိန္ဒိယ နိုင်ငံမှ   အာယုဗ္ဗေဒဆေးပညာရှင်    လာရောက်ပြီး  စာတမ်းဖတ်ကြားခဲ့သည်ကိုလည်း သိရှိရပါကြောင်း။  


သဘာဝအခြေခံကုထုံးများ တိုးမြှင့်အသုံးပြုလာ

ကမ္ဘာ့ကျန်းမာရေးနှင့်   ဆေးပညာနယ်ပယ်ကို လေ့လာကြည့်မည်ဆိုပါက နိုင်ငံတကာတွင် ဆေးဖက် ဝင်အပင်များ၏   အစိတ်အပိုင်းများနှင့်   ဖော်စပ် ထုတ်လုပ်ထားသည့်  ဆေးဝါးများအသုံးပြုမှုကို ပိုမို အလေးထားလာသည်ကို တွေ့ရှိရကြောင်း၊ နာမကျန်း လူနာများကို   ကုသရာတွင်လည်း  သဘာဝအခြေခံ ကုထုံးများ      တိုးမြှင့်အသုံးပြုလာကြပါကြောင်း၊ ဇီဝကမ္မဖြစ်စဉ်များကို  ကံ၊ စိတ်၊ ဥတု၊ အာဟာရနှင့် သင့်တင့်မျှတအောင်  ထိန်းသိမ်းပြီး ကျန်းမာရေးကို မြှင့်တင်ရန်      ကြိုးပမ်းဆောင်ရွက်နေကြပြီဖြစ်ပါ ကြောင်း။


မိမိတို့ ဘိုးဘွားဘီဘင်လက်ထက်ကပင် ကျန်းမာ ရေးကို     မြန်မာ့တိုင်းရင်းဆေးဝါးများနှင့်      ပြုစု စောင့်ရှောက်လာခဲ့သည်မှာ ယနေ့မိမိတို့ခေတ်အထိ ပင်ဖြစ်ပြီး   နောင်လည်း   ဆက်လက်တည်ရှိနေဦး မည်မှာ  အသေအချာပင်ဖြစ်ပါကြောင်း၊ ကိုဗစ်- ၁၉ ကပ်ရောဂါအတွက်  အသုံးပြုနိုင်ရန် မြန်မာ့တိုင်းရင်း ဆေးဝိသမအဖျားပျောက်ဆေးကို    စနစ်တကျ သုတေသနပြုလုပ်ဆောင်ရွက်ခဲ့ပြီး  တိုင်းရင်းဆေးရုံ၊ ဆေးကုဌာနများတွင်  အသုံးပြုနေပြီဖြစ်ပါကြောင်း။


လက်ဆင့်ကမ်းအမွေပေး


မြန်မာ့တိုင်းရင်းဆေးပညာကို     အမျိုးသားရေး အမွေအနှစ်ဆေးပညာအဖြစ် ထိန်းသိမ်းစောင့်ရှောက် နိုင်ရေး၊ တိုင်းရင်းဆေးနှင့်  ပြည်သူလူထုကျန်းမာရေး ကို   ပိုမိုစောင့်ရှောက်မှုပေးနိုင်ရေး၊ အရည်အချင်း ပြည့်ဝသည့် တိုင်းရင်းဆေးလူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး၊     တိုင်းရင်းဆေးသုတေသန လုပ်ငန်းများ ပိုမိုဆောင်ရွက်နိုင်ရေး၊  အန္တရာယ်ကင်း ပြီး  အကျိုးအာနိသင်ထက်မြက်သည့်  ဆေးဝါးများ ထုတ်လုပ်ရေး၊ မြန်မာ့တိုင်းရင်းဆေးပညာနှင့် ဆေးဝါး များ ကမ္ဘာ့အဆင့်မီအောင် ဆောင်ရွက်နိုင်ရေး၊ ဝါရင့် တိုင်းရင်းဆေးသမားတော်ကြီးများ  လက်ရှိသုံးစွဲနေ သည့်  ကုထုံးများ၊ ဆေးဝါးများကို  မျိုးဆက်သစ်များ သို့    လက်ဆင့်ကမ်းအမွေပေးနိုင်ရေး   စသည်ဖြင့် လုပ်ဆောင်ဖွယ်ရာ အများအပြားရှိနေပါကြောင်း။


အဆိုပါလုပ်ငန်းများ ပြီးမြောက်အောင်မြင်အောင် ကျန်းမာရေးဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီး ဌာန၊ တိုင်းရင်းဆေးပညာရပ်ဆိုင်ရာ  အကြံပေးအဖွဲ့၊ မြန်မာနိုင်ငံ  တိုင်းရင်းဆေးကောင်စီ၊   မြန်မာနိုင်ငံ တိုင်းရင်းဆေးဆရာအသင်း၊    တိုင်းရင်းဆေးဝါး ထုတ်လုပ်သူ လုပ်ငန်းရှင်များနှင့် တိုင်းရင်းဆေးသမား တော်အပေါင်းတို့သည်  တိုင်းရင်းဆေးရပ်ဝန်း  ပိုမို ဖွံ့ဖြိုးတိုးတက်စေရန်  ဦးတည်ပြီး စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်နှင့် ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။

ဆက်လက်၍  တိုင်းရင်းဆေးပညာဦးစီးဌာန၏ တိုင်းရင်းဆေးကဏ္ဍ   ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း ဆောင်ရွက်ချက်မှတ်တမ်း Video ကို ပြသသည်။


ထို့နောက်    မြန်မာ့တိုင်းရင်းဆေးသမားတော် များညီလာခံနှင့်  မြန်မာ့တိုင်းရင်းဆေးပညာနှီးနှော ဖလှယ်ပွဲ          ကျင်းပရေးဦးစီးကော်မတီနာယက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ     ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်  ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ထံ  ကျန်းမာရေးဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက  (၂၂)ကြိမ်မြောက် မြန်မာ့ တိုင်းရင်းဆေးသမားတော်များညီလာခံနှင့်   မြန်မာ့ တိုင်းရင်းဆေးပညာ  နှီးနှောဖလှယ်ပွဲအထိမ်းအမှတ် ဂုဏ်ပြုလက်ဆောင်ကို   နေရာအရောက်    ဂါရဝပြု ပေးအပ်သည်။


ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ  ဒုတိယဝန်ကြီးချုပ်နှင့်  အဖွဲ့ဝင်များ သည် မြန်မာနိုင်ငံဆေးကောင်စီဥက္ကဋ္ဌ၊ တိုင်းရင်းဆေး ပညာရပ်ဆိုင်ရာ  အကြံပေးအဖွဲ့ဝင်များ၊   တိုင်းရင်းဆေး သမားတော်များ၊ တိုင်းရင်းဆေးဝါးထုတ်လုပ်သူများ၊ ကိုယ်စားလှယ်တော်ကြီးများ၊ တာဝန်ရှိသူများနှင့် အတူ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံများ ရိုက်ကြသည်။


လှည့်လည်ကြည့်ရှုအားပေး


 ဖွင့်ပွဲအခမ်းအနားအပြီးတွင်    နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ   ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီး ချုပ်သည် တာဝန်ရှိသူများနှင့်အတူ  ခင်းကျင်းပြသ ထားသည့်  တိုင်းရင်းဆေးကုသခန်းများနှင့်  ပြခန်း များကို လှည့်လည်ကြည့်ရှုအားပေးသည်။ ထို့နောက် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်ထံသို့   မြန်မာနိုင်ငံ တိုင်းရင်းဆေးဝါး ထုတ်လုပ်သူများနှင့် ဆေးပစ္စည်းလုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌနှင့်  အဖွဲ့ဝင်များက  တိုင်းရင်းဆေးခြင်း အား ဂါရဝပြုပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။ 


သတင်းစဉ်