မြန်မာ့တောင်သူလယ်သမားတို့ဘဝ အေးချမ်းရမည်

Type
77

 

ဒေါက်တာမောင်ကျော်
ပါမောက္ခချုပ်(ငြိမ်း)
 

တောင်သူလယ်သမားအပေါင်းဟာ အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ်ကာလများတိုင် ကျေးဇူးရှင်တွေဖြစ်ကြောင်း၊  အနာဂတ်မှာ စိတ်အေးဖွယ်ရာတွေ ပေါ်ပေါက်လာမှာ ဖြစ်ကြောင်း အသိပေးလိုသဖြင့် ဒီဆောင်းပါးကို ရေးသားခြင်းဖြစ်ပါတယ်။

 

တောင်သူလယ်သမားများဟာ လယ်ယာလုပ်ငန်းမှာ မိသားစုဘဝ တိုးတက်ဖွံ့ဖြိုးရေး ကစလို့ နိုင်ငံတော်အတွက် ဆန်စပါးနဲ့ ပဲ၊ ပြောင်း၊ ဝါကို ပို့ကုန်အဖြစ် ပင်ပန်းကြီးစွာ ထုတ်လုပ်ပေးနေကြပါတယ်။ တောင်သူလယ်သမားကြီးများရဲ့ နွေ၊ မိုး၊ ဆောင်း မရှောင် ကိုယ်ခန္ဓာပင်ပန်းမှုကို ပဓာနမထားဘဲ စားရေရိက္ခာအစုံ ထုတ်လုပ်ပေးမှုကြောင့် ပြည်တွင်းဖူလုံရုံသာမက နိုင်ငံခြားသို့ပင် တင်ပို့ရောင်းချနိုင်ပါ တယ်။ ရွှေရောင်တဝင်းဝင်းနဲ့ စေတီပုထိုးတွေ တည်ဆောက်၊ အလှူဒါနတွေလည်း ပြုလုပ်နိုင်ကြပါတယ်။ ၁၉၅၈ ခုနှစ်မှာ မြန်မာဟာ ဆန်တန်ချိန် ၆ ဒသမ ၄ သန်းထွက်ရှိတော့ ကမ္ဘာကို ဆန်တန်ချိန်အများဆုံး တင်ပို့ရောင်းချတဲ့ စံချိန်ကို တင်ခဲ့ပါတယ်။ အဲဒီတုန်းက ထိုင်းနိုင်ငံနဲ့ ဗီယက်နမ်နိုင်ငံတို့ဟာ ကျွန်တော်တို့ စံချိန်မမီခဲ့ပါဘူး။   

 


မြန်မာနိုင်ငံဟာ   မြေမျက်နှာသွင်ပြင်  အမျိုးမျိုး ရှိ၊ နေရောင်ခြည်ကိုလည်းမြင်၊ ပင်လယ်ကမ်းခြေနဲ့ ရေခဲတောင်လည်းရှိ၊ မြေဩဇာကောင်းတဲ့ စိုက်ပျိုး မြေတွေကလည်း     ကျယ်ပြော၊    နုန်းတင်မြေနု သစ်တောတွေနဲ့ လမုတောကလည်းရှိ၊ သစ်ခွမျိုးစုံက အစ၊ ပန်းရနံ့တွေကလည်း မွှေးကြိုင်လှပသာယာ လျက်ရှိတဲ့  နိုင်ငံဖြစ်တယ်။ နိုင်ငံသားများဟာ အလွန် ရိုးသားဖြူစင်တဲ့ လယ်သမားတွေ၊ မြေဩဇာကောင်း တဲ့ လယ်မြေတွေ၊ နုန်းတင်မြေနု မြစ်ချောင်းအင်းအိုင် တွေကို မတိမ်ကောအောင် ကာကွယ်ရင်း ကြိုးစား ပမ်းစားနဲ့   အသက်မွေးဝမ်းကျောင်းပြုနေသူတွေ များပါတယ်။ 

 


အေးအတူပူအမျှ     ကမ္ဘာ့လူသားကောင်းများ အဖြစ် ထားအပ်တဲ့ ဗြဟ္မစိုရ်တရားလေးပါး လက်ကိုင် ထားကာ ချစ်ခင်စွာ နေထိုင်ခဲ့ကြပါတယ်။ မြန်မာတို့ ဟာ ရက်ရောသူတွေ၊ စဉ်းစားဆင်ခြင်တတ်တဲ့ သူ တွေ၊ ကူညီရိုင်းပင်းသူတွေ၊ ရောင့်ရဲတင်းတိမ်သူတွေ၊ ကိုယ်ကျိုးစွန့်လွှတ်နိုင်သူတွေပဲလို့    နာမည်ရခဲ့ပါ တယ်။  ဗြိတိသျှကိုလိုနီလက်အောက်မှာ  အရင်းရှင် ကုမ္ပဏီများဟာ          ဆန်စပါးလယ်ယာထွက်ကုန် ရောင်းဝယ်ရေးကို   လက်ဝါးကြီးအုပ်   ဈေးကစား၊  ခေါင်းပုံဖြတ်မှုတွေကြောင့်    ၁၉၃၀      ပြည့်နှစ်မှာ  ဆရာစံ    တောင်သူလယ်သမား     အရေးတော်ပုံ ပေါ်ပေါက်ခဲ့ပါတယ်။ လွတ်လပ်ရေးကြိုးပမ်းမှု ကာလ တွေမှာ   တောတောင်နေ   လယ်သမားတချို့ဟာ တစ်တပ်တစ်အား ပါဝင်ခဲ့ကြရတယ်။

 


လွတ်လပ်ရေးရပြီးတဲ့အခါမှာ         ပြည်တွင်း မငြိမ်သက်မှုတွေကြားမှာ           ကျေးလက်လူထုဟာ တောင်ယာလယ်လုပ်  ဓားမခုတ်ဘဝနဲ့     ခရီးကြမ်း လျှောက်ရင်း    သစ္စာရှိစွာ     ရပ်ရွာရဲ့   စပါးကျီကို   ဖြည့်တင်းပြီး တိုင်းပြည်ကို  ကျေးဇူးပြုခဲ့ကြပါတယ်။ လုံ့လဝီရိယကို   အခြေခံ၊    ပတ်ဝန်းကျင်ကပေးတဲ့  အတွေ့အကြုံနဲ့      မိသားစုကို     စောင့်ရှောက်တဲ့ ကျွန်တော့်မိဘများဟာ လယ်ယာလုပ်ငန်းနဲ့  အလှူ မင်္ဂလာ သုံးကြိမ်ပြုလုပ်ကျင်းပနိုင်ခဲ့ပါတယ်။

 


၁၉၆၅ ခုနှစ် အောက်တိုဘာလထဲမှာ တက္ကသိုလ် ဆရာဖြစ်ဖို့   ရန်ကုန်အင်တာဗျူးကအပြန်  အညာ ပြန်ရောက်တော့  ကျွန်တော့်အဖေက “ဖောင်တော် သီ၊ ဒိုက်ဦးစပါးတွေ ဘယ်လိုနေလဲ” လို့မေးပါတယ်။ သတိမထားမိကြောင်း  ရိုးသားစွာ ဝန်ခံခဲ့ပါတယ်။ တကယ်တော့ ဧရာဝတီ၊ ရန်ကုန်နဲ့ ပဲခူးတိုင်းကြီးတွေ က စပါးကောင်း၊  ဆန်ကောင်းတွေကို တစ်နိုင်ငံလုံး နီးပါးအတွက်  ထုတ်ပေးနိုင်တဲ့အပြင်    ကမ္ဘာကိုလည်း ဆန်တင်ပို့နိုင်ခဲ့ပါတယ်။  အဖေဟာ  မိသားစုအတွက် ကောင်းပေ့ဆိုတဲ့ဆန်ကို  အောက်ပြည်အောက်ရွာက ဝယ်ကျွေးခဲ့ပါတယ်။ 

 


မြန်မာ့စီးပွားရေး 


မြန်မာနိုင်ငံရဲ့   ဖွံ့ဖြိုးတိုးတက်မှုဟာ   ကုန်ထုတ် လုပ်မှု၊ မြေပေါ်မြေအောက်  သယံဇာတထုတ်လုပ်မှု အပေါ်မှာ တည်နေဆဲဖြစ်ပါတယ်။ သယံဇာတမျိုးစုံ ကို တန်ဖိုးမြှင့်  မလုပ်နိုင်သေးဘဲ ထုခွဲရောင်းချရတဲ့ အပေါ်   နိုင်ငံရဲ့ဖွံ့ဖြိုးတိုးတက်မှုဟာ  ယနေ့အထိ မူတည်နေဆဲ    ဖြစ်ပါတယ်။    နိုင်ငံ့လူဦးရေ   ၇၀ ရာခိုင်နှုန်းခန့်ဟာ  လယ်ယာလုပ်ငန်းနဲ့   အသက်မွေး ဝမ်းကျောင်းပြုနေကြပြီး         စိုက်ပျိုးမွေးမြူရေးကို အခြေခံ၊       နိုင်ငံ့စီးပွားရေး      ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နေသော    နိုင်ငံဖြစ်ပါတယ်။   မြန်မာ စီးပွားရေးဟာ စိုက်ပျိုးရေးအပေါ်မှာ အကြီးအကျယ် အမှီပြုနေရဆဲ ဖြစ်ပါတယ်။ 

 


ဧရာဝတီ မြစ်ဝှမ်း၊ မူးမြစ်ဝှမ်း၊ ချင်းတွင်းမြစ်ဝှမ်း၊ ဟူးကောင်းချိုင့်ဝှမ်းက လယ်ယာမြေတွေမှာ သီးမှည့် နေတဲ့ စပါးနှံတွေပဲကြည့်ကြည့် ကမ္ဘာမှာ ရွှေနိုင်ငံလို တစ်မျိုး အမည်ရနေပါတယ်။ အရှေ့တောင်အာရှမှာ နယ်မြေ    အကျယ်ဆုံး၊    စိုက်ပျိုးနိုင်တဲ့    မြေဧက၊ သစ်တောနဲ့ ကျောက်သံပတ္တမြား သယံဇာတကြွယ်ဝ လျက်ရှိနေပါတယ်။   ရေသွင်းစိုက်ပျိုးနိုင်တဲ့   မြေ ဧရိယာဟာလည်း ဧရာဝတီ၊ စစ်တောင်းနဲ့ဒီမြစ်ကြီး တွေဆီကို စီးဝင်နေတဲ့ မြစ်ချောင်းတွေကို အကြောင်း ပြု၊  ရေသွင်းစိုက်ပျိုးနိုင်တဲ့ မြေဧကဟာလည်းများစွာ ရှိနေပါတယ်။   စိုက်ပျိုးရေးမှာ   နည်းပညာမြင့် ကျွမ်းကျင်    လူ့စွမ်းအား    ရှားပါးနေခြင်းကြောင့် အရည်အသွေးမီ သီးနှံထွက်မှုမှာ နိမ့်ကျလျက်ရှိနေပါ တယ်။ ၂၁    ရာစုများလို    မပေါကြွယ်သော်လည်း သားသမီးများကို    မူလတန်း၊    အလယ်တန်းအထိ ကျောင်းပို့နိုင်သူတွေ ရှိခဲ့ပါတယ်။ ငွေရေးကြေးရေး အခက်အခဲကြောင့်   မဟုတ်လှဘဲ   မိမိဝန်းကျင်အနီး တစ်ဝိုက်မှာ လက်လှမ်းမီတဲ့ မူလတန်းကျောင်းများ မရှိခြင်း၊ တည်ငြိမ်အေးချမ်းမှု ခေါင်းပါးခြင်းကြောင့် သာ ဖြစ်ခဲ့ပါတယ်။

 


တောင်သူလယ်သမားတို့ရဲ့အရေးကို ၁၉၆၂ ခုနှစ် နောက်ပိုင်းမှာ  ပိုတွေးနိုင်၊ စဉ်းစားနိုင်ခဲ့တာ တွေ့ရ ပါတယ်။ တောင်သူလယ်သမား အလုပ်သမားထုဟာ ယနေ့အထိ ကျေးလက်မှာနေကြဆဲဖြစ်ပါတယ်။ မိမိ တို့ရဲ့ ရေမြေတောတောင်သဘာဝကို  သံယောဇဉ် ရှိဆဲဖြစ်ပြီး  ကျောင်းကန်ဘုရားနဲ့ ထုံးဖြူဖြူစေတီ ကိုပင် ပူဇော်ဆဲ ဖြစ်တာကို တွေ့ရပါတယ်။ ဒါတွေ ဟာ ဘာကြောင့်လဲဆိုရင်  နိုင်ငံတော်က  တောင်သူ လယ်သမားထုရဲ့ အရေးကို ဦးစားပေးအလေးထား လို့ပဲ ဖြစ်ပါတယ်။
၁၉၆၂ ခုနှစ်တွင်   အုန်းတော၊ ၁၉၆၃ ခုနှစ်တွင်  ဒူးယားနဲ့  ပုပ္ပား၊  ၁၉၆၄  ခုနှစ်တွင်  ခပေါင်း၊  ၁၉၆၅ နဲ့ ၁၉၆၈ ခုနှစ်တို့တွင် ရန်ကုန်မြို့ကြီးတို့မှာ တောင်သူ လယ်သမား နှီးနှောဖလှယ်ပွဲကြီးတွေ ကျင်းပခဲ့တာ ဟာ   သမိုင်းမှတ်တိုင်ကြီးတွေပဲ။   ၁၉၆၃   ခုနှစ်မှ ၁၉၆၇  ခုနှစ်အထိ ရန်ကုန်နဲ့  ချောက်တို့မှာ  အလုပ် သမား နှီးနှောဖလှယ်ပွဲကြီးတွေ ကျင်းပ၊ တောင်သူ လယ်သမားတို့ရဲ့ နောင်ရေးကိုတွေးဆပြီး ဆောင်ရွက် ပေးမှုတွေဟာ အတော်မြင့်မားတဲ့အဆင့်ကို ရောက် တယ်လို့ သုံးသပ်လို့ရပါတယ်။   ၁၉၆၂-၁၉၇၄  ခုနှစ် များအတွင်း အဆိုပါ တောင်သူလယ်သမား၊ အလုပ် သမားတို့ရဲ့ နှီးနှောဖလှယ်ပွဲကြီးတွေက ညှိနှိုင်းရရှိ တဲ့   ရလဒ်တို့ကို အခြေပြုပြီး ကျေးရွာ၊ မြို့နယ်နဲ့ ဗဟိုလို့   အဆင့်သုံးဆင့်ပါတဲ့  ပြည်သူ့တောင်သူ လယ်သမားကောင်စီများကို  ၁၉၆၉ ခုနှစ်မှာ ဖွဲ့စည်း ကာ နိုင်ငံတော် တည်ဆောက်ရေးတွေမှာ တောင်သူ လယ်သမားတွေဟာ ပါဝင်ခဲ့တာကို တွေ့ရပါတယ်။

 

 
မြန်မာနိုင်ငံမှာ   မိုးစပါးစိုက်ဧက   ၁၅  သန်း၊  ပန်းတိုင်ရည်မှန်းချက်   တစ်ဧကလျှင်  တင်း ၁၀၀၊ ယခုအခါ ပျမ်းမျှအားဖြင့် တစ်နိုင်ငံလုံးမှာ တစ်ဧက ၇၅ တင်းသာ  ထွက်ရှိပါတယ်။ ဆန်စပါးကို အထွက် နှုန်း ပြည့်မီအောင် ဆောင်ရွက်နိုင်ပါက တောင်သူ တစ်ဦးချင်း ဝင်ငွေတိုးပွားလာခြင်းမှအစ တိုင်းပြည် အတွက်လည်း    ဝင်ငွေပိုမို     ရရှိမှာဖြစ်ပါတယ်။ တစ်နိုင်ငံလုံး   အတိုင်းအတာအနေနဲ့ ဆန်ဖူလုံမှုဟာ ၁၄၂ ရာခိုင်နှုန်း စားရေရိက္ခာဖူလုံတဲ့ နိုင်ငံဖြစ်ပေမယ့် အဓိကကျတဲ့ ဆန်စားသောက်ကုန် လည်ပတ်ဖူလုံမှု လိုအပ်ချက်တွေ   ရှိနေသေးပါတယ်။   ဒေသတွင်း ဝမ်းစာ  စားရေရိက္ခာဖူလုံပိုလျှံပြီး   ပြည်ပကို  တင်ပို့ ရောင်းချနိုင်ရင်      စီးပွားရေးတိုးတက်လာမှာ ဖြစ်ပါတယ်။ 

 


ပညာ လုပ်သား လယ်သမား


မြန်မာတို့ ဆင်းရဲတွင်းမှ  ရုန်းထွက်နိုင်ဖို့ဆိုရင် စိုက်ပျိုးရေးကိုကြည့်၊  ရေဘယ်လောက်လောင်း သင့်သလဲ၊ ဓာတ်မြေသြဇာ ဘယ်လောက်ထည့်ရမလဲ ဆိုတာ သိနိုင်တဲ့ ပညာလိုပါလိမ့်မယ်။ ပိုးသတ်ဆေး မလွန်မကျွံအောင်         ထည့်တတ်ရပါလိမ့်မယ်။ သမားရိုးကျနည်းနဲ့ဆိုရင် ဘယ်ကိစ္စမှ မည်မည်ရရ ဖြစ်ထွန်းနိုင်မှာ  မဟုတ်ပါဘူး။    လုပ်ရိုးလုပ်စဉ် အတိုင်း၊ မိရိုးဖလာအတိုင်း  လုပ်လို့ မရတဲ့ခေတ်ထဲ မှာ  ရောက်နေလို့ပဲ။   ဒီနေ့ခေတ်မှာ   မြေနဲ့   ရေမှာ အချဉ်ဓာတ်ကိုတိုင်းတဲ့ pH (ပီအိတ်ချ်) မီတာက လည်း ဝယ်နိုင်လာတော့ လယ်သမားဟာ ပီအိတ်ချ် မီတာကို ခါးကြားထိုး၊ ပီအိတ်ချ်တိုင်း၊ သူ့ရဲ့ မြေဟာ ပီအိတ်ချ်  ၅ ဖြစ်ရင်   အာလူးစိုက်ရမှန်းသိတယ်။ ပီအိတ်ချ်  ၆ ဆိုရင် မြေပဲနဲ့ ဂေါ်ဖီစိုက်ရမှန်း သိလာ တဲ့   အဆင့်ရောက်လာပါတယ်။   ပညာလုပ်သား အင်အား (Knowledge base ၊ skilled base work force) ကျွမ်းကျင်မှုတစ်ခုဟာ လူတိုင်း၊ မိသားစုဝင် တိုင်း လိုအပ်နေပြီဆိုတာ အလွန်ထင်ရှားပါတယ်။        

 


၁၉၉၅-၁၉၉၆     ခုနှစ်လောက်က    ထိုင်းဘုရင် မင်းမြတ်ဟာ    ထိုင်းတောင်သူလယ်သမားတွေရဲ့ ပညာရေးအဆင့်အတန်းကို  ဖော်ထုတ်စေတဲ့အခါ ပျမ်းမျှမူလတန်းအဆင့်သာရှိကြောင်း     သိတော့ စိုက်ပျိုးရေးစွမ်းအားစု  ပင်မတောင်သူလယ်သမား တွေရဲ့ ပညာရေးကိုမြှင့်တင်ပေးခဲ့ပါတယ်။  ထိုင်းနိုင်ငံ မူလတန်းကလေးတွေဟာ    လယ်ယာမြေတွေမှာ ပဲပင်တွေနဲ့ဝါ၊ နှမ်း၊ စပါး၊ အလှည့်ကျစိုက်ပျိုးနိုင် ကြောင်း   အသိရှိသွားအောင်   လယ်ယာစိုက်ပျိုး စွမ်းအားစု အရင်းအမြစ်ကို ထူထောင်ပေးခဲ့ပါတယ်။ 

 


ကိုယ့်တိုင်း ကိုယ့်ပြည်နယ်တစ်ခွင်မှာ  ဘဝသစ် ဖန်တီးနိုင်မယ့်  အမြော်အမြင်ကြီးမားတဲ့၊   ကြံရည် ဖန်ရည်ရှိတဲ့ လူ့စွမ်းအားအရင်းအမြစ် လိုအပ်လျက် ရှိနေပါတယ်။   မြန်မာ့လယ်သမား  အင်အားစုဟာ သမားရိုးကျ      ဆန်ရေစပါးစိုက်ပျိုးမှုနဲ့    ထိုင်းနဲ့ ဗီယက်နမ်နိုင်ငံရဲ့  ဆန်တင်ပို့မှုကို ရေရှည်ဘယ်လို ယှဉ်မလဲဆိုတာ      အထူးစဉ်းစားကြရပါလိမ့်မယ်။ ဘာကြောင့်လဲ။ ဒီလယ်ယာ လုပ်သားအင်အားစုကို ပညာရေးက မတ်နေအောင် လမ်းကြောင်းတစ်ခုနဲ့ ထောင်ပေးရပါလိမ့်မယ်။ ပြည်သူတို့ရဲ့ လိုအင်ကို ဖြည့်ဆည်းနိုင်ဖို့   တက္ကသိုလ်များက   ပိုအားထုတ် ကြရလိမ့်မယ်လို့ အဓိပ္ပာယ်ပေါ်ပါတယ်။ 

 


စိုက်ပျိုးရေးလုပ်ငန်းတွေ၊    မွေးမြူရေးလုပ်ငန်း တွေ   ဆောင်ရွက်ဖို့အတွက်  လူသားအရင်းအမြစ် ကောင်းများ  လိုအပ်ကြောင်း၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများအတွက် လိုအပ်တဲ့ လူသားအရင်းအမြစ် များ ရရှိစေရေး 
 ကျောင်းသား   ကျောင်းသူများ ပညာရည်မြင့်မားဖို့  အားပေးဆောင်ရွက်လျက်ရှိကြောင်း တွေ့မြင်နေရ ပါတယ်။ မြို့ပြနဲ့ ကျေးလက်စီးပွားရေးကို တန်းတူ ထားကာ ကျေးလက်စီးပွားရေးနဲ့  မြို့ပြစီးပွားရေးတို့ အကြား ချိတ်ဆက်ပေါင်းစည်းခြင်းဖြစ်ပြီး အလုပ် အကိုင်ရရှိမှု၊ ပညာတတ်မြောက်မှုနဲ့ ကျန်းမာရေး ကောင်းမွန်မှုတို့အတွက် လယ်ယာပြင်ပနဲ့ လယ်ယာ မဟုတ်တဲ့ကဏ္ဍများ၊   သတင်းအချက်အလက်နဲ့    ဆက်သွယ်ရေးနည်းပညာများ၊        ပညာရေး၊  ကျန်းမာရေးနဲ့   အုပ်ချုပ်မှုတို့မှာ   ရင်းနှီးမြှုပ်နှံ ခြင်းဖြင့်       ကျေးလက်ပြည်သူများရဲ့   ဘဝကို ထိန်းသိမ်းနိုင်မယ့် ကျေးလက်ဒေသတွေကို ဖန်တီး နိုင်မှာဖြစ်ပါတယ်။ ၅၂ ရာခိုင်နှုန်းသော လယ်ယာ လုပ်သားများက တိုင်းပြည်ရဲ့ ဂျီဒီပီ ၃၆ ရာခိုင်နှုန်းကို ထုတ်ပေးနေပါတယ်။      

 


ပဲခူး၊ မကွေး၊ မန္တလေး၊ စစ်ကိုင်းတိုင်းဒေသကြီး တွေကတော့ ဧရာဝတီ၊ ချင်းတွင်း၊ စစ်တောင်းမြစ်ကြီး များကို အကြောင်းပြုပြီး လယ်ယာသားငါး စိုက်ပျိုး သီးနှံ ဆန်ရေစပါး ပေါကြွယ်ဝရေး စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများကို ခေတ်မီအောင် စက်မှုလုပ်ငန်းတွေ ကို အင်တိုက်အားတိုက် တပ်ဆင်ကာ ထူထောင်နိုင် ပါတယ်။   လိုအပ်တဲ့  စွမ်းအင်ကိုတော့    ရေအား လျှပ်စစ်နဲ့ ကျောက်မီးသွေး၊ သဘာဝဓာတ်ငွေ့ကို သုံးရလိမ့်မယ်။   အလုပ်အကိုင်တွေ   ပေါလာမယ်။ ဆင်းရဲမွဲတေမှုတွေ လျော့ကျလာမယ်။ ချမ်းသာလာ မယ်။   နိုင်ငံမှာလည်း   အေးချမ်းမယ်၊    ပြည်တွင်း နိုင်ငံရေးတင်းမာမှုတွေ  ကင်းဝေးသွားရင်   မြန်မာ ဟာ  မြန်မြန်ဆန်ဆန် တောင့်တောင့်တင်းတင်းနဲ့ အေးချမ်းသာယာတဲ့ ဘဝကို မျက်မှောက်ပြုနိုင်မှာ ဖြစ်ပါတယ်။ 

 


ပင်ပန်းဆင်းရဲမှုတွေ            ထူပြောတဲ့ဘဝက တောင်သူလယ်သမား၊      အလုပ်သမားထုကြီးကို လွတ်မြောက်ရန် စက်မှုလယ်ယာကို ကူးပြောင်းခြင်း၊ အထွက်တိုးစပါးတွေ ပြောင်းလဲစိုက်ပျိုးခြင်း သံသရာ ထဲမှာရှိနေဆဲပါပဲ။ စိုက်ပျိုးရေးမှာ  နည်းပညာမြင့် ကျွမ်းကျင်လူ့စွမ်းအား         ရှားပါးနေခြင်းကြောင့် အရည်အသွေးမီ သီးနှံထွက်မှုမှာ နိမ့်ကျလျက်ရှိနေ ပါတယ်။
 ၂၀   ရာစု  မြန်မာနိုင်ငံဟာ  လွတ်လပ်ရေး ဆုံးရှုံးခဲ့ရတဲ့ ကံကြမ္မာ၊ နှစ်ပေါင်း တစ်ရာကျော်ကြာ တိုင်      တိုင်းတစ်ပါးလက်အောက် ရောက်ခဲ့ရခြင်း၊ ထိုဘဝမှ ရုန်းထွက်ရခြင်း၊  နိုင်ငံရေးအယူဝါဒတွေ အမျိုးမျိုးကြောင့်           စီးပွားရေးစီမံကိန်းတွေ ထင်သလောက်             မအောင်ခြင်ခြင်းတွေဟာ အကြောင်းတရားမျိုးစုံထဲက အကြောင်းတရားများ ပဲ ဖြစ်ပါတယ်။

 

 ဘယ်လိုပဲဖြစ်ဖြစ်  နိုင်ငံတကာရဲ့ အတွေ့အကြုံတွေကို   အကြောင်းပြုရင်    မြန်မာ တောင်သူလယ်သမားတွေဟာ ရေခံမြေခံကောင်းတဲ့ ပတ်ဝန်းကျင်မှာရှိနေတာကို     တန်ဖိုးထားတတ်ဖို့ တိုင်းပြည်ရဲ့ ယနေ့အစိုးရဟာ လူအများစုကို အကျိုး ပြုစေမယ့် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကို ဖွံ့ဖြိုး အောင်တာစူတဲ့ လုပ်ငန်းတွေထဲမှာ MSME လုပ်ငန်း တွေ ကြီးထွားလာဖို့ အားပေးနေတာကို တွေ့မြင်ရပါ တယ်။ 

 


ပညာရေးနဲ့ပတ်သက်လို့     လူ့စွမ်းအားအရင်း အမြစ်အတွက် အထူးလိုအပ်နေတဲ့ စက်မှုစိုက်ပျိုး သိပ္ပံကျောင်းတွေ တည်ထောင်နေတာ ခြေလှမ်းသစ် တွေဖြစ်ကြောင်း    တက္ကသိုလ်တက်သည်ဖြစ်စေ၊ မတက်သည်ဖြစ်စေ လူထုအတွင်းမှာ အလုပ်လုပ် နိုင်တဲ့သူဖြစ်အောင်   ပြင်ဆင်ပေးတာဖြစ်ပါတယ်။ တက္ကသိုလ်၊ ကောလိပ်တွေက ပါမောက္ခ၊ ဌာနမှူးကြီး များရဲ့ တာဝန်တွေဟာ ပြောင်းလဲလာတဲ့တောင်းဆိုမှု တွေအရ   ပို၍ကြီးမားလာပါတယ်။ သင်ကြားရေး သုတေသနနဲ့    ထပ်ဆင့်တီထွင်မှုတွေကို    ပိုပြီး ဦးစားပေး  လုပ်လာကြရပါတယ်။ ပါမောက္ခကနေ ဆရာ၊ ဆရာမတွေဟာ လူထုလိုအပ်ချက်၊ စက်ရုံတွေ လိုအပ်ချက်၊ တစ်ဦးကိုတစ်ဦး ဖြည့်ဆည်းသွားကြ ရမှာဖြစ်ပါတယ်။   အခြေခံအင်အားတစ်ရပ်ဖြစ်တဲ့ အစိုးရကျောင်းတွေက ဆရာ ဆရာမများရဲ့အားကို လည်း အားထားရမှာဖြစ်ပါတယ်။ 

 


မြန်မာနိုင်ငံမှာ     အမိုးနီးယားထုတ်နိုင်တော့ ယူရီးယားထုတ်၊   နိုက်ထရိတ်ထုတ်၊    အမိုနီယမ် ဆာလ်ဖိတ်လည်း ထုတ်နိုင်ပြီး   တောင်သူလယ်သမား တွေ လယ်ယာမှာသုံးနိုင်တော့ ဂျုံစပါးတွေ အထွက် တိုးပြီး    ငတ်မွတ်ခေါင်းပါးမှုက    တစ်နည်းတစ်ဖုံ လွတ်ပြီလို့   ပြောနိုင်ပါတော့တယ်။   စိုက်ပျိုးရေး လုပ်ငန်း၊ မွေးမြူရေးလုပ်ငန်းတွေ  ဆောင်ရွက်ဖို့ အတွက်    လူ့စွမ်းအားအရင်းအမြစ်ကောင်းများ လိုအပ်ကြောင်း၊ စက်မှုလုပ်ငန်းကျွမ်းကျင်သူတွေ ဟာလည်း   ယနေ့အထိ   ရှားပါးပစ္စည်း။  စက်မှုနိုင်ငံ မဆိုထားဘိ၊   စက်မှုလယ်ယာမှာပင်  ချည့်နဲ့နေဆဲ၊ တစ်ပိုင်တစ်နိုင်     တစ်အုပ်တစ်မနဲ့   သွားနေရဆဲ ဖြစ်ပါတယ်။ 

 


ဒါ့ကြောင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းအတွက် လိုအပ်တဲ့    လူသားအရင်းအမြစ်များ  ရရှိစေရေး ကျောင်းသား    ကျောင်းသူများ  ပညာရည်မြင့်မားဖို့ အားပေးဆောင်ရွက်လျက်ရှိကြောင်း၊  ကျောင်းသား ကျောင်းသူများ  ပညာသင်ကြားမှုနဲ့  ပတ်သက်လို့ ယခုအချိန်မှာ  အခြေခံပညာကျောင်းများ ပြန်လည် ဖွင့်လှစ်ထားပေမယ့်    အချို့သော   ကျောင်းသား ကျောင်းသူများအနေနဲ့ လုံခြုံရေးအရ၊ စီးပွားရေးအရ ပညာ ပြန်လည်သင်ကြားမှု မရှိတာလည်းရှိကြောင်း၊ ဒါကြောင့် ယနေ့ခေတ်အချိန်အခါမှာ ပို့ချသူဆရာ  ဆရာမများရဲ့ ပညာအရည်အသွေး၊  သဘောထား၊  အမြော်အမြင်   မြင့်မားမှုဟာ  လိုအပ်ချက်တစ်ခု၊ ကုန်ပစ္စည်းသဘောနဲ့ကြည့်ရင်            ထူးချွန် ပြောင်မြောက်တဲ့၊ တီထွင်ကြံဆနိုင်တဲ့လူ မဖြစ်လင့် ကစား၊   စိတ်ထားမြင့်မြတ်တဲ့   မေတ္တာတရားရှိတဲ့ လူတော့   အနည်းဆုံးဖြစ်သွားစေရမယ်။   ဆရာ ဆရာမများဟာ       မည်သည့်အဆင့်မှာပင်ရှိစေ ပညာရေးကို မိမိကျောင်းဝင်းထဲက  ကိစ္စလောက်ဟု သဘောမထားတော့ဘဲ လူ့အဖွဲ့အစည်းရဲ့အရေးကိစ္စ ဖြစ်တဲ့အတွက် ဆရာ ဆရာမအပေါင်းနဲ့ ဒေသတွင်း က    ကျောင်းသားအပေါင်းဟာ    အမျိုးသားရေး တာဝန်ကို ထမ်းဆောင်ဖို့ ဖြစ်ပါတယ်။

 


မြစ်ကြီး သုံးသွယ်


အမြဲစွတ်စိုလျက်ရှိတဲ့ ဧရာဝတီမြစ်၊ စစ်တောင်း မြစ်နဲ့   အရှေ့ဘက်ခြမ်းက  သံလွင်မြစ်။ ဒီမြစ်ကြီး သုံးသွယ်ဟာ မြန်မာတို့အတွက် ချမ်းသာဖို့ပဲ။ ဒီလို ခေတ်    အခြေအနေမှာ   သိပ္ပံပညာနည်းပညာ၊ စိုက်ပျိုးရေး၊   စီးပွားရေးဘွဲ့ရတွေဟာ   ကိုယ်ပိုင် စီးပွားရေးကုမ္ပဏီကြီးတွေ   တည်ထောင်၊   ဘဏ် လုပ်ငန်းကြီးတွေ   တည်ထောင်၊   ရေနံကုမ္ပဏီကြီး တွေ တည်ထောင်ဖို့တာစူရမယ်။ အလုပ်လုပ်ဖို့ ပညာ သင်ရမယ်။ ဒီလိုဆိုရင် မြန်မာ့အနာဂတ်ဟာ သေချာ ရေရာပါမယ်။ ဧရာဝတီမြစ်ကြောင်း တစ်လျှောက်မှာ ရှိတဲ့        တက္ကသိုလ်တွေဟာ     ဧရာဝတီမြစ်ကို အကြောင်းပြုပြီး  ဓာတုဗေဒရှုထောင့်ကသာမက ကြွယ်ဝမှုအဖုံဖုံကို စူးစမ်းလေ့လာခြင်း၊ သုတေသန ပြုခြင်း၊    သင်ကြားခြင်းလုပ်ကြရင်   ဒီတက္ကသိုလ် တွေက ဝန်ဆောင်မှုပေးနိုင်ခြင်းဟာ အဲဒီတက္ကသိုလ် ရဲ့ အဆင့် (Ranking) တွေပဲ ဖြစ်ပါတယ်။  ဧရာဝတီ၊  ချင်းတွင်း၊     စစ်တောင်းနဲ့    သံလွင်မြစ်ကြောင်း တစ်လျှောက်     ဖွဲ့စည်းထားတဲ့     တက္ကသိုလ်အစု အဖွဲ့   (Cluster Universities)   တွေဟာ   နိုင်ငံရဲ့ အရင်းအနှီးကို          ထပ်ဆင့်ပေါက်ဖွားပေးနိုင်မှာ ဖြစ်ပါတယ်။

 


ဆည်မြောင်း    တာတမံတွေဟာ   ရေထိန်းဖို့၊ ရေတင်ဖို့ဖြစ်ပါတယ်။ သောက်သုံးရေနဲ့ စိုက်ပျိုးရေ ဟာ နေရာအနှံ့နီးပါးရနေသေးတဲ့ အနေအထားဖြစ် တာကို သတင်းစာတွေမှာ ဖတ်ရှုရပါတယ်။ လျှပ်စစ် မော်တော်ယာဉ်တွေသုံးစွဲဖို့ တာစူနေတာ၊ ရေအား လျှပ်စစ်ရဖို့ နေရောင်ခြည်စွမ်းအင်ရဖို့ ကြိုးပမ်းမှု တွေဟာ ကျေးလက်ဒေသဖွံ့ဖြိုးဖို့ ဖြစ်တာမို့ မြန်မာ့ တောင်သူလယ်သမားတို့ စိတ်အေးရပြီလို့ ရေးရခြင်း ဖြစ်ပါတယ်။ 

 


“ဖွံ့ဖြိုးပြီးနိုင်ငံဖြစ်စေ၊       ဖွံ့ဖြိုးဆဲနိုင်ငံဖြစ်စေ အသေးစား၊  အငယ်စားနဲ့   အလတ်စား   စီးပွားရေး လုပ်ငန်း (MSME)   များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နေခြင်းဖြစ်ပြီး နိုင်ငံ့စီးပွားရေး ပြန်လည် ဦးမော့လာစေရန် ရည်ရွယ်ဆောင်ရွက်နေခြင်းဖြစ် တယ်။   “MSME   လုပ်ငန်းများရဲ့   ရည်ရွယ်ချက်က  ပြည်တွင်းစီးပွားရေးဖြစ်တဲ့   ကုန်ထုတ်လုပ်မှုကို မြှင့်တင်ပေးရန်၊ သွင်းကုန်အစားထိုးနိုင်ရန်၊ ရော်ဘာ ကုန်ကြမ်းများကို   အသုံးပြုပြီး သွင်းကုန်အစားထိုး ကုန်ချောဖြစ်တဲ့      ရော်ဘာပြားများ၊      စက်ဘီး၊ မော်တော်ဆိုင်ကယ်နဲ့  မော်တော်ကားတာယာများ ထုတ်လုပ်နိုင်တဲ့  MSME  လုပ်ငန်းများ ပေါ်ပေါက်လာ စေရန်   သက်ဆိုင်သည့်ဌာနများနှင့်   ပူးပေါင်း ဆောင်ရွက်ရန်ဖြစ်ကြောင်း”။

 


(နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ     ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်             ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏   ၂၀၂၂  ခုနှစ်  အောက်တိုဘာ ၃ ရက်တွင် ကျင်းပပြုလုပ်သော ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်း ရှင်များ အသင်းချုပ်  (UMFCCI) နှင့် ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ     အသေးစား၊    အငယ်စားနှင့် အလတ်စားစီးပွားရေး (MSME) လုပ်ငန်းရှင်များအား တွေ့ဆုံ၍  စီးပွားရေးလုပ်ငန်းများ    ဖွံ့ဖြိုးတိုးတက် ရေးအတွက် ဆွေးနွေးပြောကြားမှုမှ  ကောက်နုတ် ချက်)


ယနေ့တက္ကသိုလ်များဟာ         ကမ္ဘာ့အဆင့်မီ အဆင့်မြင့်ပညာရေးစနစ်ဖြစ်ရေးအတွက် ဆက်လက်  ကြိုးပမ်းရာမှာ သမားရိုးကျဗဟိုဦးစီးအုပ်ချုပ်မှုပုံစံ မှ ပိုမိုနွေးထွေးတဲ့ မိသားစုပုံစံ (Corporate Model) အသွင်နဲ့    ကျောင်းသားနဲ့    မိဘများရဲ့   လိုအင်၊  နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက်    လိုအပ်တဲ့ လူ့စွမ်းအားအရင်းအမြစ်ကို          ထုတ်လုပ်ရာမှာ ပုံစံသစ်နဲ့သွားရမှာ ဖြစ်ပါတယ်။ 

 


မြန်မာ့လယ်သမားအင်အားကို ခေတ်မီအင်အားစု  ဖြစ်ဖို့  ဧရာဝတီ၊  ပဲခူး ၊ စစ်ကိုင်းတိုင်းဒေသကြီးတွေ မှာ    လက်ရှိဖွင့်လှစ်ထားတဲ့    တက္ကသိုလ်တွေမှာ ဆန်စပါးစိုက်ပျိုး    ငါးမွေးမြူရေး    မဟာဌာနကြီး အဖြစ် ပြောင်းလဲသင့်က ပြောင်းလဲရမှာဖြစ်ပါတယ်။ အစိုးရနဲ့ ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်တဲ့ ပညာရေး အဆင့်မြင့်ဖို့ နိုင်ငံက   ကျွန်းကိုင်းမှီ  ကိုင်းကျွန်းမှီ အားထားရပါမယ်။ 

 


လူ့သမိုင်းစဉ် တစ်လျှောက်လုံးမှာ ပညာရေးဟာ ဖွံ့ဖြိုးတိုးတက်မှုအတွက်   အရင်းအမြစ်ဖြစ်ခဲ့ပါ တယ်။ သိပ္ပံနဲ့ နည်းပညာဟာ ဒီနေ့လူ့အဖွဲ့အစည်း အတွက် အင်အားကြီးမားစွာ ဖန်တီးပေးနေပါတယ်။ သိပ္ပံနဲ့နည်းပညာနယ်ပယ်ထဲက   သုတေသနတွေ ကြောင့်၊    လေ့လာမှုရလဒ်တွေကြောင့်      ၁၈၄ဝ ပြည့်နှစ်ရောက်တော့          စက်မှုထွန်းကားဖို့ကိစ္စမှာ သိပ္ပံပညာအခြေခံတွေဟာ အကြောင်းတရားပဲဖြစ်ခဲ့ ပါတယ်။ အမေရိကန်တို့ဟာ     ၁၈၉ဝ     ပြည့်နှစ်မှာ စက်မှုလယ်ယာကို  တည်ထောင် နိုင်ခဲ့ပြီဖြစ်ပါတယ်။ စက်ရုံအလုပ်ရုံများမှာ ကုန်ပစ္စည်းမျိုးစုံကို ထုတ်လုပ်၊  စျေးကလည်း  သက်သာ၊     ပစ္စည်းတွေကလည်း သေသပ်လှပပြီး   လူကြိုက်များခဲ့ပါတယ်။   ကမ္ဘာ့ စျေးကွက်ကို ထိုးဖောက်ခဲ့ပါတယ်။ စက်မှုနည်းပညာ ထွန်းကားခြင်းရဲ့ရလဒ်ပဲ။     သိပ္ပံနဲ့    နည်းပညာ ထွန်းကားတဲ့ နိုင်ငံတွေဟာ ပိုပြီးချမ်းသာသွားကြ ပါတယ်။
ကောင်းပါပြီ၊ ဒီဆောင်းပါးကို ဒီလို နိဂုံးချုပ်ချင် ပါတယ်။

 


စက်မှုလယ်ယာ စက်စွမ်းအားနဲ့နည်းပညာထည့် လိုက်ရင် ဆန်စပါးနဲ့ ပဲမျိုးစုံ တင်ပို့နိုင်တဲ့ နိုင်ငံအဖြစ် ရောက်နိုင်တာမို့ မြန်မာတောင်သူလယ်သမားတို့ဟာ စိတ်ချမ်းသာ  ကိုယ်ကျန်းမာ  ချမ်းသာတဲ့ သူဌေးကြီး တွေ ဖြစ်လာမှာဖြစ်ကြောင်း ယုံကြည်မှုရှိရှိ၊ ဝီရိယ ရှိရှိဖြင့်     ရှေ့သို့ချီတက်ရန်ဖြစ်ကြောင်း   ရေးသား လိုက်ရပါတယ်။      ။