မြန်မာသံရုံး တိုကျိုမြို့တွင် မြန်မာ့ရိုးရာအစားအစာနှင့် ယဉ်ကျေးမှုနေ့ အခမ်းအနားကျင်းပ

 

နေပြည်တော်   နိုဝင်ဘာ  ၂၄


မြန်မာနိုင်ငံ၏  ရိုးရာယဉ်ကျေးမှု အစဉ်အလာများ၊   မြန်မာ့ရိုးရာ အစားအသောက်များကို   ဂျပန် နိုင်ငံသားများနှင့်    ဂျပန်နိုင်ငံ အခြေစိုက် သံတမန်များအကြား ပိုမိုကျယ်ပြန့်စွာ  သိရှိလာစေရန် ရည်ရွယ်လျက်       မြန်မာ့ရိုးရာ အစားအစာနှင့်   ယဉ်ကျေးမှုနေ့ (Myanmar Cuisine and Culture Day) အခမ်းအနားကို  နိုဝင်ဘာ ၁၈ ရက် နံနက် ၁၀ နာရီမှ မွန်းလွဲ ၁ နာရီအထိ မြန်မာသံရုံး တိုကျို မြို့၌ ကျင်းပခဲ့သည်။

 


အခမ်းအနားသို့ Asia-Pacific Ladies Friendship Society (ALFS)အသင်း၏  ဥက္ကဋ္ဌ  Mrs. Haruko Komura နှင့် အမှုဆောင် ဒါရိုက်တာများ၊ Tokyo Women’s Club မှ  ဒုတိယဥက္ကဋ္ဌများ၊ ဂျပန် နိုင်ငံ        အခြေစိုက်သံရုံးများမှ သံအမတ်ကြီးများ၏   ဇနီးများ၊ သံတမန်များ၊   အာဆီယံ - ဂျပန် စင်တာ(ASEAN- Japan Center) ၏ အတွင်းရေးမှူးချုပ် Dr. Kunihiko Hirabayashi နှင့် ဇနီး၊ ဂျပန် စီးပွားရေး      လုပ်ငန်းရှင်များ၊ ချစ်ကြည်ရေးအသင်းမှ တာဝန်ရှိ သူများ၊ ဂျပန်နိုင်ငံ တက္ကသိုလ်မှ ပါမောက္ခများ၊ Waseda University နှင့် Hosei University တို့မှ ဂျပန်ကျောင်းသား  ကျောင်းသူ များ၊    ဂျပန်နိုင်ငံတွင်   ပညာ သင်ကြားနေကြသည့်  ဝန်ကြီးဌာန အသီးသီးမှ   မြန်မာအစိုးရပညာ တော်သင်များ၊   ဂျပန်နှင့်  မြန်မာ မိတ်ဆွေ စုစုပေါင်း  ၁၅၀  နီးပါး တက်ရောက်ခဲ့ကြသည်။

 


အခမ်းအနားတွင် သံအမတ် ကြီး ဦးစိုးဟန်နှင့်ဇနီး ဒေါ်လဲ့လဲ့ဝါ တို့က ကြိုဆိုနှုတ်ခွန်းဆက်စကား များ ပြောကြားခဲ့ကြပြီး  ဟိုတယ် နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ ရိုက်ကူးထားသည့်   Friendly Myanmar ဗီဒီယိုနှင့် မြန်မာ့ရိုးရာ မုန့်ဟင်းခါးချက်ပြုတ်ခြင်း ဗီဒီယို ပြသခဲ့သည်။ 

 


ထို့နောက်      မြန်မာသံရုံး အမျိုးသမီး      ဝန်ထမ်းများက “မင်္ဂလာပါ”  အကဖြင့်   ကပြ ဖျော်ဖြေခြင်း၊ ဂျပန်နိုင်ငံရှိ Manjushaka အကအဖွဲ့မှ အကပညာ ရှင်များ   ကပြဖျော်ဖြေခြင်းနှင့် မြန်မာ့စောင်းတူရိယာ တီးခတ်မှု များဖြင့်  တင်ဆက်ပြသခဲ့သည်။ ဆက်လက်၍   ယဉ်ကျေးမှုအက များဖြင့် ဖျော်ဖြေခဲ့ကြသူများကို သံအမတ်ကြီး ဦးစိုးဟန်နှင့် ဇနီး၊ ဂျပန်နိုင်ငံအခြေစိုက်    နိုင်ငံခြား သံရုံးများ၏       နာယကဖြစ်သူ ဆန်မာရီနို      သံအမတ်ကြီး၏ ဇနီး၊ ASEAN-Japan  Center ၏ အတွင်းရေးမှူးချုပ် Dr.Kunihiko Hirabayashi     နှင့်   ဇနီးတို့က ဂုဏ်ပြုပန်းစည်းများကို  ပေးအပ် ခဲ့ကြသည်။ ထို့နောက် တက်ရောက် လာကြသည့်   ဧည့်သည်တော်များ ကို   မြန်မာ့ရိုးရာအစားအစာများ ဖြစ်သည့် မုန့်ဟင်းခါး၊ လက်ဖက် သုပ်၊ မြန်မာ့ရိုးရာမုန့်မျိုးစုံနှင့် မြန်မာ ကော်ဖီတို့ဖြင့်  တည်ခင်းဧည့်ခံခဲ့ ကြောင်း သိရသည်။  

သတင်းစဉ်