မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်၊ ဒုတိယဝါဆိုလပြည့်နေ့(ဓမ္မစကြာနေ့)တွင် ကျင်းပမည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ဗုဒ္ဓါဘိသေကအနေကဇာတင်လှူခြင်း၊ ကျောက်စာရုံစေတီတော်များ ထီးတော်တင်လှူခြင်းနှင့် ရေစက်ချအခမ်းအနားများအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော်   ဇူလိုင်   ၂၀


ကမ္ဘာပေါ်ရှိ ထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်လာမည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား   မြန်မာသက္ကရာဇ်  ၁၃၈၅  ခုနှစ်၊   ဒုတိယဝါဆိုလပြည့်နေ့(ဓမ္မစကြာ နေ့)၊ ခရစ်နှစ် ၂၀၂၃ ခုနှစ်၊ ဩဂုတ် ၁ ရက်တွင် ဗုဒ္ဓါဘိသေကအနေကဇာတင်လှူခြင်း၊ ကျောက်စာရုံစေတီတော်များ ထီးတော်တင်လှူခြင်းနှင့် ရေစက်ချအခမ်းအနားကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို  ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ရင်ပြင်တော်ရှိ ယာယီရှင်းလင်းဆောင်၌  ကျင်းပပြုလုပ်ရာ  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ  ဒုတိယဥက္ကဋ္ဌ  ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက်အမှာစကားပြောကြားသည်။          


အစည်းအဝေးသို့  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ အကြံပေးပုဂ္ဂိုလ် ဒုတိယဗိုလ်ချုပ် ကြီး    ညိုစော၊   ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်၊ ကာကွယ်ရေးဦးစီး ချုပ်ရုံးမှ   အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊  ညွှန်ကြား ရေးမှူးချုပ်များနှင့်  တာဝန်ရှိသူများ  တက်ရောက် ကြသည်။
ဦးစွာ    နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူး ကြီး    စိုးဝင်းက   အမှာစကားပြောကြားရာတွင် နေပြည်တော်ကောင်စီနယ်မြေ ဒက္ခိဏသီရိမြို့နယ် သဲဖြူကုန်းတော်မြေနေရာတွင် ကိန်းဝပ်စံပယ်တော် မူသည့်  မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး  ဗုဒ္ဓါ ဘိသေက  အနေကဇာတင်လှူခြင်း၊  ကျောက်စာရုံ စေတီတော်များ ထီးတော်တင်လှူခြင်းနှင့် ရေစက်ချ မင်္ဂလာအခမ်းအနားများ       နိုင်ငံတော်အဆင့် အောင်မြင်စွာ  ကျင်းပနိုင်ရေးအတွက်  ယခုကဲ့သို့   လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပရခြင်းဖြစ် ကြောင်း။


မြေနေရာ ၂၂၈ ဧကကိုပါ လွှဲပြောင်း


မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ထား ကိုးကွယ်ရသည့် ရည်ရွယ်ချက်များမှာ မြန်မာနိုင်ငံ၌ ထေရဝါဒဗုဒ္ဓသာသနာတော်ကြီး ခိုင်မာစွာ ထွန်းလင်း တောက်ပစွာတည်ရှိနေမှုကို ကမ္ဘာသို့ပြသရန်၊ မြန်မာ နိုင်ငံကို ထေရဝါဒဗုဒ္ဓဘာသာကိုးကွယ်မှု ဗဟိုချက် ဖြစ်စေရန်၊  နိုင်ငံတော်ကြီး    သာယာဝပြောစေရန် နှင့်   ကမ္ဘာကြီးငြိမ်းချမ်းသာယာမှုဖြစ်စေရန်စသည့် မွန်မြတ်သည့် စိတ်ရင်းစေတနာတို့ဖြင့် တည်ဆောက် ခဲ့ခြင်းဖြစ်ကြောင်း၊ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ် ကြီး ဘူမိနက်သန်နေရာသည် မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ် စကျင်ကျေးရွာအနီး စကျင်တောင် တော်ဖြစ်ပြီး မူလစကျင်ကျောက်တုံးကြီးကို Anglo Mining Co.LTD လုပ်ကွက်အတွင်းမှ ၂၀၁၃ ခုနှစ် စက်တင်ဘာ  ၁၈   ရက်တွင် တွေ့ရှိခြင်းဖြစ်ကြောင်း၊ ကုမ္ပဏီပိုင်ရှင်က      ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ထားကိုးကွယ်ရန် အလို့ငှာ ရွှေဖောင်ဒေးရှင်းသို့ လှူဒါန်းခဲ့ရာ ရွှေဖောင်ဒေးရှင်းမှတစ်ဆင့် လုပ်ဆောင် နိုင်မည့်စွမ်းဆောင်ရည်နှင့် လူ့စွမ်းအားအရင်းအမြစ် များစွာ ပြည့်စုံမှုရှိသည့် တပ်မတော်သို့  ဗုဒ္ဓရုပ်ပွား တော်မြတ်ကြီး   ထုဆစ်တည်ဆောက်   တည်ထား ကိုးကွယ်နိုင်ရန်     လွှဲပြောင်းပေးအပ်ခဲ့ကြောင်း၊ ထို့အတူ    ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး   တည်ထား ကိုးကွယ်နိုင်ရန် မြေနေရာ ၂၂၈ ဧက ကိုပါ လွှဲပြောင်း ပေးအပ်ခဲ့ကြောင်း။


တပ်မတော်အနေဖြင့် ထိုသို့လွှဲပြောင်းလက်ခံရရှိခဲ့ပြီး စကျင်ကျောက်တော်ကြီး၏ အခြေအနေကို အသေးစိတ်လေ့လာနိုင်ရန်  တပ်မတော်မှ  တာဝန်ရှိ အဖွဲ့များသည် ၂၀၁၇ ခုနှစ် စက်တင်ဘာ  ၈  ရက် တွင် သွားရောက်ကြည့်ရှုကြပြီး ဗုဒ္ဓရုပ်ပွားတော်မြတ် ကြီး ဖြစ်မြောက်အောင်မြင်စွာ အကောင်အထည်ဖော် နိုင်ရေး  လုပ်ငန်းစဉ်  ၈  ရပ်ကို   ချမှတ်ဆောင်ရွက် ခဲ့ကြောင်း။
၂၀၁၈   ခုနှစ်  အောက်တိုဘာလတွင်   စကျင် ကျောက်တော်ကြီးကို    တူးဖော်ထုတ်လုပ်ခြင်း၊ ဒီဇင်ဘာလတွင် ထုဆစ်ရန် ဆင်းတုတော်လေးဖက် ရိုက်ပုံစံ ဖြတ်တောက်ခြင်း၊  ၂၀၁၉  ခုနှစ် မတ်လ တွင်  လေးဖက်ရိုက်ပုံစံဖြတ်တောက်ပြီးစီးမှုအပေါ် ဆင်းတုတော်အချိုးမှန်တွက်ချက်ပြီး       စကျင် ကျောက်တော်ကြီးအား ဗုဒ္ဓရုပ်ပွားတော် အပိုင်း ၄ ပိုင်း ခွဲခြားထုဆစ်ရခြင်း၊ ပလ္လင်တော်သီးသန့်အတွက် အပိုင်း ၅ ပိုင်းခွဲ၍ ထုဆစ်ရန်သတ်မှတ်ခြင်း၊ အပိုင်း လိုက်    စကျင်ကျောက်တော်များ   အပိုင်းလိုက်ခွဲ၍ သယ်ဆောင်ခြင်းများ   ဆောင်ရွက်ရန်   ဆုံးဖြတ်ခဲ့ ကြောင်း။


တူးဖော်ခြင်းလုပ်ငန်းကို ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ မှ  ၂၀၂၀  ပြည့်နှစ်   ဇွန်လအထိ   ၂၁  လအကြာ ဆောင်ရွက်ခဲ့ပြီး   နေပြည်တော်သို့   ပင့်ဆောင်ရေး လုပ်ငန်းကို ၂၀၂၀ ပြည့်နှစ် ဇူလိုင်လမှ စက်တင်ဘာလ အထိ ရေကြောင်းမှ  ပင့်ဆောင်ခြင်း၊ ၂၀၂၁ ခုနှစ် ဇန်နဝါရီလမှ  ဧပြီလအထိ  ကုန်းလမ်းကြောင်းမှ ပင့်ဆောင်ခြင်းလုပ်ငန်းများကို       ဆက်လက် ဆောင်ရွက်ခဲ့ကြောင်း၊   ပလ္လင်တော်တွဲဆက်ခြင်း လုပ်ငန်းများကို ၂၀၂၁ ခုနှစ်   အောက်တိုဘာလမှ  ဒီဇင်ဘာလအထိလည်းကောင်း၊    ဆင်းတုတော် အစိတ်အပိုင်းများ  CNC  စက်ဖြင့်   ထုဆစ်ခြင်းကို ၂၀၂၁ ခုနှစ် စက်တင်ဘာလမှ ၂၀၂၂ ခုနှစ်  မတ်လ အထိလည်းကောင်း၊ ဆင်းတုတော်အစိတ်အပိုင်းများ တွဲဆက်နေရာချထားခြင်းကို ၂၀၂၂ ခုနှစ် ဧပြီလမှ ဩဂုတ်လအထိလည်းကောင်း၊ ဆင်းတုတော်အပိုင်း ၁ ၊ ၂ ၊ ၃ တွဲဆက်ခြင်းကို ၂၀၂၂ ခုနှစ်  စက်တင်ဘာလမှ အောက်တိုဘာလအထိလည်းကောင်း၊  တွဲဆက်ပြီး ဆင်းတုတော်အပိုင်း  ၁ ၊၂ ၊ ၃ ကို  ပင့်ဆောင်ရန် ဆောင်ရွက်မည့် Gantry Tower Crane ပြင်ဆင် ခြင်းကို ၂၀၂၂ ခုနှစ် ဇွန်လ မှ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ အထိလည်းကောင်း၊  Gantry Tower Crane  ဖြင့် ပြီးစီးသွားသည့်   ဆင်းတုတော်အပိုင်း   ၁ ၊ ၂ ၊ ၃  ပင့်ဆောင်ခြင်းနှင့်     ရတနာပလ္လင်တော်အပေါ်သို့ ပင့်ဆောင်နေရာချထားခြင်းကို ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၂၆ ရက်မှ ၃၁ ရက်အထိလည်းကောင်း၊ ဆင်းတုတော် အပိုင်း ၄ ပင့်ဆောင်ခြင်းနှင့် ရတနာပလ္လင်တော်ပေါ်သို့ ပင့်ဆောင်နေရာချထားခြင်းကို ၂၀၂၃ ခုနှစ် ဖေဖော် ဝါရီလ ၁၁ ရက်မှ ၁၃ ရက်အထိလည်းကောင်း၊ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၁၄ ရက်မှ ဇူလိုင်လ ၃၁ ရက် အထိ အချောသပ် လက်မှုလုပ်ငန်းနှင့် ဆေးသင်္ကန်း ကပ်လှူခြင်းကိုလည်းကောင်း၊ ၂၀၂၃ ခုနှစ် မေ ၁ ရက်တွင် ဥဏ္ဏလုံမွေးရှင်တော်ဓာတ် စီသွင်းပူဇော်ခြင်း ကိုလည်းကောင်း ဆောင်ရွက်ခဲ့ကြောင်း။


လေ့လာခွင့်များရရှိလာမည်


ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး  ရတနာပလ္လင်တော် နေရာ စတင်ပန္နက်တော်တင်ခြင်း ဆောင်ရွက်ချိန်မှ ဗုဒ္ဓါဘိသေက အနေကဇာတင်အခမ်းအနားကျင်းပ ပူဇော်မည့် မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်၊ ဒုတိယ ဝါဆိုလပြည့်နေ့  (ဓမ္မာစကြာနေ့)  (၂၀၂၃ ခုနှစ် ဩဂုတ် ၁ ရက် ) အထိဆိုလျှင် ရက်ပေါင်း ၁၁၄၃ ရက်ကာလအတွင်း သတ်မှတ်လုပ်ငန်းစဉ်များအားလုံးကို တာဝန်ရှိသူများ၊ စေတနာရှင် အလှူရှင်များ အနေဖြင့်   ကိုဗစ်-၁၉   အပြင်းထန်ဆုံးကာလနှင့် အခြားအခက်အခဲများကို   ဖြတ်ကျော်၍   နေ့မအား ညမနား  ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ  ဆောင်ရွက်ခဲ့ သော ရလဒ်အဖြစ် ၂၀၂၃ ခုနှစ် ဩဂုတ်  ၁  ရက် (ဒုတိယဝါဆိုလပြည့်) တွင်ကျင်းပမည့် နေပြည်တော် ကောင်စီနယ်မြေ    ဒက္ခိဏသီရိမြို့နယ်   သဲဖြူ ကုန်းတော်မြေတွင် တည်ထားကိုးကွယ်ထားသည့် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ဗုဒ္ဓါဘိသေက အနေကဇာတင် မင်္ဂလာအခမ်းအနား ဆင်ယင်ကျင်းပ ခြင်းနှင့်အတူ ကမ္ဘာပေါ်၌ အလေးချိန် အများဆုံးနှင့် ဉာဏ်တော်အမြင့်ဆုံး အံ့မခန်းဖွယ်ရာ ကျောက်သား စစ်စစ်  ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးတစ်ဆူကို   မြန်မာ နိုင်ငံသူ    မြန်မာနိုင်ငံသားများနှင့်    ဗုဒ္ဓဘာသာကို ကြည်ညိုလေးစားကိုးကွယ်ကြသည့် ကမ္ဘာ့နိုင်ငံများရှိ ဗုဒ္ဓဘာသာဝင်များ၊ မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ် ကြီး တည်ထားကိုးကွယ်မှုဆိုင်ရာ တည်ဆောက်ရေး အသိပညာ အတတ်ပညာများကို လေ့လာလိုကြသည့် အသိပညာရှင်များ၊ အတတ်ပညာရှင်များ၊ လေ့လာ ရေးသုတေသီများ၊ ဖူးမြော်ကြည်ညို ကုသိုလ်သဒ္ဓါပွား များခြင်းနှင့် လေ့လာခွင့်များရရှိလာမည် ဖြစ်ကြောင်း။ 


အလားတူ ဂေါတမ ဗုဒ္ဓမြတ်စွာဘုရားရှင် ၄၅ ဝါ ပတ်လုံး ဟောကြား ဆိုဆုံးမတော်မူခဲ့သည့်  ဝိနည်း၊ အဘိဓမ္မာနှင့်    သုတ္တန်ဒေသနာတော်များ     ကမ္ဘာ တည်သရွေ့မပျက်စီးဘဲ  ကမ္ဘာ့သာသနာ့ဗုဒ္ဓစာကြည့် တိုက်ကြီးအဖြစ်       တည်ရှိနေစေရေးအကျိုးငှာ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး   မျက်နှာတော် မူရာ အရပ်မျက်နှာ၌ ဝိနည်းကျောက်စာရုံ စေတီ ၉၆ ဆူ၊ အဘိဓမ္မာကျောက်စာရုံ စေတီ၂၁၆ ဆူနှင့် သုတ္တန် ကျောက်စာရုံ စေတီ ၄၀၈ ဆူ စုစုပေါင်း ကျောက်စာ ရုံစေတီ၇၂၀ ကို တစ်ဆူလျှင် ကျောက်စာချပ် နှစ်ချပ်၊ ကျောက်စာတစ်ချပ်တွင်    ပါဠိဘာသာတစ်ဖက်၊ ရိုမန်ဘာသာတစ်ဖက်ရေးထိုးထားပြီး  ၂၀၂၂ ခုနှစ် မတ်လ ၁၆ ရက်မှ ဇွန်လ ၃၀ ရက်တွင် တည်ဆောက်ခဲ့ ကြောင်း၊    ကျောက်စာချပ်များပေါ်တွင်   စာသား ရေးထွင်းမှုကို ကွန်ပျူတာထိန်းချုပ် စက်ယန္တရားများ အကူအညီဖြင့် ၂၀၂၂ ခုနှစ် မေလ ၁၃ ရက်မှစတင်ခဲ့ရာ  ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၂၉ ရက်တွင် ပြီးစီးခဲ့ကြောင်း၊ ကျောက်စာချပ်   စတင်စိုက်ထူမှုကို   ၂၀၂၂   ခုနှစ် ဩဂုတ်လ   ၁၁   ရက်တွင်  စတင်ခဲ့ရာ   ၂၀၂၃   ခုနှစ် ဇန်နဝါရီလ ၃၀ ရက်တွင် ပြီးစီးခဲ့ကြောင်း၊ ထူးခြား ချက်အနေဖြင့်   စတင်တူးဖော်ချိန်မှ   လုပ်ငန်းစဉ် ၈ ရပ်  အကောင်အထည်ဖော်ပြီးစီးသည့်  အချိန်အထိ မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီနှင့် တပ်မတော် သား အင်ဂျင်နီယာများကသာ ဆောင်ရွက်ခဲ့သည်ကို ဂုဏ်ယူဝမ်းမြောက်ဖွယ် တွေ့ရှိရကြောင်း။


ယခုလို ပြည်ပပညာရှင် တစ်ဦးတစ်ယောက်မျှမပါ ဘဲ မြန်မာနိုင်ငံသား အင်ဂျင်နီယာပညာရှင်များဖြင့် သာ ဆောင်ရွက်နိုင်မှုကြောင့်  မာရဝိဇယဗုဒ္ဓရုပ်ပွား တော်မြတ်ကြီးနှင့်အတူ ဗုဒ္ဓဥယျာဉ်တော်ကြီးတစ်ခု အံ့မခန်းဖွယ်ရာ ပေါ်ပေါက်လာမှုကိုလည်း နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ  နိုင်ငံတော်ဝန်ကြီး ချုပ်  ဦးဆောင်ဘုရားဒါယကာ   ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကိုယ်တိုင်  ၂၀၂၃ ခုနှစ် ဇွန် ၂၉ ရက် တွင်  သာသနာရေးဆိုင်ရာ သာသနာနုဂ္ဂဟဘွဲ့တံဆိပ်ရ ပုဂ္ဂိုလ်များ၊ ပြည်တွင်းဘဏ်များနှင့် ကုမ္ပဏီကြီးများ မှတာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်မှ တာဝန်ရှိ ပုဂ္ဂိုလ်များ၊ ပြည်တွင်းရုပ်သံလိုင်းများနှင့် ဆက်သွယ် ရေးအော်ပရေတာများမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ သတ္တု လုပ်ငန်းကုမ္ပဏီများမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ စုစုပေါင်း ၂၈၀ တို့အားလည်းကောင်း၊ ဒုတိယအကြိမ်အဖြစ် ဇူလိုင်လ ၁၆ ရက်နေ့တွင် ယာယီသမ္မတ ဦးမြင့်ဆွေ၊ နိုင်ငံတော်သမ္မတ  (ငြိမ်း)  ဦးသိန်းစိန်   အပါအဝင် အငြိမ်းစား အရာရှိကြီးများနှင့် ဇနီးများ၊ ပြည်ထောင်စု ဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ် များ၊   တပ်မတော်အရာရှိကြီးများနှင့်   ဇနီးများ၊ စုစုပေါင်း ၅၁ ဦးတို့အား စကျင်ကျောက်တုံးတော်ကြီး စတင်တွေ့ရှိမှု၊    တူးဖော်မှုမှစ၍   ဗုဒ္ဓါဘိသေက အနေကဇာတင်မင်္ဂလာအခမ်းအနား   ပြုလုပ်မည့် အချိန်အထိ ဦးဆောင်ဘုရားဒါယကာကိုယ်တိုင် ဦးစီး လျက်   လုပ်ငန်းတာဝန်ရှိသူအဆင့်ဆင့်တို့၏   စနစ် တကျ    စီမံဆောင်ရွက်မှုအပေါ်    ရှင်းလင်းပေးခဲ့ရာ တက်ရောက်လာသည့်   ဧည့်ပရိသတ်များကလည်း ရှင်းလင်းပေးမှုအပေါ်  အာရုံပြု၍    ကြည်ညိုသဒ္ဓါ တရား ထက်သန်မှုများ အရှိန်အဟုန်မြင့်တက်လျက် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးနှင့်တကွ ဗုဒ္ဓ ဥယျာဉ်တော်တစ်ခုလုံးအတွက်     ဘဝနောင်ရေး ကုသိုလ်ယူစိတ်တို့ဖြင့်     ပါဝင်လှူဒါန်းမှုပြုကြရာ ပထမအကြိမ်နှင့် ဒုတိယအကြိမ် လှူဒါန်းမှုအလှူငွေ စုစုပေါင်းမှာ    ၁၆   ဘီလီယံကျော်ဖြစ်ပါကြောင်း၊ မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးနှင့်အတူ  ဗုဒ္ဓ ဥယျာဉ်တော်အတွင်းရှိ  သာသနိကအဆောက်အဦ များအတွက် ဗုဒ္ဓါဘိသေက အနေကဇာတင်လှူခြင်း နှင့် ရေစက်သွန်းချအမျှပေးဝေမှုမတိုင်မီ လှူဒါန်းရ သောအလှူသည် ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးနှင့် ဗုဒ္ဓ ဥယျာဉ်တော် ပေါ်ပေါက်လာရေးအတွက်  ကနဦး လှူဒါန်းကြရသည့် ထူထောင်ကြသူ (Founder) များ ဖြစ်လာကြတော့မည်ဖြစ်ကြောင်း၊ မကြာမီကျင်းပ သွားမည့် ဗုဒ္ဓါဘိသေက  အနေကဇာတင်လှူခြင်းနှင့် ကျောက်စာရုံစေတီတော်များ ထီးတော်တင်လှူခြင်း ရေစက်ချ   မင်္ဂလာအခမ်းအနား   ဆောင်ရွက်ပြီး နောက်မှ ကြည်ညိုသဒ္ဓါပွားများစိတ်ဖြင့် လှူဒါန်းမှု ကုသိုလ်များမှာ ကုသိုလ်ဆက် အလှူရှင်အဖြစ်သာ ကုသိုလ် ကံအကျိုးတရား ခံစားကြရမည်ဖြစ်ကြောင်း ကိုလည်း ခွဲခြား၍ အသိပေးလိုပါကြောင်း။


ဆက်လက်ပြီး  မြတ်ဗုဒ္ဓ၏ ဘာသာ၊ သာသနာ အကျိုးငှာ ပစ္စည်းလေးပါး ဒါယကာ၊ ဒါယိကာမများ အဖြစ် ရက်ရောစွာ လှူဒါန်းမှု ပြုခဲ့ကြ၍ နိုင်ငံတော် အစိုးရအဆက်ဆက်မှ ဂုဏ်ပြုချီးမြှင့်ခဲ့သည့် ဘာသာ ရေးနှင့်   သာသနာရေးဆိုင်ရာ    သာသနာနုဂ္ဂဟ ဘွဲ့တံဆိပ်ရရှိသူများအနက်မှ ပထမအကြိမ်ရှင်းလင်း ပွဲ၌ မပါရှိသူများကိုလည်း မာရဝိဇယဗုဒ္ဓရုပ်ပွားတော် မြတ်ကြီးနှင့်  ကမ္ဘာ့သာသနာ့  ဗုဒ္ဓစာကြည့်တိုက်  အဖြစ် တည်ရှိနေမည့် ကျောက်စာရုံစေတီတော်များ အပါအဝင် ဗုဒ္ဓဥယျာဉ်အတွင်းရှိ သာသနိကအဆောက် အဦများ ဖြစ်ပေါ်လာမှုအဆင့်ဆင့်တို့အား ကိုယ်တိုင် ကိုယ်ကျ မျက်ဝါးထင်ထင် တွေ့မြင်ခွင့်နှင့် ကြည်ညို သဒ္ဓါပွားများနိုင်စေရေးအလို့ငှာ   နိုင်ငံတော်အကြီး အကဲကိုယ်တိုင် ၂၀၂၃  ခုနှစ်  ဇူလိုင်  ၂၃  ရက် (တနင်္ဂနွေနေ့)တွင်  တတိယအကြိမ် ရှင်းလင်းပြသ ပေးမည်ဖြစ်ကြောင်းကိုလည်း      သတင်းကောင်း ပြောကြားလိုပါကြောင်း။


ဇာတ်တိုက်လေ့ကျင့်မှုများ ဆောင်ရွက်


ထို့ကြောင့်  ဆင်းတုတော်  ဉာဏ်တော်အမြင့် ၆၃ ပေ၊  ပလ္လင်တော်အမြင့်   ၁၈  ပေ   စုစုပေါင်း ဉာဏ်တော်အမြင့် ၈၁ ပေနှင့် ဆင်းတုတော်အလေးချိန် ၁၇၈၂ တန်၊ ပလ္လင်တော်အလေးချိန် တန် ၃၅၁၀ စုစုပေါင်း ၅၂၉၂ တန်ရှိသည့် ရတနာပုံခေတ် ဘူမိဖဿ ပုံစံ ထုဆစ်ထားတော်မူသော မာရဝိဇယ ဗုဒ္ဓရုပ်ပွား တော်မြတ်ကြီး၏    ဗုဒ္ဓါဘိသေကအနေကဇာတင် မင်္ဂလာအခမ်းအနား   အောင်မြင်စွာကျင်းပနိုင်ရေး ကြီးမားသောရည်ရွယ်ချက်ကောင်းများဖြင့် ကမ္ဘာ့ သာသနာ့ဗုဒ္ဓစာကြည့်တိုက်အဖြစ်   ကျောက်စာရုံ စေတီတော်များ  ထီးတော်တင်လှူနိုင်ရေးနှင့်  ဗုဒ္ဓ ဥယျာဉ်တော်အတွင်း  တည်ဆောက်ပြီးစီးခဲ့သည့် သာသနိကအဆောက်အဦများ ရေစက်ချကုသိုလ် တော်မင်္ဂလာအခမ်းအနားများ   နိုင်ငံတော်အဆင့် အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအနေဖြင့် ၂၀၂၃ ခုနှစ်  ဇူလိုင် ၁၈ ရက်တွင် ဦးစီးကော်မတီနှင့် ဆပ်ကော်မတီ ၉ခု ဖွဲ့စည်းပေးခဲ့ကြောင်း၊     အခမ်းအနားကျင်းပမည့် ရက် အချိန်နီးကပ်သည့်အတွက် ဆပ်ကော်မတီများ၏ ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှုများ၊ ဆက်လက် ဆောင်ရွက်ရန်ကျန်ရှိမှုများ၊ ဗဟိုကော်မတီမှ ပံ့ပိုးပေး ရန်လိုအပ်မှု၊   ဆပ်ကော်မတီအလိုက်    ဇာတ်တိုက် လေ့ကျင့်မှုများကို  နေ့၊  ည  အင်တိုက်အားတိုက် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း။


 မင်္ဂလာအခမ်းအနားကျင်းပရာတွင် ပြည်ပနိုင်ငံ များမှ ကြွရောက်တော်မူလာကြမည့် ဆရာတော်ကြီး များ၊ ပြည်တွင်းထေရ်ကြီးဝါကြီးဆရာတော်ကြီးများ၊ သံဃာတော်များ၊  ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ပြည်ထောင်စုဝန်ကြီးများ၊   ဝန်ကြီးဌာနအလိုက် တာဝန်ရှိသူများ၊  အလှူရှင်များအပါအဝင်   အခမ်း အနားသို့ ကြွရောက်လာကြမည့် သံဃာတော်များနှင့် ဧည့်သည်တော်များအားလုံး   မင်္ဂလာအခမ်းအနား စတင်ကျင်းပချိန်မှပြီးဆုံးချိန်အထိ အခမ်းအနားများ အလိုက်  စိတ်နှလုံးရွှင်လန်းအေးချမ်းစွာဖြင့် ကုသိုလ် ပွားများနိုင်ရန်အတွက်    လှူဒါန်းရမှု၏    ပီတိ သောမနဿစိတ်ဖြင့် အာရုံပြုနိုင်ရေး ဆပ်ကော်မတီ များအလိုက်  လုပ်ငန်းတာဝန်များကို  အသေးစိတ် စီမံဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ဆပ်ကော်မတီ မဟုတ်သော်လည်း မိမိတို့အတွေ့အကြုံအရ လိုအပ် ချက်နှင့်   အကြံပြုချက်များရှိပါက  ပါဝင်ဖြည့်စွက် ဆွေးနွေးအကြံပြုစေလိုကြောင်း၊   အရေးကြီးဆုံး အချက်မှာ မင်္ဂလာအခမ်းအနားများ အောင်မြင်စွာ ကျင်းပပြီးစီးနိုင်ရေးဖြစ်ကြောင်း၊ ထို့ကြောင့်  ယနေ့ ကျင်းပသည့်   ညှိနှိုင်းအစည်းအဝေးတွင်    မိမိတို့ ဆပ်ကော်မတီအလိုက် ဆောင်ရွက်ပြီးစီးမှု၊ ဆက်လက် ဆောင်ရွက်ရန်      ကျန်ရှိမှုနှင့်     လိုအပ်ချက်များကို ပွင့်လင်းစွာ ဆွေးနွေးကြစေလိုကြောင်း၊ အခမ်းအနား များ   မကျင်းပမီ၊   အခမ်းအနားကျင်းပနေစဉ်နှင့် အခမ်းအနား     ကျင်းပပြီးဆုံးသည့်ကာလအထိ လုံခြုံရေးကဏ္ဍကို ဘက်ပေါင်းစုံ၊ ရှုထောင့်ပေါင်းစုံမှ သုံးသပ်ရှုမြင်၍ စနစ်တကျ စီမံဆောင်ရွက်သွားကြ ရမည်ဖြစ်ကြောင်း၊ မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ် ကြီး       ဗုဒ္ဓါဘိသေကအနေကဇာတင်လှူခြင်း၊ ကျောက်စာရုံစေတီတော်များ     ထီးတော်တင်လှူ ခြင်းနှင့် ရေစက်ချအခမ်းအနား ကျင်းပပြီးနောက်ပိုင်း ၂၀၂၃ ခုနှစ် ဩဂုတ် ၁၆ ရက်အထိ ဘုရားဖူးပြည်သူများ အားလုံးကို မင်္ဂလာအခမ်းအနားများ အောင်မြင်ခြင်း အထိမ်းအမှတ်အဖြစ်  မည်သူမဆို  လုံခြုံရေးအရ  စစ်ဆေးမှုခံယူပြီး အခမဲ့ဝင်ရောက်ဖူးမြော်ကြည်ညိုခွင့်ပြုမည်ဖြစ်ကြောင်းနှင့် အဆိုပါ  နေ့ရက်နောက်ပိုင်း တွင်မူ နိုင်ငံတကာ ထုံးတမ်းအစဉ်အလာများနှင့်အညီ သတ်မှတ်အခကြေးငွေဖြင့် ဖူးမြော်ကြည်ညို လေ့လာ ခွင့်တို့အား   ဆောင်ရွက်နိုင်ရေးကိုလည်း  လျာထား အစီအစဉ်များ ရေးဆွဲတင်ပြ အတည်ပြုချက်ရယူရန် လည်း လိုအပ်မည်ဖြစ်ပါကြောင်း ပြောကြားသည်။


ရှင်းလင်းတင်ပြ


ထို့နောက် သာသနာရေးဦးစီးဌာနမှ ကျွမ်းကျင် ပညာရှင်   ဦးသူရက  မာရဝိဇယဗုဒ္ဓရုပ်ပွားတော် မြတ်ကြီး   ဗုဒ္ဓါဘိသေကအနေကဇာတင်လှူခြင်း၊ ကျောက်စာရုံစေတီတော်များ ထီးတော်တင်လှူခြင်း နှင့် ရေစက်ချအခမ်းအနား ကျင်းပမည့်  အစီအစဉ်များ ကိုလည်းကောင်း၊ စစ်ထောက်ချုပ် ဒုတိယဗိုလ်ချုပ် ကြီး ကျော်စွာလင်း က အခမ်းအနားများအောင်မြင် စွာကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိ မှုများကိုလည်းကောင်း၊     သာသနာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်   ဦးမျိုးညွန့်အောင်က   သံဃာ တော်များ ပင့်ဖိတ်ထားရှိမှုနှင့်   စပ်လျဉ်း၍လည်း ကောင်း ရှင်းလင်းတင်ပြကြသည်။


ဖြည့်စွက်ရှင်းလင်းဆွေးနွေး


ယင်းနောက်    ဖိတ်ကြားရေးဆပ်ကော်မတီ၊ ကြိုဆိုနေရာချထားရေးဆပ်ကော်မတီ၊     သယ်ယူ ပို့ဆောင်ရေးဆပ်ကော်မတီ၊  အခမ်းအနားပြင်ဆင် ရေးဆပ်ကော်မတီ၊        အခမ်းအနားကျင်းပရေး ဆပ်ကော်မတီ၊ ဧည့်ခံကျွေးမွေးရေးဆပ်ကော်မတီ၊ ကျန်းမာရေးဆပ်ကော်မတီ၊ လုံခြုံရေးဆပ်ကော်မတီ နှင့်  ပြန်ကြားရေးဆပ်ကော်မတီတို့မှ  တာဝန်ရှိသူ များက  မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ဗုဒ္ဓါ ဘိသေကအနေကဇာတင်လှူခြင်း၊ ကျောက်စာရုံ စေတီတော်များ ထီးတော်တင်လှူခြင်းနှင့်  ရေစက်ချ အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေးအတွက်  သက်ဆိုင်ရာ ကဏ္ဍများအလိုက် ဆောင်ရွက်ပြီးစီးမှု များနှင့်  ဆက်လက်ဆောင်ရွက်မည့် အစီအမံများကို ရှင်းလင်းတင်ပြကြရာ     နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၏    အကြံပေးပုဂ္ဂိုလ်   ဒုတိယ ဗိုလ်ချုပ်ကြီး    ညိုစော၊   ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်နှင့် တာဝန်ရှိသူများက  ဖြည့်စွက်ရှင်းလင်း   ဆွေးနွေးတင်ပြကြသည်။


ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ  ဒုတိယဝန်ကြီးချုပ်  ဒုတိယဗိုလ်ချုပ် မှူးကြီး   စိုးဝင်းက   ရှင်းလင်းတင်ပြချက်များနှင့် စပ်လျင်း၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။

သတင်းစဉ်