
မော်လမြိုင် ဇန်နဝါရီ ၁၃
၂၀၂၂ ခုနှစ် မွန်ပြည်နယ် အစိုးရ အဖွဲ့ ဝန်ကြီးချုပ်ဖလား ၁၀ မြို့နယ် အသက် ၂၅ နှစ်အောက် အမျိုးသား၊ အမျိုးသမီး မြန်မာ့ သိုင်းပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့က မော်လမြိုင်မြို့ ဖက်တန်းရပ် ပြည်နယ်အားကစား ခန်းမ၌ ကျင်းပရာ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ပြိုင်ပွဲဝင် အားကစားသမားများ တက် ရောက်ကြသည်။
အခမ်းအနားတွင် ပြည်နယ် ဝန်ကြီးချုပ်က ပြိုင်ပွဲကျင်းပရခြင်း ရည်ရွယ်ချက်သည် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလအတွင်း နေပြည် တော်၌ ကျင်းပမည့် တိုင်းဒေသ ကြီး၊ ပြည်နယ်အဆင့် ပါဝင် ယှဉ်ပြိုင်နိုင်ရေး၊ မွန်ပြည်နယ် အနေဖြင့် လက်ရွေးစင်အားကစား သမားကောင်းများ အဆင့်အတန်း မီစွာ အရည်အချင်းရှိသည့် ပြိုင်ပွဲ ဝင် အားကစားသမားကောင်းများ ပေါ်ထွက်လာစေရေးနှင့် မြန်မာ့ သိုင်းပညာရပ်ကို မြန်မာ့ရိုးရာ အမွေအနှစ် ကိုယ်ခံပညာတစ်ရပ် အဖြစ် အလေးအနက်ထား ထိန်းသိမ်း စောင့်ရှောက်စေလို ကြောင်း စသည်ဖြင့်ပြောကြား သည်။
ဆက်လက်ပြီး ပြည်နယ် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အား ကစားသမားများ၏ အားကစားသစ္စာအဓိဋ္ဌာန်ရွတ်ဆိုမှုနှင့် ပြိုင်ပွဲ ဝင်တစ်ဦးချင်းအလိုက် သိုင်းပညာ ရပ်များအား သရုပ်ပြပေးမှုကို ကြည့်ရှုအားပေးသည်။
အဆိုပါ မြန်မာ့သိုင်းပြိုင်ပွဲကိုမွန်ပြည်နယ် ၁၀ မြို့နယ်မှ ပြိုင်ပွဲ ဝင်အားကစားသမား ၆၀ တို့က အမျိုးသား၊အမျိုးသမီး တစ်ဦးချင်း အလိုက် ဓားတစ်လက်ပြိုင်ပွဲနှင့် အမျိုးသား၊ အမျိုးသမီးအုပ်စု အလိုက် ၆၃ မောင်းပညာစဉ် ပြိုင်ပွဲတို့ကို ပါဝင်ယှဉ်ပြိုင်ကြ မည်ဖြစ်သည်။
မွန်ပြည်နယ် အနေဖြင့် မြန်မာ့အားကစား အဆင့်အတန်း တိုးတက်မြင့်မားစေရေးအတွက် ကိုဗစ်-၁၉ ရောဂါကြောင့် ကန့်သတ်ချက်များရှိသော်လည်း အားကစားကဏ္ဍမြှင့်မားရေးကို ပြည်နယ်အစိုးရအဖွဲ့မှ အဆင့်မီ အားကစားကွင်းနှင့် အားကစား ဥယျာဉ်များ တည်ဆောက်ပေး ပြီး လူငယ်နှင့် အားကစားကဏ္ဍ အလိုက် အထူးအလေးပေး ပံ့ပိုးကူညီဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။
ဇာဖြူဝင်း(ပြန်/ဆက်)