မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲ အခမ်းအနား တိုက်ရိုက်ထုတ်လွှင့်မည်

 

နေပြည်တော်  မေ ၄


၂၀၁၉   ခုနှစ်၊ ၂၀၂၀ ပြည့်နှစ်နှင့်  ၂၀၂၂  ခုနှစ်များ အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲ အခမ်း အနားကို   ၂၀၂၃ ခုနှစ်၊   မေ  ၆  ရက် (စနေနေ့)၊ ညနေ ၆ နာရီခွဲတွင် နေပြည်တော် မြို့တော်ခန်းမ လဟာပြင်ကဇာတ်ရုံ၌ ခမ်းနားထည်ဝါစွာ စီစဉ် ကျင်းပသွားမည်ဖြစ်သည်။ 

 


အဆိုပါ အခမ်းအနားကျင်းပပုံများကို  ယင်းနေ့ ညနေ ၄ နာရီခွဲမှစတင်ပြီး မြန်မာ့အသံနှင့်ရုပ်မြင် သံကြား MRTV-HD Channel ၊ MRTV Farmers’ Channel ၊ MRTV Sports Channel၊ MRTV Parliament Channel၊  MRTV-NRC တိုင်းရင်းသား လူမျိုးများ ရုပ်သံလိုင်းတို့မှလည်းကောင်း၊ MWD- HD Channel၊ MWD Variety –HD Channel ၊ Channel LIGHT Channel တို့အပြင် Channel-7၊  Readers'  Channel ၊   5 – Plus ၊   Channel-9 ၊  MNTV ၊ SkyNet Up to Date Channel ၊ Myanmar Arts Channel ၊ Fortune Channel ၊ Channel K ၊ YTV ၊ M Entertainment Channel တို့မှလည်း ကောင်း တိုက်ရိုက်(Live )ထုတ်လွှင့်မည်ဖြစ်သည်။ ထို့ပြင် MOI Website, MOI Youtube၊ MRTV Website တို့နှင့် မြန်မာ့အသံရေဒီယို၊ ပတ္တမြား FM၊ ချယ်ရီ FM ၊ မန္တလေး FM ၊ ပဉ္စဝတီ FM ၊  ရွှေ FM၊  FM ပုဂံ၊ Star FM ၊ သဇင် FM တို့မှလည်း တိုက်ရိုက် (LIVE) ထုတ်လွှင့်မည်ဖြစ်သည်။


သတင်းစဉ်