မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် ကျင်းပမှုများ MRTV မှ တိုက်ရိုက် (Live) ထုတ်လွှင့်တင်ဆက်မည်

 

နေပြည်တော်   ဧပြီ   ၁၀
မြန်မာနိုင်ငံတစ်ဝန်းတွင်   ၂၀၂၄ ခုနှစ် ဧပြီ   ၁၃ ရက်မှ ၁၆ ရက်အထိ ကျင်းပမည့်  ၁၃၈၅  ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန် ပွဲတော်တွင် ပြည်သူများ  ပျော်ရွှင်စွာ  ဆင်နွှဲကြပုံများကို  မြန်မာ့ အသံနှင့်  ရုပ်မြင်သံကြားမှ ရိုက်ကူးတင်ဆက်မည်ဖြစ်ရာ  ထိုသို့ တင်ဆက်မှုများအနက်မှ နေပြည်တော်၊ ရန်ကုန်၊ မန္တလေးမြို့တော်ဝန် မဏ္ဍပ်များနှင့် နေပြည်တော်လမ်းလျှောက်သင်္ကြန်မဏ္ဍပ်တို့တွင် ဖျော်ဖြေတင်ဆက်မှုများကို      မြန်မာ့အသံနှင့်    ရုပ်မြင်သံကြားမှ တိုက်ရိုက် (Live) ရိုက်ကူးထုတ်လွှင့်မည်ဖြစ်သည်။
ဖျော်ဖြေတင်ဆက်မှုများ
ထိုကဲ့သို့ ထုတ်လွှင့်ရာတွင် နေပြည်တော်မြို့တော်ဝန်မဟာ သင်္ကြန်မဏ္ဍပ်၏ ဖျော်ဖြေတင်ဆက်မှုများကို MRTV Parliament Channel မှ လည်းကောင်း၊ နေပြည်တော် လမ်းလျှောက်သင်္ကြန် မဏ္ဍပ်၏  ဖျော်ဖြေတင်ဆက်မှုများကို MRTV NRC Channel မှ လည်းကောင်း၊ ရန်ကုန်မြို့တော်ဝန် မဟာသင်္ကြန်မဏ္ဍပ်၏ ဖျော်ဖြေ  တင်ဆက်မှုများကို MRTV Farmers’ Channel မှလည်းကောင်း၊ မန္တလေးမြို့တော်ဝန် မဟာသင်္ကြန်မဏ္ဍပ်၏ ဖျော်ဖြေတင်ဆက်မှု များကို MRTV Sports Channel မှလည်းကောင်း သင်္ကြန်အကြိုနေ့ ဧပြီ  ၁၃ ရက်၊ သင်္ကြန်အကျနေ့ ဧပြီ ၁၄ ရက်၊ သင်္ကြန်အကြတ်နေ့ ဧပြီ ၁၅ ရက်နှင့် သင်္ကြန်အတက်နေ့ ဧပြီ ၁၆ ရက် နေ့တို့တွင် နေ့စဉ် နံနက် ၉ နာရီမှ မွန်းတည့် ၁၂ နာရီနှင့် မွန်းလွဲ ၃ နာရီမှ ည  ၇ နာရီ အထိ စီစဉ်ထုတ်လွှင့်မည်ဖြစ်သည်။    
ထုတ်လွှင့်တင်ဆက်သွားမည်  
အဆိုပါ နေပြည်တော်၊  ရန်ကုန်၊  မန္တလေးမြို့တော်ဝန်မဟာ သင်္ကြန်မဏ္ဍပ်များနှင့်    နေပြည်တော်လမ်းလျှောက်သင်္ကြန်တို့မှ ဖျော်ဖြေတင်ဆက်မှုများကို    ထုတ်နုတ်စုစည်း၍    MRTV–HD Channel တွင် သင်္ကြန်အကြိုနေ့မှ သင်္ကြန်အတက်နေ့အထိ နေ့စဉ် မွန်းလွဲ ၂ နာရီခန့်နှင့် ညစဉ် ည ၉ နာရီခွဲခန့်တို့တွင် ထုတ်လွှင့် တင်ဆက်သွားမည်ဖြစ်သည်။                                       
သတင်းစဉ်