မြန်မာ့ရိုးရာလက်ဝှေ့ ရွှေအောင်လံဆုရှင်များ ပြိုင်ပွဲကြီးကျင်းပမည်

 

ရန်ကုန်   ဇွန်   ၂၂


မြန်မာနိုင်ငံ ရိုးရာလက်ဝှေ့အဖွဲ့ချုပ်နှင့် စကိုင်းနက်(SKYNET)တို့ပူးပေါင်းမည့် စကိုင်းနက် ရွှေအောင်လံ မြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲကြီးကို ဇွန် ၂၅ ရက်၊ ၂၆ ရက် မွန်းလွဲ ၂ နာရီတွင် ရန်ကုန်မြို့ မင်္ဂလာ‌တောင်ညွန့် မြို့နယ် သိမ်ဖြူလက်ဝှေ့အားကစားရုံ၌ ကျင်းပမည်ဖြစ်‌သည်။

 


အဆိုပါပြိုင်ပွဲကို ဇွန် ၂၅ ရက် တွင် ဆီမီးဖိုင်နယ် ၇၀-၇၁ ကီလို တန်းပွဲစဉ်၌‌    အောင်လံသုံးဆုရ ဖိုးလပြည့် (ဇာနည်သွေး)    နှင့် တရုတ်၊ ဂျပန်နိုင်ငံ‌ ရွှေတံဆိပ်ဆုရ မင်းထက်အောင်      (ရွှေသထုံ)၊ ကွာတားဖိုင်နယ်ပွဲစဉ်များတွင်‌ ၆၇ ကီလိုတန်း၌‌ စောရေထူး(STL)နှင့် စောမင်းမင်း(ရွှေသထုံ)၊ ဂျပန်ပြန်‌ ရွှေတံဆိပ်၊    ကရင်ပြည်နယ်‌    အောင်လံဆုရှင် ဟံသာဝတီ(အဖြူ ရောင်သွေး)နှင့် အောင်လံ ၁၀ ဆုရှင် ကိုနိုင်(ဇာနည်‌သွေး)၊ ၆၃ ဒသမ ၅ ကီလိုတန်းတွင်‌ အောင်လံသုံးဆုရှင် နက္ခမင်း (ဇွဲကပင်မြေဧရာ)  နှင့် ကိုကိုအောင်(STL)၊ မွန်ပြည်နယ်‌ ရွှေတံဆိပ်ဆုရှင်       ကျားသွေး (ထွန်းထွန်းမင်း) နှင့်  ပြည်နယ် တိုင်း‌ ရွှေအောင်လံဆုရ ဇွဲရာမာန် (ဘိလပ်မြေ)၊    ၆၀  ကီလိုတန်း စောမူထော်ဂေး(STL) နှင့် ကရင် ပြည်နယ်        အောင်လံဆုရှင် စောအယ်ဖူး(တို့ရိုးရာ)တို့ ယှဉ်ပြိုင် ထိုးသတ်ကြမည်ဖြစ်သည်။ ဇွန် ၂၆ ရက်၌  ၇၀-၇၁ ကီလိုတန်း ဆီမီးဖိုင်နယ်တွင်     ဂျပန်နိုင်ငံ‌ ရွှေတံဆိပ်ဆု‌ရ စောမင်းအောင် (တောင်ကလေး) နှင့်‌ ရွှေခါးပတ် ချန်ပီယံစောကြယ်ကြီး (G3G) ၊ ၆၇   ကီလိုတန်း   ကွာတားပြိုင်ပွဲ များတွင်‌    အောင်လံသုံးဆုရှင် မာန်မင်းအောင်(ဘိလပ်မြေစက်ရုံ) နှင့် မွန်ပြည်နယ် ရွှေတံဆိပ်ဆုရှင် မင်းထူးထူး   (တောင်ကလေး)၊‌ စောထွန်းဝင်း‌အောင်နှင့် ထိုင်းနိုင်ငံ ရွှေအောင်လံဆုရှင်   ကမ္ဘာရှား (AMT 2) ၊ ၆၃ ဒသမ ၅ကီလိုတန်း ၌ ကမ္ဘာ့ရွှေအောင်လံ ဂျပန်နိုင်ငံ ရွှေတံဆိပ်ဆုရှင်        အောင်လံ လေးဆုရ   စောဒါဝိတ် (တောင် ကလေး) နှင့် ၂၀၂၂ ကရင်အောင်လံ ဆုရှင် အဲမွီ(နဂါးမင်း)၊ ဂျပန်နိုင်ငံ ရွှေတံဆိပ်ဆုရှင် ဆလိုင်းချမ်းမြေ့ ကို (အဲကညော)နှင့် မွန်၊ ကရင် အောင်လံဆုရှင် သက်ဝင်းအောင် (ရွှေသထုံ)၊   ၆၀  ကီလိုတန်း၌ ကရင်ပြည်နယ်   အောင်လံဆုရ စောဘဟိန်း (ဘိလပ်မြေစက်ရုံ) နှင့်  ကရင်ပြည်နယ်  အောင်လံ ငါးဆုရ ချစ်ဝိုင်းဝိုင်း(ဇာနည်သွေး)၊ ကရင်ပြည်နယ်  အောင်လံဆုရ မင်းကျော်ဇ  (ဇွဲကပင်မြေ)   နှင့် ရွှေခါးပတ်နှင့်  အောင်လံဆုရှင် လင်းထက်အောင်(တောင်ကလေး) တို့ ယှဉ်ပြိုင်ထိုးသတ်ကြမည်ဖြစ်‌ ကြောင်း သိရသည်။ ရွှေအောင်လံ မြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲကြီး၏ပွဲစဉ်များကို “SKYNET Sports-4”၊ “SKYNET Sports-HD”  ရုပ်သံ လိုင်းတို့တွင်   တိုက်ရိုက်   (Live) ထုတ်လွှင့်    ပြသသွားမည်ဖြစ်ပြီး  လက်မှတ်များကို ဇွန် ၂၃ ရက်မှ စတင်ရောင်းချပြီး       ငွေကျပ် ၅၀၀၀၊ ငွေကျပ် ၁၀၀၀၀၊ ငွေကျပ် ၁၅၀၀၀  သတ်မှတ်ထားကြောင်း သိရသည်။  


အာကာစိုး