မြန်မာ့ပုလဲထုတ်လုပ်ရေးနှင့် ရောင်းဝယ်ရေးလုပ်ငန်းနှင့် အကျိုးတူဖက်စပ်ဆောင်ရွက်လျက်ရှိသော ကုမ္ပဏီများ၏ ပုလဲများတန်ဖိုးဖြတ်ခြင်းနှင့် အချိုးတူခွဲဝေခြင်း ဆောင်ရွက်

 

နေပြည်တော်  ဩဂုတ်   ၁၂


မြန်မာ့ပုလဲ  ထုတ်လုပ်ရေးနှင့် ရောင်းဝယ်ရေး      လုပ်ငန်းနှင့် အကျိုးတူဖက်စပ်ဆောင်ရွက် လျက်ရှိသော ပုလဲမွေးမြူထုတ်လုပ် ရေးကုမ္ပဏီ၏   ဖော်ယူပြီးသော ပုလဲများကို တနင်္သာရီတိုင်းဒေသ ကြီး မြိတ်မြို့မှ နေပြည်တော်သို့ မြန်မာ့လေကြောင်း စင်းလုံးငှား လေယာဉ်ဖြင့်  သယ်ယူ၍ တန်ဖိုး ဖြတ်ခြင်းနှင့်   အချိုးကျခွဲဝေခြင်း ကို ယနေ့  နံနက် ၁၀  နာရီတွင် နေပြည်တော် မြန်မာ့ကျောက်မျက် ရတနာပြတိုက်၌     ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်၊ ထိန်းချုပ် ရေး စည်းမျဉ်းစည်းကမ်းများနှင့် အညီ ကျင်းပရာ  သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန   ပြည်ထောင်စု ဝန်ကြီး ဦးခင်မောင်ရီ တက်ရောက် စစ်ဆေးကြည့်ရှုသည်။


လျာထားချက် ပြည့်မီကျော်လွန်  


တနင်္သာရီ  တိုင်းဒေသကြီး အတွင်း မြန်မာ့ပုလဲထုတ်လုပ်ရေး နှင့်   ရောင်းဝယ်ရေးလုပ်ငန်းနှင့် အကျိုးတူ  ဖက်စပ်ဆောင်ရွက် လျက်ရှိသော      ပြည်ပကုမ္ပဏီ လေးခု၊ ပြည်တွင်းကုမ္ပဏီခုနစ်ခု နှင့်   နိုင်ငံပိုင်ပုလဲစခန်းတစ်ခု၊ စုစုပေါင်း ပုလဲထုတ်လုပ်ရေးစခန်း ၁၂ ခုဖြင့် ဆောင်ရွက်လျက်ရှိရာ ၂၀၁၉-၂၀၂၀   ဘဏ္ဍာရေးနှစ် အတွင်း    ပုလဲလုံးရေစုစုပေါင်း ၁၂၉၀၀၇၆ လုံး၊   အလေးချိန် ၇၆၄၁၅၁  မိုမီ  ထုတ်လုပ်ရရှိခဲ့ ကြောင်း၊ ၂၀၂၀-၂၀၂၁  ဘဏ္ဍာရေး နှစ် ဇူလိုင်လကုန်အထိ  ကုမ္ပဏီ ရှစ်ခုမှ စုစုပေါင်း   ပုလဲလုံးရေ ၁၀၃၄၂၁၇  လုံး၊   အလေးချိန် ၆၅၁၉၄၅ မိုမီကို ထုတ်လုပ်ရရှိခဲ့ပြီး ကုမ္ပဏီသုံးခုနှင့်   နိုင်ငံပိုင်ပုလဲ စခန်းတစ်ခုမှာ   ပုလဲဖော်ခြင်း လုပ်ငန်းများကို     ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း၊ ယခု ကုမ္ပဏီအနေဖြင့်   ဘဏ္ဍာရေး နှစ်အတွင်း ထုတ်လုပ်ရရှိခဲ့သည့် စုစုပေါင်းပုလဲအလုံးရေ ၃၃၇၉၁၂ လုံး၊ အလေးချိန် ၂၄၂၇၈၂ မိုမီကို မြန်မာ့ပုလဲလုပ်ငန်း ဥပဒေပုဒ်မ ၂၅၊ ပုဒ်မခွဲ(က)အရ တန်ဖိုးဖြတ်၊ အချိုးကျခွဲဝေခြင်းကို ဆောင်ရွက် ခဲ့သဖြင့် ၂၀၂၀-၂၀၂၁   ဘဏ္ဍာနှစ် အတွက် ထုတ်လုပ်မှုလျာထားချက် ပြည့်မီကျော်လွန်   ရရှိခဲ့ကြောင်း သိရသည်။ 


ကြိုတင်ပြင်ဆင်


ထို့နောက်   ပြည်ထောင်စု ဝန်ကြီးသည်     နေပြည်တော်ရှိ မြန်မာ့ကျောက်မျက်ရတနာ ပြတိုက် ပြန်လည်ဖွင့်လှစ်နိုင်ရန် လိုအပ်သည်များ ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှုကို လှည့်လည် ကြည့်ရှုစစ်ဆေးခဲ့ကာ ကျောက်စိမ်း အချောထည်လုပ်ငန်း      ဖွံ့ဖြိုး တိုးတက်ရေး      ညှိနှိုင်းအစည်း အဝေးသို့     တက်ရောက်ခဲ့ပြီး လုပ်ငန်းလိုအပ်ချက်များ မှာကြား ခဲ့ကြောင်း သိရသည်။ 


သတင်းစဉ်