
နေပြည်တော် ဇူလိုင် ၁၃
ပြည်သူများ အပန်းပြေစေရန်၊ ပျော်ရွှင်စေရန်နှင့် စိတ်ခွန်အားသစ်များ ရရှိနိုင်ရန်အတွက် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ဖျော်ဖြေရေး အစီအစဉ်များကို တိုးမြှင့်တင်ဆက်လျက်ရှိရာ Friday Night Show ဆန်းသစ်တင်ဆက်မှုအဖြစ် နိုင်ငံကျော်အဆိုတော်ကြီး မြန်မာပြည် သိန်းတန်၏ “သီချင်းဒိုင်ယာရီ-၂” တေးဂီတဖျော်ဖြေပွဲကို ဇူလိုင် ၁၅ ရက် (သောကြာနေ့) ည ၈ နာရီ သတင်းအပြီးတွင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၏ MRTV-HD Channel မှ ထုတ်လွှင့်ပြသမည်ဖြစ်သည်။
ယင်းအစီအစဉ်တွင် မြန်မာပြည်သိန်းတန်နှင့်အတူ မျိုးဆက်သစ် တေးသံရှင်များ ဖြစ်ကြသည့် စောဒယ်နီရယ်၊ ရေဂျီနာ၊ ချိုမီမီဇော် နှင့် အိအိလှိုင်တို့က သီဆိုဖျော်ဖြေကြမည်ဖြစ်ပြီး မြန်မာ့အသံတေးဂီတ အဖွဲ့၏ တီးခတ်မှုနှင့်အတူ သရုပ်ဆောင်နေဒွေးနှင့် သဉ္ဇာမြင့်မိုရ်တို့က လည်း အားဖြည့်တင်ဆက်ပေးကြမည် ဖြစ်သည်။
ထိုသို့တင်ဆက်မှုကို ဇူလိုင် ၁၇ ရက် (တနင်္ဂနွေနေ့) နံနက် ၁၀ နာရီ ခွဲတွင် ဒုတိယအကြိမ် ထပ်မံထုတ်လွှင့်ပြသမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်