မြန်မာ့ပညာရေးမျှော်မှန်းချက်သို့ ဦးတည် မျိုးဆက်သစ်တို့ အနာဂတ်ဆီ

Type
77

 

တူးမာ (ပညာရေး)
 

သင်ရိုးသစ်ပညာရေး သင်ကြားပေးလာခဲ့တာ အခုနှစ် စာသင်နှစ်ဖြစ်တဲ့ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်မှာ အတော်လေးအခြေတကျရှိလာပြီလို့ ဆိုနိုင်ပါတယ်။ ၂၀၁၆-၂၀၁၇ ပညာသင်နှစ် KG တန်းကစလို့ သင်ယူလာခဲ့ကြတဲ့ တပည့်လေးတွေဟာ အခုလာမယ့် စာသင်နှစ်မှာ Grade  5 အတန်းကို တက်ရမှာဖြစ်ပါတယ်။ ယခင်နှစ် Grade  7 နဲ့ Grade  10 မှာ သင်ယူခဲ့ကြတဲ့ ကလေးတွေက Grade  8 နဲ့ Grade  11 တို့ကို  အသီးသီး  တက်ရောက်သင်ကြားကြရမှာဖြစ်ပါတယ်။ အတန်းသစ်ဖြစ်တဲ့ Grade 5 ၊ 8၊ 11 တို့အတွက် ဘာသာရပ်အလိုက် သင်ရိုးသစ်များကို ပညာရေးဝန်ကြီးဌာနက သင်တန်းတွေ ပို့ချပေးလျက်ရှိပါတယ်။

 

 
သင်ရိုးသစ်ကို အကောင်အထည်ဖော်ဆောင်ကြ မယ့် ဆရာ ဆရာမတို့ကလည်း အတွေးသစ်၊ အမြင် သစ် ၊ ခံစားမှုအသစ်နဲ့ ကျောင်းဖွင့်ရက်မှာ လန်းဆန်း တက်ကြွစွာ စာသင်ဖို့အတွက် အသင့်ဖြစ်နေကြပါပြီ။ ဆရာ ဆရာမတို့အနေနဲ့ စာသင်ကျောင်းဟာ မိမိတို့ ရဲ့  ဒုတိယအိမ်ဖြစ်သလို  တပည့်လေးများဟာလည်း ဝမ်းနှင့်မလွယ် ရင်နှင့်လွယ်သော သားသမီးများပင် ဖြစ်ပါတယ်။ တပည့်တို့ရဲ့အနာဂတ်လှပဖို့၊ လေ့လာ သင်ယူမှုကို    အစဉ်အမြဲ    လိုလားတောင့်တနေတဲ့ ထက်မြက်ထူးချွန်သူလေးတွေဖြစ်ဖို့    မျှော်လင့် ရည်ရွယ်လျက်ရှိကြပါတယ်။

 


၂၁ ရာစု  ကျွမ်းကျင်မှုများ


သင်ရိုးသစ်ပညာရေးကို   သင်ကြားရာမှာ   ၂၁ ရာစု   ကျွမ်းကျင်မှုများနဲ့     ကိုယ်ရည်ကိုယ်သွေး ကျွမ်းကျင်မှုများ(5Cs)ကို ရရှိအောင် သင်ကြားပေး ကြရမှာဖြစ်ပါတယ်။ ၂၁ ရာစု   ကျွမ်းကျင်မှုများနဲ့ ကိုယ်ရည်ကိုယ်သွေး ကျွမ်းကျင်မှုများ    ဆိုတာက တော့  “ပူးပေါင်းဆောင်ရွက်ခြင်း၊    ဆက်သွယ်ပြော ဆိုခြင်း၊    တီထွင်ဖန်တီးခြင်း၊ လေးနက်စွာ  ဆန်းစစ် ဝေဖန်ခြင်းနှင့် ပြဿနာအဖြေ ရှာခြင်းနဲ့      နိုင်ငံသား ကောင်းစိတ်ဓာတ်”  စတဲ့  ကျွမ်းကျင်မှုတွေဖြစ်ပြီး    အတန်းစဉ်အလိုက်   ရရှိအောင် ပြုစုပျိုးထောင်ပေးကြ ရမှာ ဖြစ်ပါတယ်။ 

 


ပူးပေါင်းဆောင်ရွက်ခြင်း


ပူးပေါင်းဆောင်ရွက်တတ်အောင်     လေ့ကျင့် ပျိုးထောင်ပေးရမှာက ဆရာ ဆရာမတို့ရဲ့ တာဝန် ပါ။ ကလေးတွေ   တစ်ဦးချင်းစီမှာ   မိမိကိုယ်ကျိုး အတွက်ဆိုတဲ့ အတ္တဟိတ စိတ်ကလေးတွေ ရှိကြ ပါတယ်။  အဲဒီစိတ်ကလေးတွေကို  ပြောင်းလဲလာ အောင်   ဆရာက   ဦးဆောင်ပြီး    အများအကျိုး ဆောင်ရွက်လိုတဲ့ ပရဟိတစိတ်ဖြစ်အောင် ပြုပြင် ဖန်တီးပေးကြရမှာ ဖြစ်ပါတယ်။ 

 


အတန်းတွင်း    သင်ကြားနေစဉ်မှာ    အချင်းချင်း တွဲနေကျဖြစ်တဲ့ သူငယ်ချင်းတွေကို အမျိုးမျိုးသော နည်းစနစ်တွေနဲ့  ပြောင်းလဲဖွဲ့စည်းပေးရပါတယ်။ ဘယ်သူနဲ့ပဲဖြစ်ဖြစ်      အလုပ်အတူတူလုပ်တတ် အောင်၊ စာအတူတူလုပ်တတ်အောင် လေ့ကျင့်ပေးရ ပါတယ်။ အချင်းချင်းပူးပေါင်းပြီး အဖြေရှာတတ်ဖို့၊ စိတ်ရှည်သည်းခံပြီး   လုပ်ဆောင်တတ်လာစေဖို့ သင်ကြားပေးတာပဲ     ဖြစ်ပါတယ်။    အချင်းချင်း ရိုင်းပင်းကူညီမှု၊ အပြန်အလှန်   ယုံကြည်မှုရှိစွာနဲ့ ပေါင်းသင်းဆက်ဆံတတ်ဖို့ကိုပါ    တစ်ပါတည်း သင်ယူလာနိုင်ပြီး   သင်ခန်းစာရဲ့    ဦးတည်ချက်ကို ပေါက်မြောက်အောင်မြင်စေမှာ         ဖြစ်ပါတယ်။  ပူးပေါင်းဆောင်ရွက်ခြင်းရဲ့  အကျိုးကျေးဇူးတွေကို ကျောင်းသား   ကျောင်းသူများကိုယ်တိုင်    ခံစား နားလည်လာကြဖို့ ရည်ရွယ်ရင်းဖြစ်ပါတယ်။

 


ပူးပေါင်းဆောင်ရွက်တတ်တဲ့ အလေ့အထတွေ ရှိလာပြီဆိုရင် မိမိတို့ အိမ်၊  မိမိတို့ မိသားစု လုပ်ငန်း တွေမှာ ဝိုင်းဝန်းလုပ်ဆောင်တတ်တဲ့  အလေ့အထ လေးတွေ   ရရှိလာမှာဖြစ်ပါတယ်။   ပတ်ဝန်းကျင်နဲ့ ဆက်ဆံရာမှာလည်း   အဆင်ပြေချောမွေ့လာပြီး သာယာလှပတဲ့ ပတ်ဝန်းကျင်ကောင်းတစ်ခုကို သူတို့  ကိုယ်တိုင် ဖန်တီးလာနိုင်ကြမယ်လို့ ယုံကြည်လာ တဲ့အထိ သင်ကြားပေးကြရမှာ ဖြစ်ပါတယ်။

 


ဆက်သွယ်ပြောဆိုခြင်း


အခု   သင်ရိုးသစ်ပညာရေးမှာ   ကျောင်းသား ကျောင်းသူတစ်ဦးချင်း အဖြေရှာရတဲ့ မေးခွန်းတွေကို သာ မဟုတ်ဘဲ တိုင်ပင်နှီးနှောမှသာ အဖြေထွက်နိုင် မယ့်   သင်ခန်းစာတွေကို   စီစဉ်ပေးထားပါတယ်။ တစ်ဦးနဲ့တစ်ဦး ဆက်သွယ်ပြောဆိုခြင်းဟာလည်း ကျွမ်းကျင်မှုတစ်ခုဖြစ်သလို   အရည်အချင်းတစ်ခု ဖြစ်တယ်ဆိုတာ သိနားလည်လာစေဖို့ ရည်ရွယ်ထား ပါတယ်။  အချင်းချင်း    ဆက်သွယ်ပြောဆိုရာမှာ ဘာသာစကားကျွမ်းကျင်မှုကလည်း   အရေးကြီး ပါတယ်။  သူတစ်ပါး  နားလည်လက်ခံလာအောင် ပြောဆိုတတ်စေဖို့အတွက် လေ့ကျင့်သင်ကြားပေးကြရမှာဖြစ်ပါတယ်။   ကျား/မ၊    အဆင့်အတန်း မခွဲခြားဘဲ ပြောဆိုဆက်ဆံတတ်စေဖို့နဲ့ အချင်းချင်း လေးစားမှုရှိစေဖို့ သင်ကြားပေးကြရမှာဖြစ်ပါတယ်။

 


တစ်ဦးနဲ့တစ်ဦးဆက်ဆံရာမှာ    အချင်းချင်း နားလည်မှုရှိဖို့ လိုအပ်သလို မိမိပြောတဲ့စကားကို တစ်ပါးသူလက်ခံလာအောင် ပြောဆိုနိုင်ရုံသာမက သူတစ်ပါးရဲ့   စကားကိုလည်း  လေးလေးစားစား နားထောင်တတ်အောင်    လေ့ကျင့်သင်ကြားပေးရ မှာပါ။ တစ်ဦးနဲ့တစ်ဦး ရင်းနှီးခင်မင်မှု  ပိုမိုရရှိလာပြီး ပေါင်းသင်းဆက်ဆံရေး       ကောင်းမွန်သူတွေနဲ့ သာယာလှပတဲ့ လူ့အဖွဲ့အစည်းတစ်ခုကို သူတို့ကိုယ် တိုင် ဖန်တီးလာနိုင်ကြမယ်လို့  မျှော်လင့်မိပါတယ်။ သူတို့လေးတွေရဲ့ဘဝမှာ  အစစအရာရာ   အဆင် ပြေပြေနဲ့ ဘဝအခက်အခဲတွေကို ကျော်လွှားနိုင်မယ် လို့ ယုံကြည်မိပါတယ်။ ။

 


တီထွင်ဖန်တီးခြင်း


ကလေးတွေမှာ ဆန်းသစ်တဲ့ တီထွင်ဖန်တီးလို စိတ်ရှိကြပါတယ်။ သူတို့ရဲ့  ဖန်တီးလိုစိတ်ကို   ဆရာ ဆရာမတွေက အားပေး အသိအမှတ်ပြုပေးကြရမှာ ဖြစ်ပါတယ်။ ကလေးတစ်ဦးချင်းစီရဲ့   ဖန်တီးမှုကို အကောင်းမြင်ပြီး ချီးမွမ်းစကား ပြောကြားပေးရမှာ ဖြစ်ပါတယ်။ လုပ်ရိုးလုပ်စဉ်ကနေ  ခွဲထွက်လာတဲ့ အတွေးအခေါ်၊   အယူအဆ   စတဲ့အရာတွေဟာ ဖန်တီးမှုတွေပါပဲ။ ဝါကျဖွဲ့ရာမှာ မတူညီတဲ့ သဘော ထားအမြင်လေးတွေကို တွေ့ကြရမှာပါ။ ကိုယ်တိုင် စာစီကုံးစေရာမှာလည်း သူတို့ရဲ့ခံစားချက်နဲ့ ဖန်တီး မှုတွေကို      တွေ့နိုင်ပါတယ်။    သင်္ချာဉာဏ်စမ်း တွက်ချက်ရာမှာလည်း  မတူတဲ့  တွက်နည်းတွေနဲ့ တီထွင်ဖန်တီးလာကြတာကို လက်ခံစစ်ဆေးပေးရ မှာ ဖြစ်ပါတယ်။ 

 


ကျောင်းသား ကျောင်းသူတွေကို   အုပ်စုလိုက် ဖွဲ့ပြီး   ပန်းချီကားတစ်ချပ်စီ   ဖန်တီးစေရာမှာလည်း တီထွင်ဖန်တီးမှုအနေနဲ့ အရောင်ခြယ်ရာမှာ၊ ဒီဇိုင်း ရေးဆွဲရာမှာ အသစ်အသစ်တွေ ထွက်ပေါ်လာတာကို တွေ့ရမှာဖြစ်ပါတယ်။   ဆရာ   ဆရာမတွေအနေနဲ့ တီထွင်ဖန်တီးမှုကို လိုလိုလားလား လက်ခံပေးမယ်၊ ချီးကျူးဂုဏ်ပြုပေးမယ်ဆိုရင် သူတို့ရဲ့ ဘာသာရပ် ဆိုင်ရာ စိတ်ပါဝင်စားမှုတွေဟာလည်း   မြင့်မား လာမှာဖြစ်ပါတယ်။ တီထွင်ဖန်တီးတဲ့ အလေ့အထ ကို စာသင်ခန်းများကအစပြု မွေးမြူပေးခြင်းအားဖြင့် နောင်အနာဂတ်မှာ ဆန်းသစ်တီထွင်နိုင်တဲ့ ပညာရှင် များ ပေါ်ပေါက်လာစေဖို့ ရည်ရွယ်သင်ကြားပေးနေခြင်းပဲဖြစ်ပါတယ်။ 

 


လေးနက်စွာ ဆန်းစစ်ဝေဖန်ခြင်း


သင်ရိုးသစ်ပညာရေးစနစ်မှာ    ကလေးတွေကို လေးနက်စွာ ဆန်းစစ်ဝေဖန်တတ်ဖို့လည်း သင်ကြား ပေးရပါတယ်။ အမှားနဲ့ အမှန်   ခွဲခြားတတ်ဖို့၊ ဘာ့ ကြောင့် မှားတယ်၊ ဘာ့ကြောင့်   မှန်တယ်ဆိုတဲ့ အကြောင်းပြချက်ပေးတတ်ဖို့လည်း     လေ့ကျင့် သင်ကြားပေးရမှာပါ။ မိမိရဲ့ ဆုံးဖြတ်ချက်အပေါ် ယုံကြည်မှုရှိဖို့၊ စိတ်ဓာတ်ကြံ့ခိုင်သူတွေဖြစ်လာစေဖို့ လေ့ကျင်ပေးရမှာပါ။ ကလေးတွေကို အုပ်စုလိုက် ပူးပေါင်းအဖြေရှာစေပြီး   မိမိတို့ရဲ့  ရလဒ်အပေါ် ယုံကြည်မှုရှိစေဖို့ကိုလည်း သင်ကြားပေးရမှာ ဖြစ်ပါ တယ်။

 


ဆရာ ဆရာမတွေအနေနဲ့ တပည့်တို့ရဲ့ လေ့လာ ဆန်းစစ်ချက်နဲ့    ရရှိလာတဲ့    အဖြေအပေါ်မှာ ကောင်းမွန်စွာလက်ခံပြီး     အကျိုးအကြောင်း ဆီလျော်စွာ  ရှင်းလင်းချက်ပေးရမှာ  ဖြစ်ပါတယ်။ ကလေးတွေရဲ့ အတွေးအမြင်ကို သိရှိလာရပြီဆိုရင် အမှားအမှန်ခွဲခြားသိဖို့၊ အမှားကိုပစ်ပယ်ပြီး အမှန် ကို လက်ခံတတ်စေဖို့ ကရုဏာစိတ်ထားနဲ့ ရှင်းလင်း သင်ကြားပေးရမှာ ဖြစ်ပါတယ်။ ကလေးတို့အတွက် စာသင်ခန်းမှာ လေ့လာဆည်းပူးရတဲ့ သင်ခန်းစာ တွေဟာ ဘဝမှာ အမှတ်အသားပြုစရာ၊ ပျော်ရွှင်စရာ ဖြစ်လာစေပြီး   ကျောင်းနေပျော်တဲ့    ကလေးတွေ ဖြစ်လာတဲ့အထိ ရည်ရွယ်သင်ကြားပေးရမှာ   ဖြစ် ပါတယ်။

 


နိုင်ငံသားကောင်း စိတ်ဓာတ်


သင်ရိုးသစ်ပညာရေးမှာ  ဆရာ   ဆရာမတို့ အတွက်    အရေးအကြီးဆုံး  သင်ကြားပေးရမယ့် ကျွမ်းကျင်မှုတစ်ခုကတော့      နိုင်ငံသားကောင်း စိတ်ဓာတ်ကို     မွေးမြူပေးရမှာပဲ     ဖြစ်ပါတယ်။  

 


နိုင်ငံသားကောင်းတစ်ယောက်မှာ         ရှိရမယ့် စိတ်ဓာတ်နဲ့   အရည်အချင်းတွေကိုလည်း    အခါ အားလျော်စွာ     ပြောကြားပေးရမှာ    ဖြစ်ပါတယ်။ ကျောင်းသား             ကျောင်းသူတစ်ဦးချင်းစီမှာ ကောင်းမွန်တဲ့   အလေ့အထလေးတွေ  တစ်ခုစီရှိကြ ပါတယ်။ အလေ့အထကောင်းတွေကို     ချီးကျူးပေး တာဟာ စာသင်ခန်းအတွင်းရှိ တခြားသော ကလေး ငယ်တွေကိုပါ လိမ္မာယဉ်ကျေးလာစေမှာ ဖြစ်ပါ တယ်။

 


နိုင်ငံသားကောင်းတစ်ယောက်ဖြစ်ဖို့ စိတ်ဓာတ် ကောင်းလေးတွေ ရှိရမှာဖြစ်ပါတယ်။ ကိုယ်ကျင့် တရားကောင်းဖို့ အခြေခံလိုအပ်ချက်လေးတွေကို ဆွေးနွေးသင်ကြားပေးရမှာ ဖြစ်ပါတယ်။ ယဉ်ကျေး လိမ္မာတဲ့  တပည့်လေးတွေဖြစ်လာစေဖို့ ကျောင်းမှာ ယဉ်ကျေးတာ၊   လမ်းမှာ  ယဉ်ကျေးတာ၊   အိမ်မှာ ယဉ်ကျေးတာ စတဲ့ပြောဆိုနေထိုင်ပြုမူရာမှာ လိမ္မာ ယဉ်ကျေးမှုရှိစေဖို့ အခါအခွင့်သင့်တိုင်း သင်ကြား ပေးရမှာပဲ ဖြစ်ပါတယ်။ စကားပြောဆိုရာမှာ   ချိုသာ ယဉ်ကျေးစွာ ပြောဆိုတတ်စေဖို့နဲ့ မြန်မာ့ယဉ်ကျေးမှု နဲ့အညီ        ဝတ်စားဆင်ယင်တတ်စေဖို့ကိုလည်း သင်ကြားပြသပေးရမှာဖြစ်ပါတယ်။

 


နိုင်ငံသားကောင်းတစ်ဦးမှာ ရှိရမယ့် မြင့်မြတ်တဲ့ စိတ်နေစိတ်ထားတွေ ရှိလာစေဖို့ ပြုစုပျိုးထောင် ပေးရမှာပါ။  နိုင်ငံချစ်စိတ်၊  မျိုးချစ်စိတ်တွေရှိလာ အောင် နိုင်ငံ့ခေါင်းဆောင်ကြီးတွေ၊ အာဇာနည်ပုဂ္ဂိုလ် ကြီးတွေရဲ့ အတ္ထုပ္ပတ္တိတွေကို  အခါအားလျော်စွာ ဆွေးနွေးပြောကြားပေးတာဟာ အားကျဂုဏ်ယူစိတ် ဖြစ်ပေါ်လာစေမှာ ဖြစ်ပါတယ်။ အမိမြန်မာနိုင်ငံရဲ့ ရေမြေတောတောင်   သဘာဝအလှအပတွေကို ချစ်မြတ်နိုးတတ်စေဖို့ တိုင်းဒေသကြီးနဲ့    ပြည်နယ် အသီးသီးမှာရှိတဲ့ အထင်ကရနေရာတွေကို သင်ကြား ပို့ချပေးမှုနဲ့        ပြုစုပျိုးထောင်ပေးရမှာ   ဖြစ်ပါ  တယ်။

 


နိုင်ငံတော်သီချင်း   သီဆိုတာကစလို့ လေးလေး နက်နက် အဓိပ္ပာယ်ပါပါ သီဆိုတတ်စေဖို့၊ နိုင်ငံတော် အလံ အလေးပြုရာမှာလည်း စနစ်တကျ အလေးပြု တတ်စေဖို့ သင်ကြားပေးကြရမှာပါ။ လွတ်လပ်ရေး ကို  တန်ဖိုးထားပြီး   လွတ်လပ်ရေးကို   ထိန်းသိမ်း ကာကွယ်စောင့်ရှောက်ရမယ့် တာဝန်ဟာ နိုင်ငံသား တိုင်းမှာ ရှိတယ်ဆိုတာကို စာသင်ခန်းတွေက အစပြု လို့ သိမှတ်နားလည်စေရမှာ ဖြစ်ပါတယ်။

 


ရိုးသားကြိုးစားတဲ့ မြန်မာတို့ရဲ့ စိတ်ဓာတ်ကို ထိန်းသိမ်းဖို့၊ လိုက်နာဖို့ကိုလည်း တိုက်တွန်းပြော ကြားပေးရမှာပါ။ ပညာကို တန်ဖိုးထားတတ်သော သားကောင်း၊ သမီးကောင်းလေးများ ဖြစ်လာကြစေ ဖို့ အသိပညာ၊  အတတ်ပညာတို့ရဲ့  တန်ဖိုးကို သိရှိ နားလည်အောင် သင်ကြားပေးကြရမှာ ဖြစ်ပါတယ်။

 


ကျောင်းနေပျော်ပြီး   စာတော်သော


ကျောင်းသား ကျောင်းသူတွေရဲ့ အနာဂတ်ဘဝ သာယာလှပစေဖို့       ငယ်ရွယ်စဉ်ကတည်းက ထိန်းကျောင်းပြုပြင်ပေးရသူဟာ ဆရာ ဆရာမတို့ပဲ ဖြစ်ပါတယ်။ ဆရာနဲ့  တပည့်အကြား   အချင်းချင်း နားလည်မှု၊   ယုံကြည်မှုတွေ    ခိုင်မြဲနေမှသာ  ကျောင်းနေပျော်ပြီး   စာတော်တဲ့ ကလေးတွေကို မွေးထုတ်ပေးနိုင်မှာ ဖြစ်ပါတယ်။

 


နိုင်ငံတော်က   ချမှတ်ထားတဲ့    “မျက်မှောက် ကာလဖြစ်သော ပညာခေတ်ကို စိန်ခေါ်နိုင်သည့် အစဉ်လေ့လာ      သင်ယူနေသော    လူ့ဘောင်အဖွဲ့ အစည်းကို ဖန်တီးပေးနိုင်သော  ပညာရေးစနစ်တစ်ခု ဖြစ်ထွန်းလာစေရန်”ဆိုတဲ့     မြန်မာ့ပညာရေး မျှော်မှန်းချက်ကို အကောင်အထည်ဖော်နိုင်ဖို့ သင်ရိုး သစ် ပညာရေးနဲ့အတူ ဆရာနဲ့ ကျောင်းသား၊ မိဘနဲ့ ဆရာ အတူတကွ လက်တွဲညီညီ လျှောက်လှမ်းကြ ပါစို့လို့ အကြံပြုတင်ပြလိုက်ရပါတယ်။     ။