မြန်မာ့ပင်လယ်ပြင်အတွင်း ရေဝင်နစ်မြုပ်ခဲ့သည့် ငါးဖမ်းလှေပေါ်မှ လှေလုပ်သားများအား ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်

 

နေပြည်တော်  မေ  ၂၂


တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ် အတွင်းရှိ  မြန်မာ့ပင်လယ်ပြင်အတွင်း  လုံခြုံရေးဆောင်ရွက်နေသော တပ်ဖွဲ့ဝင် များသည် မေ ၂၁ ရက် ညနေ ၄ နာရီ မိနစ် ၂၀ ခန့်တွင်  မြိတ်မြို့၏  အနောက် တောင်ဘက် ရေမိုင် ၂၀ ဒသမ ၅ မိုင် ခန့်အကွာ၌ ရေဝင်နစ်မြုပ်ခဲ့သည့် ရွှေရစံ အမည်ရှိ   ငါးဖမ်းလှေပေါ်မှ   လှေလုပ်  သား ငါးဦးကို ကယ်ဆယ်ထားသည့် အောင်ပြည့်စုံ -၂၇ အမည်ရှိ  ငါးဖမ်း လှေထံမှ မိမိရေယာဉ်ပေါ်သို့   လွှဲပြောင်း တင်ဆောင်ခဲ့သည်။

 


အဆိုပါ   လှေလုပ်သားများအား   လိုအပ်သော  ကျန်းမာရေးစောင့်ရှောက်မှု များ ဆောင်ရွက်ပေး ၍   အဝတ်အထည်နှင့် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေး ပြီး   သက်ဆိုင်ရာသို့  လွှဲပြောင်းအပ်နှံ နိုင်ရေးလိုအပ်သည်များ    ဆက်လက်   ဆောင်ရွက်လျက်ရှိကြောင်း   သိရသည်။

                                    
သတင်းစဉ်