မြန်မာနှင့်သီရိလင်္ကာ နှစ်နိုင်ငံအကြား သာသနာရေးနှင့်ယဉ်ကျေးမှုဆိုင်ရာကိစ္စရပ်များ ဆက်လက်ပူးပေါင်းဆောင်ရွက်ရန်ဆွေးနွေး

 

နေပြည်တော်  မတ်  ၁


သာသနာရေးနှင့်   ယဉ်ကျေးမှု ဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်သည်   မြန်မာနိုင်ငံဆိုင်ရာသီရိလင်္ကာနိုင်ငံသံအမတ် ကြီး H.E. Mr. J.M.J.P. Bandara အား  ယနေ့နံနက် ၁၁ နာရီတွင် နေပြည်တော်ရှိ   အဆိုပါဝန်ကြီး ဌာန    ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။


တွေ့ဆုံပွဲသို့   သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန   ဒုတိယ ဝန်ကြီး ဦးအေးထွန်း၊ အမြဲတမ်း အတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ် များ၊ ဒုတိယအမြဲတမ်းအတွင်းဝန် များနှင့်  တာဝန်ရှိသူများ    တက် ရောက်ကြသည်။


တွေ့ဆုံစဉ် သီရိလင်္ကာနိုင်ငံ နှင့် မြန်မာနိုင်ငံတို့သည် ထေရဝါဒ ဗုဒ္ဓသာသနာတော်ကို   ကိုးကွယ် သည့်နိုင်ငံများ  ဖြစ်သည့်အတွက် ရှေးနှစ်ပေါင်း    များစွာကပင်  ချစ်ခင်ရင်းနှီးခဲ့မှု၊     သီရိလင်္ကာ နိုင်ငံရှိ ဘုန်းတော်ကြီးများအား မြန်မာနိုင်ငံသို့      ဗုဒ္ဓစာပေများ လာရောက်သင်ကြားပါက အပြည် ပြည်ဆိုင်ရာ        ထေရဝါဒဗုဒ္ဓ သာသနာပြုတက္ကသိုလ်မှ  အခမဲ့ သင်ကြားပေးနေမှု၊ မြန်မာနိုင်ငံမှ သီရိလင်္ကာနိုင်ငံသို့  သွားရောက် ပညာသင်ကြားနေသော သံဃာတော် များအတွက်လည်း    အဆင်ပြေ ရေးဆောင်ရွက်ပေးရန်  လိုအပ်မှု၊ သီရိလင်္ကာနိုင်ငံမှ ရွှေကျင်နိကာယ၊ ရာမညနိကာယ၊           အမရပူရ နိကာယ၊   စိရမ်နိကာယ  စသည့် နိကာယ(၄)ရပ်စလုံးမှ ထေရ်ကြီး ဝါကြီး   ဆရာတော်ကြီးများအား သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ် တော်များကို ဆက်ကပ်လျက်ရှိရာ ယခုနှစ်တွင်လည်း  ဆက်ကပ်ရန် စီစဉ်ထားရှိမှု၊   မြန်မာနှင့်   သီရိ လင်္ကာနှစ်နိုင်ငံ   သာသနာရေး ဆိုင်ရာဆက်သွယ်မှု၊       အပြန် အလှန်အလေးထားမှု၊    ကန္ဒီမြို့ တွင်    ဗုဒ္ဓတက္ကသိုလ်တည်ထောင် ခဲ့မှု၊ ယခုနှစ်တွင် ကျင်းပမည့် ကန္ဒီ မြို့ရှိ ဗုဒ္ဓစွယ်တော်  လှည့်လည် ပူဇော်ပွဲသို့           လာရောက်ရန် ဖိတ်ကြားမှု၊           နှစ်နိုင်ငံအကြား သာသနာရေးနှင့်     ယဉ်ကျေးမှု ဆိုင်ရာ  ကိစ္စရပ်များ ဆက်လက် ပူးပေါင်း   ဆောင်ရွက်ရန်တို့ကို နှစ်ဦးနှစ်ဖက် ရင်းနှီးပွင့်လင်းစွာ အမြင်ချင်း   ဖလှယ်ဆွေးနွေးကြ သည်။


တွေ့ဆုံပွဲ        အပြီးတွင် ပြည်ထောင်စု        ဝန်ကြီးက မြန်မာနိုင်ငံဆိုင်ရာ   သီရိလင်္ကာ နိုင်ငံ သံအမတ်ကြီးအား အမှတ် တရ   လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။ 


သတင်းစဉ်