
နေပြည်တော် မတ် ၁၁
ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်သည် ယနေ့ နံနက်ပိုင်းတွင် ဝန်ကြီးဌာန ကျောက်စိမ်းခန်းမ၌ ဗီဒီယို ကွန်ဖရင့်ဖြင့် ကျင်းပသော အာဆီယံခရီးသွားလုပ်ငန်း စံနှုန်း များဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲသို့ တက်ရောက်သည်။
အွန်လိုင်းမှ တက်ရောက်
ဆွေးနွေးပွဲသို့ ဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ ညွှန် ကြားရေးမှူးများနှင့် အရာထမ်း/ အမှုထမ်းများ တက်ရောက်ပြီး ဆက်စပ်ဝန်ကြီး ဌာနများမှ ကိုယ်စားလှယ်များ၊ နေပြည်တော် ဟိုတယ်ဇုန်မှ ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ရုံးခွဲ များမှ အရာထမ်း/ အမှုထမ်းများ နှင့် ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း ရှင်များ၊ ခရီးလှည့်လည်ရေး လုပ်ငန်း လုပ်ကိုင်ဆောင်ရွက်နေ သူများက အွန်လိုင်းမှ ပါဝင် တက်ရောက်ကြသည်။
မဟာဗျူဟာအစီအစဉ်များ ရေးဆွဲ
ဆွေးနွေးပွဲတွင် ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဌေးအောင်က အာဆီယံခရီးသွားလုပ်ငန်း မဟာ ဗျူဟာစီမံကိန်း (၂၀၁၆-၂၀၂၅) ASEAN Tourism Strategic Plan (ATSP 2016-2025) ၏ အန္တိမ မျှော်မှန်းချက်ဖြစ်သည့် “၂၀၂၅ ခုနှစ်တွင် အာဆီယံဒေသအား တစ်မူထူးခြားကွဲပြားသော အတွေ့ အကြုံများကို ပေးစွမ်းနိုင်သည့် အရည်အသွေးမြင့် ပေါင်းစည်း ထားသော ခရီးစဉ်ဒေသတစ်ခု ဖြစ်စေရေးနှင့် အာဆီယံဒေသ တွင်း ပြည်သူများ၏ လူမှုစီးပွား ကို အထောက်အကူပြုစေမည့် တာဝန်ယူမှုရှိပြီး ရေရှည်တည်တံ့ ခိုင်မြဲသောဟန်ချက်ညီ ဖွံ့ဖြိုး တိုးတက်သည့် ခရီးသွားလုပ်ငန်း ဖြစ်စေရေး” အတွက် မဟာဗျူဟာ အစီအစဉ်များကို ချမှတ်ရေးဆွဲ အကောင်အထည်ဖော်လျက် ရှိ ကြောင်း၊ ၂၀၂၁ ခုနှစ်တွင် ပြုလုပ် ခဲ့သည့် လေ့လာသုံးသပ်မှုများအရ မဟာဗျူဟာလုပ်ငန်းစဉ် ၆၉ ခု ကို အဖွဲ့ဝင်နိုင်ငံများနှင့် ပူးပေါင်း ဆောင်ရွက်လျက် ရှိကြောင်း၊ ကိုဗစ်-၁၉ မတိုင်မီ အာဆီယံ ဒေသတွင်း ခရီးသွားလုပ်ငန်းများ နှစ်စဉ် တိုးတက်လျက်ရှိသည့် နည်းတူ မြန်မာနိုင်ငံအနေဖြင့် လည်း ၂၀၁၁ ခုနှစ်မှစ၍ ခရီးသွား လုပ်ငန်းများ ဖွံဖြိုးတိုးတက်ခဲ့ ကြောင်း၊ အာဆီယံခရီးသွား လုပ်ငန်းစံနှုန်း ရှစ်ခုနှင့် အာဆီယံ ခရီးသွားလုပ်ငန်း ကျွမ်းကျင်ပညာ ရှင်များ အပြန်အလှန်အသိအမှတ် ပြုရေးအစီအစဉ် (ASEAN MRA-TP) သည် အာဆီယံခရီးသွား လုပ်ငန်းများ အရည်အသွေး တိုးတက် ကောင်းမွန်စေရေးကို များစွာအထောက်အကူပြုကြောင်း။
မြန်မာနိုင်ငံရှိ အဓိကခရီးစဉ် ဒေသများတွင်၂၀၁၆ ခုနှစ်မှ စတင် ၍ အာဆီယံခရီးသွားလုပ်ငန်း စံနှုန်းများဆိုင်ရာ အသိပညာပေး ဆွေးနွေးမှုများ (၁၀) ကြိမ် ဆောင် ရွက်ခဲ့ကြောင်း၊ ၂၀၀၈ ခုနှစ်မှစ၍ သတ်မှတ်ထားသည့် စံနှုန်းများနှင့် ကိုက်ညီမှုရှိသော ဟိုတယ်များ၊ ခရီးစဉ်ဒေသများနှင့် အစည်း အဝေးခန်းမများဆိုင်ရာ အာဆီယံ ခရီးသွားလုပ်ငန်းစံနှုန်းဆု ၉၉ ခု ကို မြန်မာနိုင်ငံမှ ရရှိထားခဲ့ ကြောင်း၊ ဟိုတယ်များနှင့် ခရီး သွားလုပ်ငန်းရှင်များ အနေဖြင့် ခရီးသွားလုပ်ငန်း ပြန်လည်စတင် နိုင်ရေးအတွက် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဗဟိုကော်မတီနှင့် ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များအပြင် အာဆီ ယံ ခရီးသွားလုပ်ငန်း စံနှုန်းများကို လည်း လိုက်နာအကောင်အထည် ဖော်ခြင်းဖြင့် ဘေးကင်းလုံခြုံပြီး ဝန်ဆောင်မှု ကောင်းမွန်သော ခရီးသွားလုပ်ငန်းများဖြစ်လာစေသဖြင့် မြန်မာနိုင်ငံတွင် တာဝန်ယူ မှု ရှိပြီး ရေရှည်တည်တံ့ခိုင်မြဲသော ခရီးသွားလုပ်ငန်း ပေါ်ထွန်းလာစေ ရေးအတွက် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရန် လိုအပ်ကြောင်း ပြောကြားသည်။
ဆွေးနွေးပို့ချ
ဆက်လက်၍ ဘာသာရပ် တာဝန်ခံများက အာဆီယံခရီး သွားလုပ်ငန်း မဟာဗျူဟာအစီ အစဉ် (၂၀၁၆-၂၀၂၅) နှင့် ခရီးသွား လုပ်ငန်းအကောင်အထည် ဖော် ဆောင်ရွက်နေမှုများအကြောင်း၊ အများပြည်သူပါဝင်မှုဖြင့် ရေရှည် တည်တံ့ခိုင်မြဲသော ခရီးသွား လုပ်ငန်းဆိုင်ရာစံနှုန်းများ၊ အာဆီ ယံ အများပြည်သူသုံး သန့်စင်ခန်း စံနှုန်းများ၊ အာဆီယံရပ်ရွာလူထု အခြေပြု ခရီးသွားလုပ်ငန်းစံနှုန်း များ၊ ရပ်ရွာလူထုအခြေပြု ခရီး သွားလုပ်ငန်း ဖော်ဆောင်ခြင်း အတွေ့အကြုံများနှင့် အာဆီယံ ခရီးသွားလုပ်ငန်း ကျွမ်းကျင်ပညာ ရှင်များ အပြန်အလှန်အသိအမှတ် ပြုရေးအစီအစဉ် (MRA-TP) အကောင်အထည် ဖော်ဆောင်မှု များကို ဆွေးနွေးပို့ချခဲ့ကြသည်။
အဆိုပါ အသိပညာပေး ဆွေးနွေးပွဲကို မတ် ၁၂ ရက်တွင် ဆက်လက်ကျင်းပသွားမည်ဖြစ် ကြောင်း သိရသည်။
ဆက်လက်၍ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဌေးအောင်သည် ယနေ့ မွန်းလွဲပိုင်းတွင် မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်း ၏ ၂၀၂၁-၂၀၂၃ ခုနှစ် သက်တမ်း အတွက် ရွေးချယ်ခြင်းခံရသည့် အလုပ်အမှုဆောင် ကော်မတီဝင် များကို ဗီဒီယိုကွန်ဖရင့်ဖြင့် တွေ့ဆုံသည်။
ကြိုတင်ပြင်ဆင်ဆောင်ရွက်
တွေ့ဆုံစဉ် ပြည်ထောင်စု ဝန်ကြီးက မြန်မာနိုင်ငံခရီးသွား လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး အတွက် ပူးပေါင်းဆောင်ရွက်ကြ ရေး၊ ပြည်ပခရီးသွားဧည့်သည် များ လာရောက်သည့်အချိန်တွင် အဆင်သင့်ဖြစ်စေရေး ကြိုတင် ပြင်ဆင် ဆောင်ရွက်သွားကြရန် နှင့် မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး အတူ တကွ ပူးပေါင်းပါဝင်ဆောင်ရွက် ပေးရန် ပြောကြားခဲ့ပြီး မြန်မာ နိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ် ဥက္ကဋ္ဌနှင့် အလုပ်အမှုဆောင် အဖွဲ့ဝင်အသစ်များက မိတ်ဆက် စကား ပြောကြားခဲ့ကြောင်း သိရ သည်။
သတင်းစဉ်