မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံနေသည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများ ပြန်လည်ဝင်ရောက်နိုင်ရေး ကူညီဆောင်ရွက်ပေးလျက်ရှိ

 

နေပြည်တော်   ဖေဖော်ဝါရီ   ၃ 


ကမ္ဘာတစ်ဝန်း    ဖြစ်ပွားလျက်ရှိသော    ကိုဗစ်-၁၉ ကူးစက်ရောဂါ အခြေအနေကြောင့် မြန်မာနိုင်ငံတွင်  ရင်းနှီးမြှုပ်နှံမှုများ လာရောက်လုပ်ကိုင်လျက်ရှိသော နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများအနေဖြင့်    လုပ်ငန်း များခေတ္တရပ်ဆိုင်း၍      ၂၀၂၀    ပြည့်နှစ်အတွင်း သက်ဆိုင်ရာ နိုင်ငံများသို့ ခေတ္တပြန်လည်ထွက်ခွာ သွားခဲ့ကြသည်။ 

 


ယခုအချိန်တွင်    မြန်မာနိုင်ငံတွင်     ကိုဗစ်-၁၉  ကူးစက်ရောဂါပြန့်ပွားမှုကို အတိုင်းအတာ တစ်ခုအထိ  ထိန်းချုပ်နိုင်ပြီဖြစ်ခြင်းနှင့် စက်ရုံ၊ အလုပ်ရုံများ ပုံမှန် လည်ပတ်နိုင်သည့် အခြေအနေများ ရှိလာပြီဖြစ်ခြင်း တို့ကြောင့် အဆိုပါလုပ်ငန်းရှင်များအနေဖြင့် မြန်မာ နိုင်ငံသို့     ပြန်လည်ဝင်ရောက်လာလျက်ရှိသည်။ ၂၀၂၁ ခုနှစ် မေလ မှ ၂၀၂၂ ခုနှစ် ဇန်နဝါရီလအထိ နိုင်ငံပေါင်း ၅၀ မှ နိုင်ငံခြားသား ၉၀၁၀ တို့သည် ကယ်ဆယ်ရေးလေယာဉ်၊   စင်းလုံးငှား   လေယာဉ် တို့ဖြင့်   ဝင်ရောက်လာခဲ့ပြီး   ၎င်းတို့၏   စီးပွားရေး လုပ်ငန်းများကို    ပြန်လည်ဆောင်ရွက်လျက်ရှိပြီး ဖြစ်သည်။ 

 


ယင်းသို့ ပြန်လည်ဝင်ရောက်လာသည့် နိုင်ငံခြား သားများ အဆင်ပြေချောမွေ့စွာ ပြန်လည်ဝင်ရောက် နိုင်ရေးအတွက် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာနသည်    နိုင်ငံခြားရေး ဝန်ကြီးဌာနနှင့်  လူဝင်မှုကြီးကြပ်ရေးနှင့်  ပြည်သူ့ အင်အားဝန်ကြီးဌာနတို့နှင့် ပေါင်းစပ်ညှိနှိုင်းပူးပေါင်း ဆောင်ရွက်ပေးလျက်ရှိပြီး ထပ်မံ၍ ဝင်ရောက်လာ မည့်   နိုင်ငံခြားသား   စီးပွားရေးလုပ်ငန်းရှင်များ  ချောမွေ့စွာ       ပြန်လည်ဝင်ရောက်နိုင်ရေးအတွက် သက်ဆိုင်ရာဌာနများက ကူညီဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။  


သတင်းစဉ်