
နေပြည်တော် ဇန်နဝါရီ ၂၁
မလေးရှားနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် စတုတ္ထ အကြိမ်မြောက် အာရှဒေသတွင်း ဝန်ကြီးများအဆင့် ကျားထိန်း သိမ်းရေးညီလာခံကို ယနေ့ မွန်းလွဲပိုင်းတွင် ဗီဒီယိုကွန်ဖရင့် ဖြင့် ကျင်းပရာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးခင်မောင်ရီနှင့် ကိုယ်စား လှယ်များ တက်ရောက်ကြ သည်။
ဦးစွာ အိမ်ရှင်မလေးရှားနိုင်ငံ စွမ်းအင်နှင့် သဘာဝသယံဇာတ ဝန်ကြီးနှင့် ကမ္ဘာ့ကျား ဖိုရမ်ဥက္ကဋ္ဌ ဘူတန်နိုင်ငံ စိုက်ပျိုးရေးနှင့် သစ်တောရေးရာ ဝန်ကြီးတို့က အဖွင့်အမှာစကားများ ပြောကြား ကြပြီး ကျားကျက်စားရာ နိုင်ငံ အသီးသီးမှ ဝန်ကြီးများက မိန့်ခွန်း များ ပြောကြားသည်။
ထို့နောက် ပြည်ထောင်စု ဝန်ကြီးက မိန့်ခွန်းပြောကြားရာ တွင် မြန်မာနိုင်ငံသည် သဘာဝ ကျားများ ပြန်လည်ကျက်စားနိုင် ရန် ကတိကဝတ်ထားရှိကြသော ကျားကျက်စားရာ နိုင်ငံများတွင် ပါဝင်ပြီး နိုင်ငံတွင်း ကျားရှိနိုင် သော နေရင်းဒေသများသည် ၄၉၀၀၀ စတုရန်းကီလိုမီတာ (နိုင်ငံ၏ ၇ရာခိုင်နှုန်း) ကျယ်ဝန်း၍ ကျားအများဆုံး ကျက်စားနိုင် သည့် နေရာဒေသကြီး လေးခုရှိ ကြောင်း၊ နိုင်ငံအဆင့် ဆောင်ရွက် လျက်ရှိသော အစီအစဉ်နှစ်ခုမှာ အမျိုးသားအဆင့် ကျားထိန်းသိမ်း ရေးလုပ်ငန်း စီမံချက်နှင့် တောရိုင်းတိရစ္ဆာန်များ အတွက် နေရင်းဒေသ ပြန်လည်တည် ထောင်ခြင်းလုပ်ငန်း အစီအစဉ်တို့ ဖြစ်ကြောင်း။
အမျိုးသားအဆင့် ကျားထိန်း သိမ်းရေးစီမံချက်ကို စိန့်ပီတာ စဘတ် ကြေညာချက်ဖြစ်သည့် “ကျားများနှစ်ဆတိုးပွား”(Tigers Times Two) ဟူသည့် ဆောင်ပုဒ် နှင့်အညီ ကမ္ဘာ့ကျားကောင်ရေ နှစ်ဆတိုးပွားစေရန် ရည်ရွယ်ချက် ဖြင့် အမျိုးသားအဆင့် ကျားထိန်း သိမ်းရေးစီမံချက်ကို ရေးဆွဲ အကောင်အထည်ဖော်ခဲ့ကြောင်း၊ တောရိုင်းတိရစ္ဆာန်များ အတွက် နေရင်းဒေသ ပြန်လည်တည် ထောင်ခြင်းလုပ်ငန်း အစီအစဉ် တွင် အဓိကလုပ်ငန်းကြီး နှစ်ရပ် ဖြစ်သည့် နေရင်းဒေသ ပြန်လည် ထိန်းသိမ်းခြင်းနှင့် ထိန်းသိမ်း ကာကွယ်ခြင်းအပေါ် အလေးထား ဆောင်ရွက်နိုင်ရန်နှင့် တောရိုင်း တိရစ္ဆာန်များ ကာကွယ်ထိန်းသိမ်း စောင့်ရှောက်ခြင်းကို မြှင့်တင်ဆောင်ရွက်နိုင်ရန်တို့ဖြစ်ကြောင်း။
ကင်မရာ ထောင်ချောက်ဖြင့် မှတ်တမ်းတင် လေ့လာမှုများအရ ကျားကောင်ရေအနေဖြင့် ၂၂ ကောင်မှ ၂၅ ကောင်အထိ တိုးလာ ကြောင်း၊ ကျားအစားခံ သတ္တဝါ များလည်း ပေါများမှုရှိလာ ကြောင်း၊ ကမ္ဘာ့ဘဏ်၏ လေ့လာ ခန့်မှန်းမှုများအရ မြန်မာနိုင်ငံတွင် ကျားကောင်ရေ ၃၅ ကောင်မှ အကောင် ၇၀ အထိ ရှိနိုင်ကြောင်း။
မြန်မာနိုင်ငံတွင် အရှေ့တောင် အာရှကျား ပြန်လည်တိုးပွားရေး လုပ်ငန်း စီမံချက်၏ အစိတ် အပိုင်းတစ်ခုအနေဖြင့် နိုင်ငံ၏ ကျားထိန်းသိမ်းရေး ဦးစားပေး လုပ်ငန်း လေးခုဖြင့် ဆောင်ရွက် လျက်ရှိကြောင်း၊ ယခုဝန်ကြီး အဆင့် ညီလာခံအစည်းအဝေး သည် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်စေရန်နှင့် နိုင်ငံအဆင့် ကျားထိန်းသိမ်းရေးတွင် နိုင်ငံ အဆင့် အကြီးအကဲများအကြား မူဝါဒရေးဆွဲမှုတွင် မြှင့်တင် ဆောင်ရွက်နိုင်ရန် တွန်းအား တစ်ရပ် ဖြစ်စေကြောင်းနှင့် ပူးပေါင်းဆောင်ရွက်မှုမှတစ်ဆင့် ဘုံရည်မှန်းချက် ပန်းတိုင်ဖြစ်သော သဘာဝတောနေ ကျားများ၊ ၎င်းတို့၏ နေရင်းဒေသနှင့် သက်ရှိ ဇီဝမျိုးစိတ်အားလုံးကို ထိန်းသိမ်း နိုင်မည့်အပေါ် ယုံကြည်ချက် ရှိပါ ကြောင်း ပြောကြားသည်။
ယင်းနောက် မလေးရှားနိုင်ငံ ဝန်ကြီးချုပ်က နိဂုံးချုပ်အမှာ စကား ပြောကြားပြီး ကျား ထိန်းသိမ်းရေးဆိုင်ရာ ကွာလာ လမ်ပူ ပူးတွဲထုတ်ပြန်ချက်၊ အရှေ့ တောင်အာရှ ဒေသတွင်း ကျား ပြန်လည် တိုးပွားရေးလုပ်ငန်း စီမံချက်နှင့် ဘဏ္ဍာရေးဆိုင်ရာ အရင်းအမြစ် ဆန်းစစ်ချက်များကို အတည်ပြုထုတ်ပြန်သည်။
ညီလာခံသို့ အိမ်ရှင်နိုင်ငံ အဖြစ် ကျင်းပသည့် မလေးရှား နိုင်ငံဝန်ကြီးချုပ် ဦးဆောင်၍ ကျား ကျက်စားရာနိုင်ငံ ၁၃ နိုင်ငံ ဖြစ်သည့် ဘင်္ဂလားဒေ့ရှ်၊ ဘူတန်၊ ကမ္ဘောဒီးယား၊ တရုတ်၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ မြန်မာ၊ နီပေါ၊ ရုရှား၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့မှ သက်ဆိုင်ရာ ဝန်ကြီးများနှင့် ကိုယ်စားလှယ်များ တက်ရောက်ကြကြောင်း သိရသည်။
သတင်းစဉ်