
ရန်ကုန် စက်တင်ဘာ ၂၃
မြန်မာနိုင်ငံ တိုင်းရင်းဆေးဆရာအသင်း(ရန်ကုန်တိုင်းဒေသကြီး)သင်္ကန်းကပ်လှူပွဲနှင့် သက်ကြီး သမားတော်ကြီးများအား ပူဇော် ကန်တော့ပွဲကို ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့ တောင်ဥက္ကလာပ မြို့နယ်ရှိ ဥက္ကလာပစေတီတော် မဟာမုနိဓမ္မာရုံ၌ ကျင်းပသည်။
အခမ်းအနားတွင် မြန်မာနိုင်ငံ တိုင်းရင်းဆေး ဆရာအသင်း ရန်ကုန်တိုင်းဒေသကြီးတာဝန်ခံ ဆရာကြီး ဦးခင်မောင်ဝင်း (ရွှေမန်းတောင်)က ပူဇော်ဂါရဝပြု ပွဲနှင့်စပ်လျဉ်း၍ အမှာစကား ပြောကြားသည်။
ထို့နောက် သက်ကြီးသမား တော်ကြီးများအား ပူဇော်ကန်တော့ ငွေများ ပေးအပ်လှူဒါန်း၍ ကန်တော့ချိုးဖြင့် ပူဇော်ကန်တော့ ကြရာ သက်ကြီးသမားတော် ကြီးများကိုယ်စား ဒေါက်တာ အောင်နိုင်က သြဝါဒစကား ပြန်လည်ပြောကြားသည်။
ထို့အတူ ရန်ကုန်တိုင်းဒေသ ကြီး ဗဟန်းမြို့နယ် ပါဠိတက္ကသိုလ် ညောင်တုန်းကျောင်းတိုက် စာချ အကျော် ဘဒ္ဒန္တနာရာဒါဘိဝံသ (လှရတနာ) သ-စ-အ ဓမ္မာစရိယ ဝဋံသကာ ပါဠိပါရဂူ ပထမကျော် ဆရာတော်ထံမှ ငါးပါးသီလခံယူ ဆောက်တည်ခြင်း၊ သံဃာတော် အရှင်သူမြတ်များထံမှ ပရိတ် တရားတော်များနာယူ ကြည်ညို၍ သင်္ကန်းနှင့် နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်းခြင်း၊ လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခြင်း၊ သံဃာတော် အရှင်သူမြတ်များအား နေ့ဆွမ်း ဆက်ကပ်လှူဒါန်းခြင်းတို့ ဆောင် ရွက်ကြောင်း သိရသည်။
ဌေးအောင်